* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 6, 2009

*အရည်ပျော်သွားသောနာရီစက္ကန့် လက်တံများအကြောင်း*



သာသနာတော်နှစ် (၂၅၅၃)၊ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့(သာမ
ညဖလအခါတော်နေ့) နံနက်(၈)နာရီအချိန်တွင် ဆရာတော်အရှင်သာဓိန(ခေတ္တ-ဘုံဘေ) ကကျွန်
တော်တို့ကျောင်းရှိဘုရားခန်းတွင်အွန်လိုင်းမှတဆင့်ဟောကြားတော်မူခဲ့သော
အရည်ပျော်သွားသော နာရီစက္ကန့်လက်တံများအကြောင်း” တရားတော်ကို ဓမ္မ မိတ်ဆွေသူတော်
ကောင်းအပေါင်းတို့အားပြန်လည်ဖော်ပြလိုက်ပါသည်။အဲဒီနေ့ကကျွန်တော်တို့ကျောင်းမှအကိုကြီး
များနှင့်ညီငယ်များဘုရားခန်းတွင် စုဝေးပြီးဆရာတော်ထံမှသီလတရားယူပြီးအောက်ပါတရားတော်
လေးကိုနာကြားခဲ့ပါသည်။
အရည်ပျော်သွားသော နာရီ စက္ကန့် လက်တံများ အကြောင်း
ဘ၀မှာ အရေးကြီးဆုံးက ဘာလဲလို့မေးလာရင် သင်ဘယ်လိုဖြေမလဲ မိတ်ဆွေ၊ ကျွန်ုပ်အလိုအရ
တော့ ဘ၀မှာအရေးကြီးဆုံးကတော့ ဘ၀ပါပဲလို့ ဖြေချင်ပါတယ်၊ မိတ်ဆွေသဘောတူချင်မှ တူမယ်
ပေါ့လေ၊ ဟုတ်ပါတယ်- လွတ်လပ်စွာသဘော ကွဲလွဲခွင့်ရှိတာ အမှန်ပါ၊ ကိုယ်က ဒါကိုသဘောကျ
လို့ သူ့ကိုလည်း ဒီဟာကိုပဲ သဘောကျပါလို့ပြောလို့မှမရတာ။
မိတ်ဆွေတို့ ကြားဘူးကြမယ်ထင်ပါတယ်၊ အချိန်သည်ငွေ အချိန်သည်ရွှေ ဆိုတဲ့စကားတစ်ခု။
ကျွန်ုပ်ကတော့ အချိန်ကို ဒီထက်ပိုပြောလိုက်ချင်ပါတယ်၊ အချိန်သည် အသက်၊ အချိန်သည် ဘ၀…
အချိန်သည် အသက်၊ အသက်သည် ဘ၀၊ ဘ၀သည် လောကမှာ အရေးအကြီးဆုံး၊ အချိန်နှင့်ဘဝ
သည် တစ်ထပ်တည်း တန်ဘိုးရှိသည်၊ ဘ၀ သို့မဟုတ် အသက်သည် လောကမှာ အရေးကြီးဆုံးလို့
ဆိုတာကို လက်ခံလျှင်ဖြင့် လောကမှာ အရေးကြီးဆုံး နောက်ထပ်တစ်ခုဟာ အချိန်ပါပဲ။ အသက်ရှိနေသေးတယ်ဆိုရင် ဘ၀ရှိနေသေးပါတယ်၊ ဘ၀ရှိနေသေးတယ်ဆိုရင် အချိန်လည်း ရှိ
နေပါသေးတယ်၊ အသက်ပျောက်ပြီဆိုရင်တော့ ဘ၀လည်း အဆုံးသပ်သွားတာပေါ့၊ အချိန်တစ်ခု အဆုံးသပ်သွားတာပေါ့၊ တစ်ခုလေ၊ ဘ၀အားလုံး အဆုံးသပ်တာတော့ ဘယ်ဟုတ်ပ၊ ဘ၀က သံသ
ရာရှိနေသေးသမျှ ရှိနေရအုံးမှာကိုးနော။ကျွန်ုပ်ကတော့ အသက်ဆိုတာကို ဒီလိုဖွင့်ဆိုချင်တယ်-
အသက်= ဘ၀= အချိန်၊ အဲဒီလိုလေးပေါ့၊ သဘောကျမှလက်ခံပါ၊ မတူရင်လည်း ငြင်းလိုက်ကြပေါ့
နော။
[Live is of quail life. The Life is of quail Time.]
ခု အဲ အရေးကြီးဆုံး တန်ဘိုးအမြင့်ဆုံးဆိုတဲ့ အချိန်တွေကို ခင်ဗျားရော ကျွန်ုပ်ရော အရေဖျော်ပစ်
နေကြတယ်၊ အချိန်တွေ အရည်ပျော်ကုန်ပီ၊ အရည်ပျော်ကုန်ပီ အချိန်တွေ၊ ဘယ်လို များဖျော်ပစ်ခဲ့
ကြလိမ့်ဲ။
ခင်ဗျား စဉ်းစားဘူးလား၊ သတိထားမိရဲ့လား၊ ခင်ဗျားအချိန်တွေကို လက်ဖက်ရည်ခွက်ထဲမှာ ကော်
ဖီပန်းကန်ထဲမှာ ဘယ်လောက်များများ ခင်ဗျားရင်ဘက်ထဲက အန်ထွက်လာတဲ့ အရည်မရ အဖတ်
မရတဲ့ လေတွေနဲ့အတူ ဖျော်သောက် ပစ်ခဲ့ပြီးပြီလဲ။
ညနေခင်းရဲ့အလှတရားတွေကိုရော မူးရစ်စေတတ်တဲ့ အရက်သေစာတွေနဲ့ ဘယ်လောက်များများ
အရုပ်ဆိုး အကျည်းတန်စေအောင် ဘောလုံး စကားတွေကို အမြည်းလုပ်ပီး ဘယ်လောက်များများ
မူးရစ်တွေဝေစေခဲ့ပြီးပြီလဲ၊ အရည်ဖျော်ပြီးခဲ့ပြီလဲ။
တန်ဘိုးများလှတဲ့ နေမင်းသခင်ပေးဆပ်ထားတဲ့ နေ့လည်ခင်းရဲ့အချိန်တွေကို ရော ဘာအလုပ်မှမ
ပါဘဲ တစ်စုံတရာ အကျိုးမပါဘဲ ဘယ်လောက်များများ ဖြုန်းတီးဖြစ်ခဲ့ပြီးပြီလဲ။
ပူသေးလို့၊ အေးလွန်းလို့၊ စောသေးလို့၊ နောက်ကျသွားလို့၊ ဗိုက်ဝလွန်နေလို့၊ ဗိုက်ဆာနေသေးလို့
ဆိုပြီးတော့ ဘာမှမလုပ်ဘဲ ဘယ်လောက် အချိန်တွှေ ကုန်လွန်စေ ခဲ့ပါသေးသလဲ…………။
တကယ်တော့ အချိန်ရှိနေသေးတဲ့အခါမှာ ဘ၀ဟာ လှနေသေးတာပါ၊ အသက် မပါတော့တဲ့ ဘဝ
မှာတော့ အချိန်ကုန်သွားပီမို့ နေ၀င် မိုးချုပ်ညလို မှောင်မိုက်သွား တတ်တာကိုရောဘယ်လောက်
များများ သတိထားမိခဲ့ပါ သေးတုန်း။
အသက်မရှိတော့ရင် ဘ၀မရှိတော့ဘူး၊ ဘ၀မရှိတော့ရင်အချိန်ကုန်သွားပီ၊ အချိန်ကုန်သွားမှဖြင့်
ဘာများလုပ်လို့ ရတော့မှာမို့ ခုလိုအချိန်တွေကို အရေဖျော်ပစ်နေကြ ပါလိမ့်၊ ဘယ်က အားကိုးများ
ရှိထားလို့ အဲဒီတန်ဘိုးတွေကို တန်ဘိုးမဲ့စေနေကြပါလိမ့်နော်။
ကြားဘူးမိပါရဲ့- နီတိစကားတစ်ခု-
(က) ပထမအရွယ်မှာ ပညာရှာ
(ခ) ဒုတိယအရွယ်မှာ ဥစ္စာရှာ
(ဂ) တတိယအရွယ်မှာ ဘာဝနာရှာတဲ့
နီတိဆရာကတော့နီတိစကားပဲဆိုပေမှာပေါ့၊နီတိဆရာဆိုတာကလည်းလောကအကြောင်းလောက်
ပဲ သိတတ်တာကလား၊ လောကရဲ့ ဟိုဘက်အလွန် လောကုတ္တရာဆိုတာကိုတော့ ဘယ်သိနိုင်ပ။ လောကရဲ့အလွန် ဟိုမှာဘက် လောကုတ္တရာကိုတော့ ဘုရားရှင်သာလျှင် အကုန်အစင်သိနိုင်တာမ
ဟုတ်ပါလေလား၊ အကုန်သိတတ်တဲ့ ဘုရားစကား မဟုတ်လေတော့ တစ်သမတ်တည်း ယူထားရင်
ဖြင့် အချိန်ဆိုတာနဲ့ တွက်ကြည့်ရင် အလွဲကြီးသာလွဲတော့မပေါ့။သူက ဘ၀ကိုအကြမ်းလေးတွက်ပြ
ထားတာ၊ အနုမစိပ်ပါဘူး၊ ဘုရားကတော့ အနုစိတ်ပီးဘ၀ကိုအကောင်ထည်ပေါ်တည်ဆောက်ပေး
ထားခဲ့တယ်၊အချိန်ကို ကိုယ်မပိုင်သေးသမျှအချိန်တွေဟာ သတ္တ၀ါတွေကို မနက် နေ့ ညအခါမလပ်
ဝါးမျိုနေတယ်တဲ့၊ ဘယ်အရာတွေကများ အချိန်ကို ၀ါးမျိုနေပါလိမ့်။
အိုခြင်းတရားကလည်း အချိန်ကို နာရီ စက္ကန့် လက်တံတွေနဲ့အမျှ ၀ါးမျိုနေတယ်၊ နာခြင်းတရားက
လည်း အချိန်ကို နာရီ စက္ကန့် လက်တံတွေနဲ့အမျှ ၀ါးမျိုနေတယ်၊ သေခြင်းတရားကလည်းအချိန်ကို
နာရီ စက္ကန့် လက်တံတွေနဲ့အမျှ ၀ါးမျိုနေတယ်တဲ့။
မအိုချင်သေးပါဘူးဆိုပြီး နားနေလို့ရကြပါရဲ့လား။
မနာချင်သေးပါဘူးဆိုပြီးရော အစောင့်ခိုင်းထားလို့ ရပါ့မလား။
မသေချင်သေးပါဘူးဆိုပြီးရော ငြင်းပစ်လိုက်လို့ ရကြပါရဲ့လား။
ခက်လိုက်တာ၊ ဒါနဲ့များ အချိန်ကို ကိုယ်ပိုင်ဆိုင်တဲ့ အခိုင်းအစေတစ်ယောက်လို ကန့်သတ်ထားကြ
တာများ အဲ့ကိုသြကုန်ရောဆိုသလိုပါပဲ။
ကြည့် ဘုရားစကား-
၁။ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာကို ဒို့ကြိုမသိ
၂။ ဘယ်အနာနဲ့ ဘယ်ရောဂါနဲ့ သေမယ်ဆိုတာကို ဒို့ကြိုမသိ
၃။ ဘယ်အချိန် ဘယ်နာရီ ဘယ်စက္ကန့်မှာ သေမယ်ဆိုတာကို ဒို့ကြိုမသိ
၎။ ဘယ်အရပ် ဘယ်ဒေသ ဘယ်သင်္ချိုင်း သေမယ်ဆိုတာကို ဒို့ကြိုမသိ
၅။ သေပီးရင် ဘယ်အရပ် ဘယ်ဒေသ ဘယ်နေရာကို ရောက်ကြမယ်ဆိုတာကို ဒို့ကြိုမသိ တဲ့…
ကဲ ဒီလိုဆို ဘာလို့များ အချိန်ကို အသက်ကို ဘ၀ကို သုံးပိုင်းပိုင်းပြီးနေရာပေးသတ်မှတ်ထားကြပါလိမ့်။
သေချာတွေးကြည့်ရင် ဘ၀ဟာ ကြောက်စရာ ငြီးငွေ့ဘွယ်ရာ မလိုချင် မတောင့်စရာပါပဲ။
ဒါပေမယ့် အသုံးချတတ်ရင်လည်း ဘ၀က ပျော်စရာ နေပျော်မွေ့ကြီး ဖြစ်ပြန်ရော။
အတိတ်ကိုမတွေးနဲ့တဲ့ သင်ခန်းစာယူပီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာ ဆောင်ပီး အလုပ်လုပ်
တဲ့၊ အနာဂတ်ကိုလည်း မျှော်တွေးမနေ့နဲ့တဲ့၊ မရောက် လာသေးဘူး၊ လုပ်စရာရှိတာ ခုလုပ်တဲ့။
ဟော ဆက်ပြီး မြတ်ဘုရားက မှတ်သားလိုက်နာဘွယ်ရာ ဟောထားပြန်ရော-
ပစ္စုပ္ပန်ဆိုတာ ကြည့်မှန်တစ်ချပ်လိုပဲတဲ့၊ ခုရောက်နေတဲ့ နေရာကိုကြည့် အတိတ်ကဘာတွေလုပ်ခဲ့
တယ်ဆိုတာကို မြင်နိုင်တယ်တဲ့၊ ထပ်ကြည့်တဲ့ ခု ငါဘာတွေလုပ်သလဲ၊ အဲဒါဟာအနာဂတ်အတွက်
တဲ့။
ရှေးကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင်နောင်ကောင်းပါလိမ့်မယ်တဲ့ဒါလည်း ဘုရားစကား။
တရားရှာတဲ့အလုပ် ဘာဝနာပွားတဲ့အလုပ်ကို တတိယအရွယ်မှာလုပ်ရမယ်တဲ့၊ နီတိဆရာစကားပါ၊ အဲဒီအလုပ်က တကယ်လွယ်လို့လား၊ အသက်ရွယ်ကြီး၊ အိုမင်းမစွမ်းဖြစ်၊ ခါးကိုင်း နားထိုင်း၊ ဆံဖြူ၊
သွားကြွေ၊ ပါးရေ နားရေ တွန့်၊ အဲဒီခါများမှပဲ တရားရှာမယ်တဲ့၊ ဟုတ်ကြပါရဲ့လား။
အဲဒီအလုပ်သာ အဲသလောက် လွယ်လွယ်ဖြစ်ခဲ့ရင် လောကမှာ အပူသည်တွေ ဒုက္ခနွံတွင်းက သူ
တွေရှိတော့မယ်မဟုတ်၊ အားလုံး ဒုက္ခဇာတ်သိမ်း ချုပ်ငြိမ်း နိဗ္ဗာန် ၀င်စံကုန်ကြပြီးပြီပေါ့၊ ဘာမှလုပ်စရာလိုတော့။
သေမင်းနဲ့များ အချိန်းအချက်လုပ်နိုင်တဲ့သူ ဘယ်သူများရှိနေပါလိမ့်၊ ငါမအား သေး၊ ဒီနေ့မသေနိုင်
ဘူး၊ မနက်ဖန်မှလာခေါ်၊ မနက်ဖန် လုပ်စရာ တွေရှိသေးတယ်၊ သဘက်ခါမှလာခဲ့၊ နောက်နှစ်မှာ ငါကထိန်အလှူ လှူမယ် စိတ်ကူးတယ်၊ ဟိုး နောက်နှစ်မှ လာခေါ်ပါ၊ စသဖြင့် ဒီနေ့ မနက်ဖြန် သေ
မင်းကို အချိန်းချက်လုပ်၊ အမိန့်ပေးနိုင်တဲ့သူ ဒီလောက ဘယ်သူများရှိနိုင်ပ။
ဟေ့ ငါမအိုချင်ဘူးကွ၊ တော်ပြီ ဒီအသက် ၂၅ နှစ်အရွယ်၊ ဒီမှာပဲရပ်ထား၊ဒီလိုလေးပဲငါနေချင်တယ်၊ အိုချင်းတရား မင်းငါ့အနား မကပ်နဲ့၊ ငါနဲ့ ဝေးဝေး နေ၊ မင်း ဘယ်တော့မှ ငါ့ဆီမလာခဲ့နဲ့ အဲလိုရော ပြောနိုင်စွမ်းသူ ဘယ်သူရှိပ။
ဟေ့ ငါကတော့ မနာချင်ဘူးကွ၊ နာတာနဲ့ ငါနဲ့မတည့်ဘူး၊ နာရင် အများကြီး ငါက နာတတ်တာ၊
ဘယ်ရောဂါမှ ငါမလိုချင်ဘူး၊ အကြောက်ဆုံးက ကင်ဆာဟေ့၊ သွေးတိုးလည်း အလိုမရှိဘူး၊ ဆီးချို
ဆို ငါကအလွန်မုန်းတယ်၊ ဘယ်အနာရောဂါ မှ ငါ့ဆီမလာခဲ့နဲ့၊ ပြောလို့ရပါရဲ့လား၊ ရေနစ်မသေချင်
ဘူးကွ၊ ငါက မွန်းတတ်တယ်၊ ကားတိုက်မသေချင်ဘူးကွ၊ ငါက အလှမက်တယ်၊ ခွေးရူးကိုက်မသေ
ချင်ဘူးကွ၊ ငါက ရူးမှာကို အလွန်ကြောက်တဲ့သူ၊ လေဖြတ်မသေချင်ဘူးကွ၊ နေရခက်လွန်းလို့၊ဘယ်
ဟာမှ ကိုယ်တကယ် မပိုင်ပါဘူးနော်။
ငါက တောမှာ မသေချင်ဘူးကွ၊ ပျင်းတယ်၊ မြို့ မှာပဲသေမယ်၊ ငါက တောမှာပဲ သေချင်တာကွ၊ မြို့
မှာ ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘူး၊ ဟေ့ လမ်းမှာတော့ မသေချင်ပါဘူးကွာ၊ ကိုယ့်အိမ်ကိုယ့်ရပ်ကိုယ့်
ဒေသမှာပဲ နားအေးပါးအေး သေပါရစေ၊ သူများရွာတွေမှာ သူများအရပ်တွေမှာ မျက်နှာငယ်ငယ်နဲ့ မသေချင်ပါဘူး၊ ကိုယ့်ဒေသ ကိုယ့်အရပ်မှာပဲ ကိုယ့်ရွာလေးမှာပဲ ဆွေမျိုး မိတ်ဆွေ စုံစုံလင်လင်နဲ့
လှလှလေး သေပါရစေတဲ့၊ အဲလိုရော တောင့်တလို့ ရပါ့မလား။
တကယ် မပိုင်ပါဘူး၊ အပိုင်မလုပ်ချင်ပါနဲ့လို့များပြောရင်ပြောတဲ့သူကိုများ အမုန်းပွားကြမလားမသိ၊
ဘ၀အသိကို ဘ၀လေး ရှိနေတုန်း သိနေစေချင်လိုက်တာ…
ဟော သေသွားပြီ၊ ဘ၀တစ်ခုကုန်သွားပြီ၊ အချိန်တစ်ခု အဆုံးသတ်သွားပြီ၊ နောက်တစ်ချိန်၊နောက်
ဘ၀ ဘယ်နားများ နားပ၊ ဘယ်နားများ ဖြစ်ပ၊ ဘယ်လိုပုံဟန်နဲ့များ နေရပါ့၊ ခွေးလား၊ လူလား၊နွား
လား၊ ကြက်လား၊ ငှက်လား၊ ပြိတ္တာလား၊ သရဲလား၊ နတ်လား၊ ဗြဟ္မာလား၊ လားလားလား ပေါ့…အခုဘာဖြစ်နေလဲ၊ အဲဒါက အတိတ်က အကျိုး၊ နောက် ဘာဖြစ်မလဲ၊ အဲဒါဟာ ခုရဲ့ ပုံရိပ်။ ရှေးက
ကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်း ပါလိမ့်မယ်တဲ့…
အချိန်ကို ဘယ်လိုသုံးခဲ့ကြပါလိမ့်၊ အရည်ပျော်နေခဲ့လား၊ အရည်ဖျော်ခဲ့လေ သလား၊ ဘ၀ကို တန်
ဘိုးထားသလား၊ အသက်ကို တန်ဘိုးထားသလား၊ ဘ၀နဲ့အသက်ကိုတန်ဘိုးထားတယ်ဆိုရင်အချိန်
ကို အကျိုးရှိရှိ အသုံးချစေချင်ပါသည်၊ အဲဒီအချိန်ဆိုတဲ့ နာရီ စက္ကန့် လက်တံတွေကို အရည်မပျော်
သွားအောင်၊ အရည်မဖျော်မိအောင် ကြိုးစားကြစေချင်ပါသည်။
ဘုရားက တရားကို ဒီလိုအချိန်မှာ အားထုတ်ကြတဲ့-
၁။ ငယ်ရွယ် ပျိုမျစ် နုနယ်တဲ့အချိန်
၂။ အနာရောဂါကင်းတဲ့အချိန်
၃။ အစာရေစာ ပေါများတဲ့အချိန်
၎။ တိုင်းပြည်အေးချမ်းချိန်
၅။ သံဃာတော်များ အငြင်းမပွား၊ အချင်းမများဘဲ ညီညွတ်တဲ့အချိန်တဲ့
အဲဒီအချိန်မှာတရားအလုပ် အားထုတ်လုပ်ကိုင်ကြတဲ့
တရား အားမထုတ်သင့်တဲ့အချိန်ကတော့ ပြောင်းပြန်ပါပဲ-
၁။ အိုးမင်းမစွမ်းချိန်
၂။ အနာရောဂါများပြား ထူပြောတဲ့အချိန်
၃။ အစာရေစာရှားပါးပြီး ငတ်မွတ်ခေါင်းပါးတဲ့အချိန်
၎။ တိုင်းပြည်မအေးချမ်းတဲ့အချိန်
၅။ သံဃာတော်များ မညီညွတ်ဘဲ အသင်းကွဲနေတဲ့အချိန်ပါတဲ့…

ဒီတော့ အချိန်သည် အသက်၊ အချိန်သည် ဘ၀၊ အသက်နဲ့ ဘ၀ပြတ်ချိန်သည်အချိန်ကုန်ပြီးနေ၀င်
မိုးချုပ် မှောင်မိုက်သွားလေပြီ…..
အရှင်သာဓိန(ခေတ္တ-ဘုံဘေ)
******************************************************
အားလုံး အမျှ...အမျှ...အမျှ ယူတော်မူကြပါကုန်...
သာဓု...သာဓု...သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP