* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 29, 2009

စိန်ပလောင် မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

Sunday, December 27, 2009

မေး။ ။ စိန်ပလောင်: ရွာဦးကျောင်းဆရာတော်ဘုရား နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ နတ်သမီး တဖက်ငါးရာ ၊ နှစ်ဖက် ဆို တစ်ထောင်။ ဤသို့ ကျမ်းဂန်းမှာ လာရှိပါသလား။ ရှိပါက မိန်းမတွေသေ နတ်ပြည်ရောက်။ ယောင်္ကျားတွေသေ နတ်ပြည်အရောက်နဲလို့ ဤသို့မှတ်ယူထိုက်ပါသလော။ ယောက်ျားတွေနတ်ပြည် အရောက်နဲတော့ ဘယ်ပြည်တွေ အရောက်များနေပါသလဲ။ အများတကာ သိစေလို၍ ရွာဦးကျောင်းစီဘောက်မှ လျှောက်ထားလိုက်ပါသည်။

ဖြေ။ ။ နတ်သားတိုင်း နတ်သမီး တစ်ဖက် ငါးရာပုံသေရှိသည်ဟူ၍ မတွေ့ဖူုးပေ၊ ကျမ်းဂန်များ၌ ဖော်ပြပါရှိသော နတ်သမီးတစ်ဖက်ငါးရာ ခြံရံသော နတ်သားများကို ထူးခြားဖြစ်စဉ်များ အဖြစ်သာ ဖော်ပြထားခြင်းဖြစ်ပါသည်၊ လု့ပြည်၌ ကုသိုလ်ထူးသော ပုဂ္ဂိုလ်များရှိသလို နတ်ပြည်၌လည်း အများတကာထက် ပါရမီကုသိုလ် ထူးသူများ ရှိကြပါသည်၊ ၄င်းတို့သည် ကုသိုလ်ပါရမီ ထူးသည်အားလျှော်စွာ နတ်သမီး တစ်ဖက်ငါးရာ ခြံရံ၍ နတ်ပြည် စည်းစိမ်ကို အပြည့်ခံစားရ လေသည်။ သို့သော် နတ်သားတိုင်း ထိုကဲ့သို့ခံစားစံစားရသည်ဟု မှတ်ယူ မထားသင့်ပေ။ နတ်သမီးတစ်ယောက်အား နတ်သားများစွာ ဝိုင်းဝန်းလုယူသော အဖြစ်အပျက်များ ရှိသည်ကို သတိထားသင့်ပါသည်။ မည်သူသေသည်ဖြစ်စေ မိမိပြုသောကံသည်သာ ပဓာနကျသောကြောင့် မိန်းမ ယောက်ျားခွဲခြား၍ သုဂတိ ဒုဂ္ဂတိ ရောက်သည်ဟူ၍လည်းမဆိုနိုင်ပေ။ နိဗ္ဗာန်ကို မရောက်မချင်း ငါသူတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ ယောက်ျားမိန်းမ မရွေးပဲ ဒေဝ၊ မနုဿ၊ နိရယ၊ ပေတ၊ တိရိစ္ဆာန၊ ဟူသော ဂတိများသို့ တစ်ခုမဟုတ်တစ်ခု ရောက်ကြရမည်သာ။ ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP