* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 2, 2009

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်

လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ပြောကြ ဆိုကြရတာပါ၊ တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့် ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊
တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့် မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို ပေးတတ်ပြန်ပါတယ်။

ကကစူပမသုတ်မှာ ဘုရားရှင်ဟောပြတော်မူတာကတော့..
လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့၊

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်၊(လိုရင်တမျိုး မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်၊

လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့..

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီငါးမျိုးထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ
ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့..
ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲ စိတ်ကို ဘာမှမဖြစ်စေပါနဲ့၊

သူတို့ဘာပြောပြော ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့စကားကိုလဲ မပြောမိစေနဲ့(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

ပြောချင်သလိုသာ ပြောကြပါတော့ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်၊
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ၊

ရန်လိုမှု မုန်းတီးမှု မကျေနပ်မှု မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်. တဲ့။ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ မှန်တာ မခွဲခြားနိုင်ဘဲ လိုရင် လိုသလို မလိုရင် မလိုသလို ပြောတတ်ဆိုတတ်ကြပါတယ်၊ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့.လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့လို့လဲ မိန့်တော်မူလိုတာဖြစ်ပါတယ်။
ကိုယ့်ပေါ်ကို မကျေနပ်သူ အထင်အမြင်လွဲသူ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ၊ ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော..မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး၊ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက…ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီး ဟောတယ်၊သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်၊ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်၊

တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ စိတ်သဘောထားကြီးမြတ်သူဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ မတုန်းမလှုပ်ရှိနိုင်ရမှာပါ၊ ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြော ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်၊ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေ ချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ၊
(yaw community) မှ ဖော်ပြပါသည်၊

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP