လက်ကျန်ပိတ်မရသော စာရင်းရှင်းတမ်းများ
လူ့ ပြည်ဒေသ အခြေချ၊
နေရပေါင်းက များလှပြီ။
နေဆဲကပင် သေပွဲပြင်၊
သေခွင်ဝင်ပေါင်း များလှပြီ။
နေရေးမှကျော် သေဘေးပေါ်၊
တော်ပြီဟူ၍ မရှိပြီ။
သေဘေးမှကျော် နေရေးပေါ်၊
တော်ပြီဟူ၍ မရှိပြီ။
နေခွင့်ပြုရာ မှုကမ္ဘာ၊
ခုရှာဖွေဆဲ ရှိသေးသည်။
သေမိန့် ချရာ ဝေဒနာ၊
ခြေရာခံမြဲ ရှိသေးသည်။
ဝဋ်လွတ်သစ္စာ မြတ်ဓမ္မာ၊
လှပ်ခွါမကြည့် ရှိသေးသည်။
ဝဋ်ပြစ်နှစ်ပါး လွတ်စေသား၊
စကားမျှသာ ရှိနေသည်။
သေခြင်းတရား ကင်းစေသား၊
စကားမျှသာ ရှိနေသည်။
သည်တိုင်းသာဆို ၀ဋ်ထိုထို၊
ကြိုဆိုမြဲပင် ရှိနေသည်။
လူ၏ဒေသ အခြေချ၊
နေရပေါင်းကား များဦးမည်။
နေဆဲကပင် သေပွဲပြင်၊
သေခွင်ဝင်ပေါင်း များဦးမည်။
(ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်)
နေရပေါင်းက များလှပြီ။
နေဆဲကပင် သေပွဲပြင်၊
သေခွင်ဝင်ပေါင်း များလှပြီ။
နေရေးမှကျော် သေဘေးပေါ်၊
တော်ပြီဟူ၍ မရှိပြီ။
သေဘေးမှကျော် နေရေးပေါ်၊
တော်ပြီဟူ၍ မရှိပြီ။
နေခွင့်ပြုရာ မှုကမ္ဘာ၊
ခုရှာဖွေဆဲ ရှိသေးသည်။
သေမိန့် ချရာ ဝေဒနာ၊
ခြေရာခံမြဲ ရှိသေးသည်။
ဝဋ်လွတ်သစ္စာ မြတ်ဓမ္မာ၊
လှပ်ခွါမကြည့် ရှိသေးသည်။
ဝဋ်ပြစ်နှစ်ပါး လွတ်စေသား၊
စကားမျှသာ ရှိနေသည်။
သေခြင်းတရား ကင်းစေသား၊
စကားမျှသာ ရှိနေသည်။
သည်တိုင်းသာဆို ၀ဋ်ထိုထို၊
ကြိုဆိုမြဲပင် ရှိနေသည်။
လူ၏ဒေသ အခြေချ၊
နေရပေါင်းကား များဦးမည်။
နေဆဲကပင် သေပွဲပြင်၊
သေခွင်ဝင်ပေါင်း များဦးမည်။
(ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်)

0 comments:
Post a Comment