* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 2, 2009

ဒို့လည်း တစ်နေ့














မိမိတို့တစ်တွေ အလှမာန်၊ ရာထူးမာန်၊ ပညာမာန်၊ ပစ္စည်းမာန်တက်မည် ကြံတိုင်း.. ဆင်ခြင်လိုက်ပါ “တို့တစ်တွေဟာ မွေးဖွားလာခြင်းနှင့်အတူ သေဆုံးခြင်း လက်မှတ် -Return Ticket-က တွဲလျှက် ပါလာခဲ့တာပဲ၊ မပြန်ချင်လို့ မရဘူးပဲ၊ နုပျိုခြင်းမှာလည်း အိုခြင်း -Return Ticket-တွဲကပ်လျှက် ပါခဲ့ပါလား၊ ရာထူး၊ ပညာ၊ ပစ္စည်းဥစ္စာတွေကလည်း အသက်နှင့်ခန္ဓာအိုးစား မကွဲခင်ပဲ အသုံးချရတာပဲ၊ မမြဲတဲ့ သဘောတွေပါလား... သေတဲ့အခါ ဘာများသယ်သွားနိုင်လို့လဲ.. ဒါဆို အသက်ရှင်စဉ်မှာ ဘာများ မာန်မာနတက်နေစရာ လိုသေးလို့လဲ... စသည်စည်......။
ယခု.................. ကျေးဇူးတော်ရှင် ဖြူးဆရာတော်ဘုရားကြီးသည်လည်း “မရဏ=သေဆုံးခြင်း”ဟူသော -Return Ticket-ပါလာခဲ့သဖြင့် ပြန်သွား ခဲ့ပေပြီ။
ကျေးဇူးတော်ရှင် ဖြူးဆရာတော်ဘုရားကြီးက... ငါသွားနှင့်မယ်... မင်းတို့လည်း ငါနည်းမခြား နောက်ကနေ တစ်နေ့ တစ်ချိန်မှာ လိုက်ခဲ့ကြဟု မပြောသော်လည်း ပြောသကဲ့သို့ ပြောကာ အရင် ကြွသွားတော်မူခဲ့ ပါပေပြီ။ ဆရာတော်ဘုရားကတော့ သာသနာတော်မှာ သူ့သမိုင်း သူကောင်းအောင် ရေးကာ ကြွသွားခဲ့ပါပြီ၊ မိမိတို့တစ်တွေကကော ကိုယ့်သမိုင်းကြောင်း ကောင်းအောင် ဘာရေးကြမလဲ? ဘယ်လိုရေးကြမလဲ? အပြန်မှာ ဘယ်လိုပြန်ကြမလဲ? အပြုံးနဲ့ ပြန်နိုင်အောင် ကျန်ရှိနေသေးတဲ့ တန်ဖိုးရှိတဲ့ အသက်အပိုင်းအခြားကို ဘယ်လို အသုံးချကြမလဲ? နေကြမလဲ? ကိုယ့် ဘ၀ပြဿနာ အမေး ကိုယ်တိုင်ဖြေကြကာ... အပြုံးကိုယ်စီနဲ့ ပြန်နိုင်အောင် ကြိုးစားနိုင်ကြပါစေ..
================================
အနိစ္စတာ ၀တ သင်္ခါရာ၊ ဥပ္ပါဒါဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ၀ူပသမော သုခေါ။ (သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ္တ)
ပြုပြင်နေရတဲ့ ရုပ်+နာမ်(သင်္ခါရ)တရားတို့သည် အမြဲမရှိ၊ ဖြစ်ခြင်း, ပျက်ခြင်းသဘောသာရှိကုန်၏။ ဖြစ်တတ်တာ မှတ်သမျှသည် ချုပ်ခြင်း၌သာ လမ်းဆုံးရကုန်၏၊ ထိုတရားသဘောတို့ ကုန်ဆုံးချုပ်ငြိမ်းရာ “နိဗ္ဗာန်”သည်သာလျှင် တကယ်ငြိမ်အေးရာ ဖြစ်ပေ၏။
================================

မှတ်ချက်.... ဤဆရာတော်ဘုရား၏ ပုံများကို“လင်းအောင်ပြည့် အနုပညာ”ဆိုက်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP