* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 31, 2009

သီတဂူစက္ခုဒါန မျက်စိဆေးရုံတော်




ကလေးမြို့ရှိ သီတဂူစက္ခုဒါနမျက်စိ ဆေးရုံတော်ကြီးဖြစ်ပါသည်။ သီတဂူဆရာတော်ကြီးဦးစီးသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ထိုဆေးရုံတော်ကြီးကို ခန်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဆရာတော်ကြီးသည် ကလေးမြို့နှင့် တမူးမြို့ ဒေသ၀န်းကျင်ရှိ တပည့်ဒကာဒကာမများကိုလည်း ညစဉ် တရားတော်များချီးမြင့်တော်မူခဲ့ပါသည်။

ထို သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြည်ပမှ မျက်စိအထူးကု ဒေါက်တာဦးသိန်းမြင့်နှင့်အဖွဲ့၊ မြန်မာပြည်တွင်းမှ မျက်စိဆရာဝန်ကြီးများအဖွဲ့တို့က ကလေးပတ်ဝန်းကျင်ဒေသများမှလာရောက်ကြသော မျက်စိဝေဒနာရှင်များစွာကို ကုသပေးခဲ့ပါတယ်၊ မျက်စိခွဲစိတ်ကုသမှု့ကိုလဲပြုလုပ်ပေးခဲ့ကြပါတယ်။ ကလေးမြို့ဝန်းကျင်ရှိ ဒေသခံများအတွက် များစွာဂုဏ်ယူမိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူစတား
၃၀-၁၂-၂၀၀၉



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP