* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 29, 2009

ကပ္ပိယသာချို၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

Saturday, December 26, 2009

မေး။ ။ ကပ္ပိယသာချို: အရှင်ဘုရား အဘိဓမ္မာဘုရားဟော ဟုတ်မဟုတ်သိချင်ပါတယ် ဘုရား တကယ်လို့သာဘုရားဟောဆိုရင် ဘယ်လို့အချက်တွေကြောင်းသိနိုင်ပါသလဲ ဘုရား ၊
မေး။ ။ နောက်တစ်ခါ သမ္မာဒိဌိ ဟာ သိပ္ပံပညာရဲ့ ခြေလှမ်းကို လိုက်နိုင်ပါရဲ့လားဘုရား
ဖြေ။ ။ ဤမျှနက်နဲ ခက်ခဲသော ရုပ်နာမ်တရားများကို အ သေးစိပ် ဟောကြားထားသော အဘိဓမ္မာတရားကို ဘုရားမဟောလျှင် အဘယ်သူဟောသည်ဟု ငါ့ရှင်သာချို ယူဆမိပါသနည်း? ။ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌ အကျယ်တဝင့် ဟောကြားတော်မူပြီး။ အရှင်သာရိပုတ္တရာအား အကျဉ်းအားဖြင့် ဟောကြားတော်မူလေးသည်။ အရှင်သာရိပုတ္တရာ သည်လည်း လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် လက်ဆင့် ကမ်း၍ ဟော ကြားတော်မူခဲ့လေသည်။ ဤသို့လျှင် ဗုဒ္ဓဘုရားရှင်မှ အစပြုကာ ဆရာအစဉ် အဆက် အားဖြင့် လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့သည်မှာ ယနေ့ ကပ္ပိယသာချိုတို့ လက်ထက်တိုင် အောင်ဖြစ်လေ သည်။ ။ရုပ်နာမ်တရား တို့ကို ပိုင်းခြား၍ ဟောထားခြင်း၊ ပရမတ္ထသဘာဝ တရားများကို ဖြစ်စဉ်အတိုင်း အကြွင်း မရှိ ပြည့်စုံစွာ ဆက်စပ် ဟောထားခြင်းတို့ကို ထောက်ဆ၍ သဗ္ဗညုတ ဘုရားရှင်မှတစ်ပါး အခြား တစ်စုံတစ်ဦး သောသူသည် ဟောကြားနိုင်စွမ်း ရှိမည်မဟုတ်ပါ။ အကျယ်ကိုသိလိုလျှင် အောက်ပါလင့်တွင် http://www. dhammaflavour.net/2009/06/blog-post_3899.htmlလေ့လာနိုင်ပါသည်
ဖြေ။ ။ သမ္မာဒိဋ္ဌိသည်=ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ နာမရူပပရိဂ္ဂဟသမ္မာဒိဋ္ဌိ၊ ဟေတုပစ္စယပရိဂ္ဂဟသမ္မာဒိဋ္ဌိ၊ ဝိပဿနာဥာဏဒဿနသမ္မာဒိဋ္ဌိ၊ လောကုတ္တရမဂ္ဂဖလသမ္မာဒိဋ္ဌိ-အားဖြင့် ငါးမျိုး ခွဲခြားနိုင်ပါသည်။ လောကုတ္တရမဂ္ဂဖလသမ္မာဒိဋ္ဌိ သည်ပင်လျှင် သိပ္ပံပညာ၏ ခြေလှမ်းကို ကျော်လွန်သွားပြီး ဖြစ်သည်၊ သို့သော် ၄င်းသမ္မာဒိဋ္ဌိ တရားတို့ကိုကောင်းစွာ သဘောမပေါက်ပဲ၊ မည့်သည့် သိပ္ပံပညာကိုမျှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပါ။ လက်ရှိသိပ္ပံပညာရှင်များ လေ့လာနေသော သိပ္ပံသည်ကား နာမရူပပရိဂ္ဂဟသမ္မာဒိဋ္ဌိ- မှ-(ရူပ) ဟုဆိုအပ်သော ရုပ်တစ်စိပ် တစ်ဒေသကို သာလျှင် လက်တွေ့ အားဖြင့် လေ့လာနေကြခြင်းသာ ဖြစ်သေး၍၊ ကပ္ပိယသာချို ဆိုလိုသော သမ္မာဒိဋ္ဌိ ကိုသာလျှင် ကောင်းစွာသိရှိ ထားမည်ဆိုပါက၊သိပ္ပံပညာ၏ခြေလှမ်းကို လိုက်နိုင်ရုံမကပဲ၊ ဘုရားရဟန္တာ အရိယာ သူတော်ကောင်းတို့သာလျှင် အာရုံပြုကျက်စားရာဖြစ်သော နိဗ္ဗာန်တိုင်အောင် လျှောက်လှမ်းနိုင် မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP