* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 31, 2009

၂၅၉၁-နှစ်၊ (သို့) ၁၄-နှစ်မြောက် အမေနေ့



အမေနေ့ဆိုတာ မိဘကျေးဇူးဂုဏ်ကို ခေတ်လူငယ်များ သိစေရန် စာရေဆရာကြီး ဦးသုခက လွန်ခဲ့တဲ့ ၁၃-နှစ်အလွန်လောက်ကနေ စပြီး မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။

မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတတိုးပွားစေလိုတဲ့ ဆန္ဒဖြင့် စတင်ခဲ့ဖြစ်ပါတယ်။
တကယ်တော့ မိဘကျေးဇူးဆပ်တဲ့ နေ့ကို ဗုဒ္ဓဘာသာအလိုအရ ဘယ်အချိန်ကစခဲ့သလဲဆိုရင်.... ဗုဒ္ဓမြတ်စွာ (၇)မြောက်ကစပြီး စတင်ခဲ့တာပါ။ ယခုနှစ်နှင့်ဆိုလျှင် မိဘကျေးဇူးဆပ်နည်း ပညာပေးဟောပြောပွဲ စတင်ခဲ့သည့် နှစ်သည် (၂၅၉၁)နှစ် ရှိပါပြီ။ ဗုဒ္ဓမြတ်စွာသည် (၇)၀ါမြောက်မှာ မယ်တော်ရင်းဖြစ်ခဲ့သော မိခင်နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် ယခုမေမေ့လပြည့်ဝန်းလေး တင်ပြနေတဲ့ မိမိခန္ဓာမှာ ဖြစ်နေတဲ့ မှတ်သားဖွယ် အဘိဓမ္မာ၏ “အဘိဓမ္မာတရားတော်ကြီး”ကို ဟောပြောခြင်းဖြင့် မိခင်ကျေးဇူးကို ဆပ်ခဲ့ပါတယ်။ မိမိတို့လေ့လာနေတဲ့ အဘိဓမ္မာသည်... ဗုဒ္ဓမြတ်စွာ၏ မိခင်ကျေးဇူးဆပ် တရားဖြစ်တယ် ဆိုတာကိုလည်း မှတ်သား စေချင်ပါတယ်။

နောက်တစ်ခုက ဗုဒ္ဓဘာသာအလိုအရ “မိခင်ကို ကျေးဇူးဆပ်သောအားဖြင့်” ဟောပြောပွဲစတင်ပြုလုပ်ခဲ့သော နှစ်အရေအတွက်သည် (၂၅၉၁)နှစ်ရှိပြီဆိုတာ ဗဟုသုတအဖြစ် မှတ်သားစေလိုပါတယ်။
(၂၅၉၁)နှစ်ကို ဘယ်လိုတွက်သလဲဆိုရင် ဘုရားရှင် မိခင်ကျေးဇူး ဆပ်တဲ့နှစ်သည် ဘုရားဖြစ်ပြီးနောက် (၇)၀ါမြောက်ဖြစ်ပါတယ်။ မြတ်စွာဘုရား နေခဲ့တဲ့ ၀ါတော်သည် (၄၅)၀ါ ဖြစ်ပါတယ်။ အဲဒီတော့ (၇)၀ါမြောက်ကနေ (၄၅)၀ါအထိ (၃၉)နှစ်ရပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနှစ်ကစပြီး သာသနာနှစ်ရေတွက်ခဲ့တာ ယနေ့ဆို သာသနာနှစ်သည် (၂၅၅၂) နှစ် ရှိပါပြီ။ အထက်ပါ ဘုရားရှင် (၇)၀ါမြောက်စပြီး (၄၅)၀ါအထိ (၃၉)နှင့် ယနေ့ သာသနာနှစ် (၂၅၅၂)ကို ပေါင်းလိုက်မယ်ဆိုရင် (၂၅၉၁)ဖြစ်ပါတယ်။

၇-၀ါမြောက်မှ ၀ါတော် ၄၅အထိ------->၃၉
ယနေ့ သာသနာနှစ်------------->၂၅၅၂
----------------------------------
------------------------->၂၅၉၁-နှစ်။

ဗုဒ္ဓမြတ်စွာသည် မိခင်ကျေးဇူးဆပ်သောအားဖြင့် မိခင်အား အကြီးအမှူးထား၍ အဘိဓမ္မာတရားကို ဟောပြောခြင်းဖြင့် မိခင်ကျေးဇူးဂုဏ်ကျေပွန်အောင် ဆပ်ခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ တချို့သောသူတို့က ဗုဒ္ဓမြတ်စွာ၏ မိခင်ကျေးဇူးဆပ်ခြင်းနှင့် ပတ်သက်၍ နောက်ပြောင်ပြောတဲ့ စကားကြားဘူးမယ်ထင်ပါတယ်.. ဘုရားရှင်တောင် “နို့တစ်လုံးဖိုးပဲ ကျေတယ်”ဆိုတဲ့ စကားပါ။ ယင်းစကားသည် ဘုရားရှင်အား စွပ်စွဲခြင်းမျှသာ ဖြစ်ပါတယ်။ ဘုရားရှင်သည် မည်သူ့အပေါ်မျှ ကျေးဇူးဆပ်ရန် မကျန်ခဲ့ပါဘူး။

ကျေးဇူးဆပ်ရန် အကြွေးကျန်ခဲ့ပြီး ပရိနိဗ္ဗာန်ပြုသွားတာ မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာသည် မိခင်အရင်းကို မဆိုထားဘိ, မိခင်အရင်း မဟုတ်တဲ့ မိထွေးတော် ဂေါတမီအပေါ်မှာတောင် နို့တိုက်ခြင်းစသည်ဖြင့် ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးဂုဏ် ကျေပွန်အောင် ဆပ်ခဲ့ပါတယ်။
ဗုဒ္ဓမြတ်စွာသည် မိခင်ကျေးဇူးဂုဏ်ကျေးပွန်အောင် ဘာနှင့် ဆပ်ခဲ့ သလဲ ဆိုတော့.... ဓမ္မနို့ရည်တိုက်ကျွေးခြင်းဖြင့် ဆပ်ခဲ့ပါတယ်။ ဓမ္မနို့ရည် တိုက်ကျွေးခြင်းဖြင့်သာ မိခင်ကျေးဇူးကို ကျေပွန်အောင် ဆပ်နိုင်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် တင်္ဂ၊ တခဏမျှ ဆာလောင်မှု ရသတဏှာနို့ဖိုး ကျေးဇူးကို ရသတဏှာအပြီးတိုင်အောင် ဖြေဖျောက်နိုင်သည့် ဓမ္မနို့ရည်ဖြင့် ပြန်လည် တိုက်ကျွေးကာ မိခင်၏ နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်သွားခဲ့တယ်ဆိုတာ မှတ်သားစေလိုပါတယ်။

မိမိတို့တစ်တွေ မိဘကျေးဇူးကို ကျေပွန်အောင် ဆပ်ချင်တယ်ဆိုရင် မိဘကျေးဇူးကျေအောင် ဆပ်နည်းကို ဗုဒ္ဓမြတ်စွာ ဟောထားခဲ့ပါတယ်။
မိဘတို့အား ကျေးဇူးကျေပွန်အောင် ဆပ်ချင်တယ်ဆိုလျှင် သားသမီး ကိုယ်တိုင်က အောက်ပါတရားများ အရင်ရှိအောင် လုပ်ထားရမည်။ မိမိတို့သန္တာန်မှာ ရှိမှ သူတစ်ပါးကို လုပ်ပေးနိုင်တယ်ဆိုတာ သဘာဝပါပဲ။ အဲဒီတော့ အောက်ပါ မိဘကျေးဇူးဆပ်နည်း တရား-၄-ပါးကို မိမိမှာ ရှိသင့်သလောက် ရှိအောင် အရင်လုပ်ပြီး မိဘတို့အား ကျေးဇူးဆပ်နိုပ်ပါတယ်။
ဗုဒ္ဓမြတ်စွာ ဟောခဲ့တဲ့ မိဘကျေးဇူးကျေပွန်အောင် ဆပ်နည်းက...
(၁) (သဒ္ဓါတရား) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါ (ယုံကြည်မှု) တရားမရှိသည့် မိဘတို့ကို သဒ္ဓါ(ယုံကြည်မှု) တရားရှိအောင် တရားဟောပေးခြင်း၊ ကိုယ်တိုင် မပြောပြတတ်က.. အကျိုးရှိမည့် တရားခွေ၊ တရားအုပ်များကို ဖတ်စေခြင်း။
(၂) (သီလတရား) ကိုယ်ကျင့်သီလ မရှိသောမိဘများအား သီလရှိလာအောင်၊ သီလသတင်း စောင့်သုံး ချင်လာအောင် ပြောပြပေးခြင်း၊ သီလစောင့်သုံးစေရန် ကူညီပေးခြင်း။ တကယ်လို့ မိဘများက ဥပုသ်စောင့်နေကျ၊ သီလအကြောင်းကိုလည်း မိမိတို့ပိုသိပြီးသားဆိုရင်လည်း မိဘများအတွက် ဥပုသ်နေ့ အခါသမယ၌ ဥပုသ်ကျောင်းသို့ ပို့/ကြိုပေးခြင်း၊ ညနေအခါ အဖျော်စသည်စီစဉ်ပေးခြင်း စသည်ဖြင့် ကူညီပေးရမည်။ မိဘများ ဥပုသ်ဇရပ်ကျောင်းကို သွားနေစဉ်အခါမှာလည်း မိမိတို့က လိမ္မာစွာဖြင့် မိမိတို့တက်နိုင်သည့် မိဘတာဝန်များကို လုပ်ဆောင်ပေးခြင်း စသည်များ လုပ်ဆောင်ရမည်။
(၃) (ဒါနတရား) မိဘတို့က လှူဒါန်းလိုစိတ် မရှိလျှင် လှူဒါန်းလိုစိတ် ရှိလာအောင် ကူညီပေးရမည်။ လှူဒါန်းတယ်ဆိုတာ ကျောင်း၊ သိမ်စသည့် ကြီးမားတာများကို လှူဒါန်းမှ ပေးကမ်းလှူဒါန်းတယ် ခေါ်တာ မဟုတ်ပါဘူး။ မိမိတို့အိမ်မှာ မိဘများ ဘုရားဆီမီး, ပန်း, ရေချမ်း လှူဒါန်းနိုင်အောင် စီစဉ်ပေးခြင်း၊ ဘုရားဆွမ်းတော်ကပ်နိုင်အောင် စီစဉ်ပေးခြင်းစတာ များသည်လည်း ဒါနအမှုများပင် ဖြစ်ပါတယ်။ ၄င်းဒါနအမှုများ ပြုချင်လာအောင်၊ ပြုခွင့်ရအောင် စီစဉ်ပေးရမည်။
(၄) (၀ိပဿနာ ပညာတရား) ဘာသာရေးအသိပညာ မရှိသေးသော မိဘတို့အား မှန်ကန်သော ဘာသာရေး အသိပညာတိုးပွားလာအောင် ကူညီပေးရခြင်း၊ ထွက်လေ၊ ၀င်လေမှတ်ခြင်းစတဲ့ သမထ၊ ၀ိပဿနာတရားများ ကျင့်ကြံနိုင်ရန် ကူညီပေးရမည်။ ဤတရား (၄)ပါးသည် လောကုတ္တရာ နည်းအားဖြင့် မိဘကျေးဇူးကျေပွန်အောင်

ကျေးဇူးဆပ်နည်းဖြစ်တယ်။ တကယ်လို့ မိဘများက အထက်တရားများနှင့် ပြည့်စုံတယ်ဆိုရင် ပိုမို ကုသိုလ်ပြုခွင့် ရအောင် ကူညီပေးရမည်။ ဒီစာတမ်းလေးဖြင့် မနက်ဖန်မှာ ကျရောက်မည့် ဗုဒ္ဓဘာသာ၏ (၂၅၉၁) နှစ်မြောက် “အမေနေ့) သို့မဟုတ် (၁၄)နှစ်မြောက် “အမေနေ့”ကို ဂုဏ်ပြုသောအားဖြင့် တင်ပြလိုက်ပါတယ်။
မိဘကျေးဇူး သိတတ်၊ သိသည့်တိုင်းလည်း ဆပ်နိုင်သည့် အသိပညာရှိသည့် သားလိမ္မာ၊ သမီးလိမ္မာများ ဖြစ်ကြပါစေ...

ကျမ်းကိုး....
မာတုပေါသကသုတ္တန်
အဘိဓမ္မာ အဋ္ဌသာလိနီ အဋ္ဌကထာ
============================
မစိုးရိမ်ဆရာတော် “မိဘကျေးဇူးဆပ်တရား”


လပြည့်ဝန်းလေး ရှာဖွေတွေ့ရှိထားတဲ့ “အမေနှင့် ပတ်သက်တဲ့ ကဗျာ” စာဖိုင်လိုချင်ရင်....

0 comments:



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP