* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 29, 2009

၂၈-၁၂-၀၉ သံဃာ့ဒါန ဆွမ်းလောင်း












ပြာသိုလဆန်း ၁၃ ရက်၊ သာသနာ ၂၅၅၃ ခုနှစ်၊ ၂၈-၁၂-၀၉ တနင်္လာနေ့။

နေ့ဆွမ်း - ဝက်သား+အာလူးဆီပြန်၊ မုန်လာဥချဉ်၊ ငရုတ်သီးပုဇွန်ခြောက်ပွကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့၊ ခင်ပွန်းဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်

ဆွမ်းထမင်း - ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)
ပဲနှပ် - ဒေါ်ခင်သောင်း (ရန်ကုန်)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)

အရုဏ်ဆွမ်း- -မုန့်ဟင်းခါး အလှူရှင် .......................

ဝေယျာဝစ္စဒါန
ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးကျောင်းတိုက်)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးသုဇာတ (စစ်ကိုင်း ရုက္ခမူကျောင်း)၊ ဦးပညာဝံသ (သာသနာ့ဝေပုလ္လကျောင်း)

-ဆရာကြီး ဒေါ်စန္ဒာသီရိ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်ဝိလာသီ (အောင်မြေသာစံချောင်)

-ဒေါ်ခင်သောင်း (ရန်ကုန်)၊ ဒေါ်အေးသန်းနှင့် သမီး မဇင်မာထွေး၊ ကိုဂစ်တာ၊ ကိုဇော်ထွေးဦး၊ ဒေါ်ကြည်ဌေးနှင့် သားကိုဆန်းထွန်း ဇနီးမောင်နှံ၊ သမီး မပွေးနှင့် ငြိမ်းအိထွေး






''အရှင်ဘုရားတို့ မုန့်ဟင်းခါး ဘုဉ်းပေးဖို့ အထဲကြွ့ပါဘုရား''
''ဦးဇင်းကြီးတွေ တစ်ဝိုင်း ကပ်ပေးလိုက်ပါဦး''

အရုဏ်ဆွမ်း ကပ်နေရင်း နေ့ဆွမ်းလောင်းဖို့လဲ ဆွမ်းတောင်းတွေချ၊ ပြင်ဆင်ရတယ်။ ရန်ကုန်က ရောက်လာတဲ့ မာတီပလိုင်း ဘလော့ဂါ ကိုညီညီရဲ့ မိခင် ဒေါ်ခင်သောင်းက ဒီနေ့ သံဃာများကို ပဲနှပ် လှူဒါန်းပါတယ်။

သတင်းကောင်းတစ်ခုက ကင်ဆာရောဂါ ခံစားနေရတဲ့ မြရတနာ ရွာဦးကျောင်း ဆရာတော် ဆေးဖိုးဝါးခအတွက် ရွှေဒိုမိန်း မိသားစုက နဝကမ္မ ကျပ်ငါးသိန်း လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဆရာတော် မန္တလေးတက်ပြီး ဓာတ်ကင်ဖို့ အခက်အခဲ ဖြစ်နေတာ ပြေလည်သွားပါပြီ။ ကိုဖြိုး+ကိုထက်တို့ကလဲ တစ်သိန်း လှူဒါန်းပါတယ်။

ရွှေဒိုမိန်းက ဆွမ်းခံသံဃာတွေ အပါးကုန်ကို လာမယ့် ဆွမ်းပတ်မှာ အပါးစေ့ ခေါင်းစွပ်များ လှူဒါန်းပါမယ်။ အညာဆောင်းဟာ ချမ်းအေးလှတဲ့အတွက် သံဃာတော်များ အအေးဒဏ် ခံနိုင်စေဖို့ လိုအပ်တဲ့ ခေါင်းစွပ်တွေ ဖြစ်ပါတယ်။

ဒေါ်နန်းသန္တာအောင်က ဆွမ်းကပ်ရာမှာ လိုအပ်တဲ့ မီးဆလောင်းကြီး နှစ်ခု လာရောက်လှူဒါန်းသွားတယ်။ ဆလိုက်မီး အလင်းရောင်လေးကို အားပြုပြီး အရုဏ်တက် မှောင်မည်းမည်းထဲ သံဃာတွေ ဆွမ်းခံနေတာကို ဒကာမကြီး ကိုယ်တိုင် ဆွမ်းလာလောင်းရင်း သတိပြုမိသွားတော့ ရန်ကုန်က မီးဆလောင်း ၂ ခု သယ်လာပြီး လာပို့သွားတာပါ။

ဝက်သားနဲ့ အာလူးဟင်းအပြင် ဒီနေ့ ပုစွန်ခြောက်ပွတွေကို ငရုတ်သီးနဲ့ ငါးပိရောကြော်ပြီး ကပ်ပါတယ်။ မုန်လာဥချဉ် တွဲတယ်။ ဆွမ်းလောင်းပေးလိုတဲ့ သံဃာတွေလဲ မိုးမလင်းခင် ကြွလာကြတယ်။

ဒကာဂစ်တာတို့ အဖွဲ့နဲ့ ဦးဇင်းတွေလဲ မနားတမ်း လောင်းနေရတယ်။
''ဇိနော ကြွလာပြီ''

မုန်လာဥချဉ်က ဆွမ်းလောင်းမပြီးခင် ပြတ်သွားတယ်။ ဝက်သားအာလူးဟင်းနဲ့ ပဲနှပ်ရော ဆွမ်းထမင်းပါ လောက်ငသေးတယ်။ မနက် ၆ နာရီခွဲမှာ အပါး ၄၀၀ နီးပါး ဆွမ်းခံပြီးသွားပြီး နောက်ထပ် အပါး ၅၀ ကျော် စီတန်းခံယူနေကြပါတယ်။

အရုဏ်ဆွမ်းက တစ်ကြိမ်ကို စားပွဲဝိုင်းအပြည့် အပါး ၁၀၀ ကပ်ရတယ်။ မနက် ၆ နာရီ ၂၀ မှာ အပါး ၂၀၀ ဘုဉ်းပေးပြီးသွားပြီး ဘုဉ်းပေးဆဲက အပါး ၇၀ လောက် ရှိပါတယ်။ တစ်ပါး သုံးပန်းကန် စသဖြင့် ဘုဉ်းပေးကြတယ်။ အရုဏ် မဘုဉ်းရသေးတဲ့ ကိုယ်တော်တွေ ထပ်ကြွလာနေဆဲပါ။

မုန့်ဖတ် ပြတ်သွားတော့ မဘုဉ်းရသေးတဲ့ ဦးဇင်းတစ်ချို့ကို ခဏစောင့်ပါဘုရားလို့ လျှောက်ထားပါတယ်။ မနက် ၆ နာရီ ၃၅ မှ မုန့်ဖတ် ရောက်လာတော့ ဆက်ပြီး ကပ်ရတယ်။

၂၀၁၀ ဇန်နဝါရီလ ၁ ရက်နေ့ (နှစ်ဆန်း ၁ ရက် သောကြာနေ့)မှာလဲ သံဃာနဲ့ သီလရှင်များကို နှစ်သစ်ကူးဒါနအဖြစ် အရုဏ်ဆွမ်း လောင်းလှူပါမယ်။ မြတ်စွာဘုရား ဘုရားအဖြစ် ရောက်တော်မူခါနီး ဘုဉ်းပေးခဲ့တဲ့ ဃနာနို့ဆွမ်းကို အောက်မေ့ပြီး နို့ယာဂု ကပ်လှူဖို့ မူလ စိတ်ကူးပေမယ့် သံဃာတွေက မုန့်ဟင်းခါးကို ပိုနှစ်သက်ကြတာမို့ မုန့်ဟင်းခါးပဲ ကပ်လှူမှာ ဖြစ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP