* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 6, 2009

အနှိုင်းမဲ.ဘာဝနာ

လောကမှာရှိရှိသမျှ သမထဘာသနာတွေအားလုံးထဲမှာ ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ.ဘာဝနာဖြစ်ပါတယ်။ဘာလို.လဲဆိုတော.ဗုဒ္ဓါနုဿတိဘာဝနာထက် စိတ်ကို ပိုပြီးမြင်.မြတ်စေတယ်။ဘ၀ကိုပိုပြီးကြီးကျယ်စေတယ်လို.နှိုင်းယှုဉ်စရာ အစားထိုးစရာ ထပ်တူပြုစရာတစ်ခြားဘာဝနာ မရှိတော.လို.ပါပဲ။

ဗုဒ္ဓါနုဿတိဘာဝနာနဲ.လဲလှယ်သင်.လဲလှယ်ထိုက်တဲ.တခြားဘာဝနာလောကမှာမရှိတော.တဲ.အတွက် ဗုဒ္ဓါနုဿတိဘာဝနာဟာအနှိုင်းမဲ.ဘာဝနာဖြစ်ရပါတယ်။ဘာဝနာဆိုတဲ.ပါဠိစကားလုံးက ဖြစ်စေခြင်း တိုးပွားစေခြင်း လို.အဓိပ္ပါယ်ရပါတယ်။စိတ်ကောင်းစိတ်မြတ်တွေဖြစ်ပေါ်လာအောင်တိုးပွားလာအောင်ပြုလုပ်အားထုတ်တာကို ဘာဝနာလို.ခေါ်ပါတယ်။

စိတ်အစဉ်မှာလည်း ဓါတ်ကောင်းဓါတ်မြတ်တွေနေပြီဆိုရင် နှုတ်အမူအရာမှာလည်း ဓါတ်ကောင်းဓါတ်မြတ်တွေကိန်းဝတ်နေပါတယ်။ကိုယ်အမူအရာမှာလည်း ဓါတ်ကောင်းဓါတ်မြတ်တွေလွှမ်းခြုံနေပါတယ်။

ဘာဝနာကို ထိထိမိမိပွားသူတိုင်းရဲ.ကိုယ်နှုတ်စိတ်အမူအရာ သုံးမျိုးလုံးမှာ ကောင်းမြတ်တဲ. ဓါတ်သဘောတွေပေါ်လွင်ထင်ရှားနေပါတယ်။ဘာဝနာပွားနေပါလျက် ကိုယ်နှုတ်အမူအရာ ဆိုးယုတ်တယ်ဆိုရင်တော.ဘာဝနာကိုနှလုံးသားထဲအထိ ရောက်အောင်မပွားဘဲအပေါ်ယံ သာမာန်ပွားနေလို. ဒါမှမဟုတ် လူအထင်ကြီးခံရရုံပွားနေလို.ဒါမှမဟုတ်နည်းမှန်လမ်းမှန်မပွားဘဲနည်းမှားလမ်းမှားပွားနေလို. ဖြစ်ပါလိမ်.မယ်။

သမထ ဘာဝနာနဲ.၀ိပဿနာဘာဝနာလို. ဘာဝနာနှစ်မျိုးရှိတဲ.အထဲမှာ နိဗ္ဗာန်ကိုတိုက်ရိုက်မြင်နိုင်တဲ.မဂ်ဥာဏ်နဲ.အနီးကပ်ဆုံးဘာဝနာက ၀ိပဿနာဘာဝနာပါ။ဝိပဿနာ ဘာဝနာကြောင်.သာဝိပဿနာဥာဏ်ပေါ်ပြီး မဂ်ဥာဏ်ဆိုက်နိုင်တဲ.အတွက်ဝိပဿနာဘာဝနာက သမထဘာဝနာထက် ပိုပြီး အဆင်.မြင်.ပါတယ်။ပိုပြီးမြတ်ပါတယ်။

သမထဘာဝနာအားလုံးထဲမှာတော. ဗုဒ္ဓါနုဿတိဘာဝနာဟာ အဆင်.အမြင်.ဆုံး အမြတ်ဆုံးဖြစ်ပါတယ်။ဘာလို.လဲဆိုတော. ဗုဒ္ဓါနုဿတိ ရဲ.အာရုံက ဘုရားအာရုံ ဖြစ်ပြီး ဘုရားအာရုံဟာတလောက မှာရှိရှိသမျှ လောကီအာရုံတွေထဲမှာ အမြတ်ဆုံးအာရုံဖြစ်နေလို.ပါပဲ။ အမြတ်ဆုံးအာရုံကိုသတိရနေသူရဲ.စိတ်မှာ အမြတ်ဆုံးဓါတ်တွေကူးစက်ပြီးအမြတ်ဆုံးကုသိုလ်တွေ တိုးပွားနေပါတယ်။အမြတ်ဆုံး ကုသိုလ်ကြောင်. အမြတ်ဆုံးကောင်းကျိုးတွေ မလွဲမသွေ ရနိုင်တာမို. အမြတ်ဆုံးအာရုံကို အောင်.မေ.ဆင်ခြင်ရတဲ. ဗုဒ္ဓါနုဿတိဟာ အမြတ်ဆုံးဘာဝနာဖြစ်ရပါတယ်။ ဗုဒ္ဓဆိုတာ ဘုရားဂုဏ်တော် အနုဆိုတာ ထပ်တလဲလဲ သတိဆိုတာအမှတ်ရတာဗုဒ္ဓနုဿတိတော. ဘုရားဂုဏ်တော် ကိုထပ်တလဲလဲအမှတ်ရတာပေါ.။ဘုရားဂုဏ်တော်ဆိုတာ ဘုရားရဲ. အရည်အချင်း ဘုရားအစွမ်းသတ္တိပါပဲ။ ဘုရားရဲ.အရည်အချင်းတွေ ဘုရားရဲ.အစွမ်းသတ္တိတွေကိုထပ်တလဲလဲအမှတ်ရနေတာ ထပ်တလဲလဲနှလုံးဆင်ခြင်နေတာကိုပဲ ဂုဏ်တော်ပွားတယ် ဗုဒ္ဓနုဿတိပွားတယ်လို.ခေါ်ပါတယ်။

ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော.မိတ္တူကူးတာပါပဲ။မြတ်စွာဘုရားရှင်မှာရှိတဲ. အရည်အချင်းတွေအစွမ်းသတ္တတွေကို ကိုယ်.စိတ်ထဲကိုယ်.နှလုံးသားထဲမှာ စိမ်.၀င်ပျံနှံလာအောင် မိတ္တူကူးယူတာပါ။စံပယ်ပန်းကို လက်ထဲဆုတ်ထားရင် စံပယ်ပန်းရနံ.လက်မှာကူးစက်လာသလို မြတ်စွာဘုရားရှင်ရဲ.အရည်အချင်းတစ်ခုခုအစွမ်းသတ္တိတစ်ခုခုကို ထပ်တလဲလဲအမှတ်ရနေရင် အဲဒီအရည်အချင်းမျိုး အဲဒီအစွမ်းသတ္တိမျိုး ကိုယ်.စိတ်ကိုယ်.နှလုံးသားမှာကူးစက်လာပါတယ်။

မြတ်စွာဘုရားရဲ.အရည်အချင်းအမျိုးမျိုး အစွမ်းသတ္တိအမျိုးမျိုးကို အမှတ်ရနေရင်တော. ကိုယ်အမှတ်ရနေတဲ. အစွမ်းသတ္တိနဲ. အလားတူအစွမ်းသတ္တိတွေ ကိုယ်.စိတ်ကိုယ်နှလုံးသားမှာ ကူးစက်လာတော.ပါပဲ။စိတ်နှလုံးမှာ ကူးစက်လာတဲ. အရည်အချင်းတွေအစွမ်းသတ္တိတွေ နှုတ်ပေါ် ကိုယ်ပေါ် အထိ ခုန်ဆင်းလာတဲ.အတွက်နှုတ်အမူအရာ မှန်သမျှမှာလည်း အရည်အချင်းကောင်းတွေ အစွမ်းသတ္တိကောင်းတွေ လွှမ်းခြုံပြီးပြောလိုက်သမျှ စကားအားလုံးအဆင်.မြင်.စကားတွေဖြစ်သွားပါတယ်။ကိုယ်အမူအရာမှန်သမျှမှာလည်း အရည်အချင်းကောင်းတွေအစွမ်းသတ္တိကောင်းတွေပြည်.နှက်နေပြီး ပြုလုပ်သမျှလုပ်ရပ်အားလုံး အဆင်.မြင်.လုပ်ရပ်တွေဖြစ်သွားပါတယ်။

ကိုယ်.ရဲ.လက်တွေဘ၀ထဲမှာ ပြောသမျှအဟုတ်လုပ်သမျှအမှန်ကြံသမျှအကောင်း ဖြစ်ဖို.အတွက် ဗုဒ္ဓနုဿတိဘာဝနာ(ဘုရားဂုဏ်တော်ပွားတဲ.အလုပ်)ကအပြည်. အ၀တာဝန်ယူပါတယ်။ဘာကြောင်.လဲဆိုတော. ဘုရားရှင်မှာရှိတဲ. ဂုဏ်တော်အားလုံးက ပြောသမျှအဟုတ်လုပ်သမျှအမှန်ကြံသမျှ အကောင်းတွေချည်းဖြစ်နေလို.ပါပဲ။

အဓိပ္ပါယ်မသိဘဲပါဠိသက်သက်ပွားနေရုံနဲ.တော.မြတ်စွာဘုရားရှင်ရဲ.အရည်အသွေးကောင်းတွေ ကိုယ်.ဘ၀ထဲကို ဘယ်လို.နည်းနဲ.မှ ရောက်မလာနိုင်ပါဘူး။အင်္ဂလိပ်စကားမတတ်တဲ.လူတစ်ယောက်ကိုအင်္ဂလိပ်လိုသွားဆဲလို. စိတ်ဆိုးမှာမဟုတ်သလို အင်္ဂလိပ်လိုသွားချီးမွမ်းလို.လဲဝမ်းသာမှာမဟုတ်လို.ပါပဲ။

အရဟံ အရဟံလို. အခေါက်ပေါင်းများစွာပုတီးပတ်ပေါင်းများစွာ ရွတ်နေရင် ကုသိုလ်တော.ရပါလိမ်.မယ်။ဒါပေမယ်.အရဟံဂုဏ်တော်နဲ.အလားတူအရည်အသွေးမျိုးတော.ကိုယ်.ဘ၀ထဲကို ကူးစက်မလာနိုင်ပါဘူး။ အရဟံရဲ. အဓိပ္ပါယ်မသိဘဲနဲ. အရဟံဂုဏ်တော်ကြီးကိုကြည်ညိုလိုက်တာဆိုတာလည်းလုံးဝ မဖြစ်နိုင်ပါဘူး။အရဟံရွတ်ရင်စီးပွားတက်မယ်၊လာဘ်ရွှင်မယ်ဆိုတဲ.အမျှော်လောဘနဲ. ရွတ်နေတာမျိုးပဲဖြစ်နေပါလိမ်.မယ်။

ဘုရားဂုဏ်တော်ပွားခြင်းရဲ.အနှစ်သာရက အန္တရာယ်ကင်းဖို. လာဘ်ရွှင်ဖို.မဟုတ်ပါဘူး။နေ.စဉ်ဘ၀ထဲက ကိုယ်.ရဲ.စိတ်ဓါတ်နဲ.လုပ်ရပ်တွေကို ဂုဏ်တော်သဘာဝနဲ.အကောင်းဆုံးဖြစ်အောင်ပြုပြင်ဖို.အတွက်ပါ။ဂုဏ်တော်ဟာ ဘ၀ရဲ.စည်းကမ်းဂုဏ်တော်ဟာ ဘ၀ရဲ. လမ်းညွှန်ချက်လို.ဆိုနိုင်ပါတယ်။ဂုဏ်တော်လမ်းညွန်ချက်နဲ.အညီကိုယ်.ဘ၀ကိုဖန်တီးတည်ဆောက်ဖို. ဂုဏ်တော်ပွားရတာပါ။

(ရှင်ဆန္ဒာဓိက ဆရာတော်ရဲ. အနှိုင်းမဲ.ဘာဝနာစာအုပ် ကကူးယူဖေါ်ပြထားတာပါ။ နောက်အချိန်ရရင် တစ်အုပ်လုံးပြီးအောင်ဆက်ကူးပေးပါ.မယ်။)

Leave a Reply

You must be logged in to post a comment.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP