* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 2, 2009

ရှေးကကောင်းလို့ ခုကောင်းပါသည်

တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို အသင့်တွေ့တာနဲ့ အရှင်ဘုရား...ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင် စွန့်ပါဘုရား လို့လျောက်ထားပါတယ်။

ဒီတော့ ကျောင်းထိုင်ဆရာတော်က မင်းမှာ ခြေထောက်လက်ထောက်အကောင်းကြီး ကိုယ်ဟာကိုလုပ်ကိုင်စားပါလား၊မပေးနိုင်ဘူး သွား..ဆင်းသွားစမ်းလို့ ငေါက်လွတ်ပါတယ်။

သူတောင်းစားက ချက်ချင်းမဆင်းသွားသေးဘဲ လက်အုပ်ကလေးချီပြီး တပည့်တော် အခုပဲဆင်းပါ့မယ်ဘုရား၊ မဆင်းခင် လင်္ကာလေးနဲ့ ကန်တော့ပါရစေ လို့ လျောက်ပါတယ်။ ဆရာတော်လည်း ဆွမ်းစားခါနီးဖြစ်လို့ မင်းကန်တော့မှာဖြင့် မြန်မြန်ကန်တော့ ပြီးရင် ဆင်းတော့လို့ ခပ်မာမာလေး ထပ်ပြောလိုက်ပါတယ်။

သူတောင်းစားက လည်း ဆောင့်ကြောင့်လေးထိုင် လက်အုပ်ကလေးချီပြီး-

ရှေးကကောင်းလို့ ခုကောင်းပါသည်၊
ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ ခုမကောင်းပါသည်။
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။ လို့ ဆိုပြီး ကန်တော့လိုက်ပါတယ်။

သူတောင်းစား ကန်တော့ပြီး ပြန်ဆင်းမယ်လည်းလုပ်ရော...ဟဲ့ ကိုရင်တို့ ...ပြင်ထားတဲ့ ဆွမ်းအုပ်ထဲက တစ်ယောက်စာ လုံလုံလောက်လောက် ထည့်ပေးလိုက်လို့ ပြောလိုက်ပါတယ်။ သူတောင်းစားလည်း စားစရာရသွားတော့ ပြုံးပြီး ကျောင်းပေါ်က ပြန်ဆင်းသွားပါသတဲ့။

သူတောင်းစား ဆိုခဲ့တဲ့ လင်္ကာလေးရဲ့ အခြေခံကို သေချာစဉ်းစားကြည့်တော့....

ရှေးက ကုသိုလ်ကောင်းမှုတွေ ပြုခဲ့လို့ အခုဘ၀ ကောင်းနေတယ်။ အခုဘ၀ ကုသိုလ်ကောင်းမှုတွေ ဆက်ပြုနေရင် နောင်ဘ၀လည်း ဆက်ကောင်းနေဦးမှာပဲ။ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောင်ဘ၀ မကောင်းဘဲ ဖြစ်နေလိမ့်မယ်။

နောက်...ရှေးက ကုသိုလ်တွေ မပြုခဲ့လို့ အခုဘ၀ မကောင်းဖြစ်တယ်။ အခုဘ၀ ကုသိုလ်ကောင်းမှုမပြုဘူးဆိုရင် နောင်ဘ၀လည်းဆက် မကောင်းဦးမှာပဲ။ရှေးက ကုသိုလ်တွေနည်းခဲ့ပေမဲ့ အခုဘ၀မှာ ကုသိုလ်ကောင်းမှုတွေ ထပ်ကာထပ်ကာပြုနေမယ် ဆိုရင် နောင်ဘ၀ ကောင်းမှာပဲ။

ဒီလိုပဲ စိတ်ထားဘက်က တွေးမယ်ဆိုရင်လည်း ဤကဲ့သို့ပဲ အဖြေရပါလိမ့်မယ်။ လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ်ကံနဲ့ ကိုယ်ပါ။ အလှချင်းသာ ပြိုင်လို့ရမယ်...ကံချင်းပြိုင်လို့ မရနိုင်ပါဘူး။

ကုသိုလ်ဆိုလို့ အလှူကြီးပေးနိုင်မှ ကုသိုလ်မဟုတ်ပါဘူး။ မနက်အိပ်ရာထ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ၀ိပဿနာလေးများပွား များပြီး ကုသိုလ်ယူကြရမှာဖြစ်ပါတယ်။ အဲနောက်မှ ငါးပါးသီလ ကိုနေ့စဉ် အထူးစောင့်ထိန်းပြီး ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့ကိုလည်း ၀တ်တစ်ခုလို စောင့်ထိန်းသွားမယ်။ ကိုယ်ရဲ့စိတ်ထားလေးကိုလည်း မြင့်မြတ် သထက်မြင့်မြတ်အောင် တည်ဆောက်သွားမယ်ဆိုရင်...မကြာခင် ကိုယ်မျှော်လင့်တဲ့ ကောင်းကျိုးတွေ ရောက်လာမှာပါ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP