* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 2, 2009

သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်


သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်သည် အလွန်နီးကပ်နေပြီးဖြစ်ပါသဖြင့် ထပ်မံကြေညာခြင်းဖြစ်သည်။



ဒီဇင်ဘာ ၄ ရက်၊

နေ့လည် (၂း၀၀) နာရီတွင် ဂယာမြို့သို့ ဆိုက်ရောက် မည်ဖြစ်ပြီး၊ ညနေပိုင်း (၆) နာရီတွင် ဆရာတော်၏ တရားပွဲ အစီစဉ်ရှိပါသည်။
ဗုဒ္ဓဂယာရှိ Lotus Nikko (သို့မဟုတ်) Royal Residential Hotel ၌ တည်းခိုပါမည်။


ဒီဇင်ဘာ ၅ ရက်၊
ဗုဒ္ဓဂယာတွင် ဆရာတော် ရှိနေပါမည်။
ညနေပိုင်းတွင် ပညာသင်မြန်မာရဟန်းတော်များ၏ သြ၀ါဒခံယူပွဲကို ကြွ ရောက်၍ သြ၀ါဒကထာ မြွက်ကြားပါမည်။ ယင်းဟိုတယ်၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၆ ရက်၊
နံနက်ပိုင်း Indian Airlines - 410 ဖြင့် လေယာဉ်ဖြင့် ပတ္တနားမှ ဒေလီသို့ ကြွရောက်မည်ဖြစ်ရာ နံနက် ၁၀း၃၀ နာရီတွင် ဒေလီ (IGI) လေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ထိုလေဆိပ်မှတဆင့် Indigo-105 ဖြင့် 14:20 တွင် ပူနေးသို့ ဆက်လက်ကြွရောက်မည်ဖြစ်ပါသည်။ လေဆိပ်သို့ သီတဂူစတားတို့အဖွဲ့ ဆရာတော်ကို သွားကြိုကြပါမည်။ Season Hotelတွင် တည်းခိုပါမည်၊ ညပိုင်းတွင် ဆရာတော် အချိန်ပေးလျင် ပူနေးတက္ကသိုလ်ကျောင်းသားများ သြ၀ါဒခံယူပွဲရှိပါသည်။

ဒီဇင်ဘာ ၇ ရက်
နံနက်ပိုင်းတွင် ပူနေးမြို့ အနီးရှိ ရှေးဟောင်းဗုဒ္ဓဘာသာ ကာလာနှင့်ဘယာလိုဏ်ဂူများသို့ ကြွရောက်လေ့လာပြီး ညနေပိုင်း ၃နာရီတွင် ပုနေးတက္ကသိုလ်၏ ခန်းမဆောင်ကြီးတွင် ဆရာတော် သင်တန်းတစ်ခု သင်ကြားပြသပေးမည်။ ၅နာရီတွင် အခန်းအနားအားလုံးပြီးစီးပါမည်။ ထိုအခန်းအနားမှ လေဆိပ်သို့ဆင်းပါမည်။ ညနေပိုင်း (၇) နာရီ တွင် Jet Airways-364 ဖြင့် ဒေလီသို့ ပြန်လည် ကြွရောက်မည်ဖြစ်ပါသည်။
Pune to Delhi, Jet Airways-364, Dep: 19:00 Arr 21:10
Ashok Hotel တွင် တည်းခိုပါမည်။

ဒီဇင်ဘာ ၈ ရက်၊
ညသန်းခေါင် Thai TG 316 (00:05/ 09-12-09) ဖြင့် ဒေလီ မှ ဘန်ကောက်သို့ ပြန်လည် ကြွရောက်မည် ဖြစ်ပါသည်။

ပူနေးသို့ကြွခြင်း

သီတဂူဆရာတော်ကြီးအိန္ဒိယသို့ကြွလာခြင်းသည် တပည့်များကို ချီးမြောက်ချင်လိုသောကြောင့်လဲဖြစ်ပါသည်။ ယခုနှစ် ပူနေးတက္ကသိုလ်မှာ နှစ်စဉ် စည်းမျဉ်းအသစ်တွေကြောင့် နိုင်ငံခြားသား ကျောင်းသားများ ဒုက္ခမျိုးစုံ ရင်ဆိုင်နေရပါသည်။ International University of Organization of India ရဲ့ အသိမှတ်ပြုသော အောင်လက်မှတ်များကိုသာခွင့်ပြုသည်။ မြန်မာပြည်က ကျောင်းသားများလဲ ထိုတက္ကသိုလ်၏ အသိမှတ်ပြုလက်မှတ်ရဘို့ ညွန်ကြားလွှာများရောက်လာပါသည်၊ နယူးဒေလီမြို့မှာ သွားယူရမည်ဖြစ်သဖြင့် အလွန်ခက်ခဲပါသည်။ ထိုအခက်ခဲတွေကို သီတဂူဆရာတော်ကြီး၏ကျေးဇူးကြောင့် အလွယ်တကူနှင့်အဆင်ပြေသွားပါသည်။ ပါဠိဌာန ဌာနမှုးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံသို့ရောက်ဖူးသဖြင့် သီတဂူကို ကောင်းကောင်း သိနေခြင်းကြောင့် ဖြစ်ပါသည်။ ပါဠိဌာနမှုး ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ပါဠိကျောင်းသားများ အားလုံး အင်္ဂလိပ်စာ ၀င်ခွင့် စာမေးပွဲတောင် မဖြေရတော့ပဲ အလွယ်တကူ ကျောင်းသားဖြစ်ပါသည်။ ပါဠိဌာနအတွက်သာ အဆင်ပြေနိုင်ပါသည်၊ အခြား ဒဿနိကဗေဒ စသော ဌာနတို့၌ ရဘို့မလွယ်ကူပါ။ အခုလို ကြွရောက်ခြင်းသည် တက္ကသိုလ်အချင်းချင်း နားလည် အားပေးခြင်းလည်းဖြစ်ပါသည်။


သီတဂူစတား
၁-၁၂-၂၀၀၉


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP