* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 6, 2009

မနီလာ မှတ်တမ်း

သူငယ်ချင်းတွေနဲ့အတူ Philippine ကို လေ့လာရေး ခရီးသွားဖြစ်ပါတယ်၊ ကျွန်းငယ်လေးတွေ လေးထောင်ကျော်ရှိပြီး လှပတဲ့ ကမ်းခြေအလှတွေ အေဒီ ၁၅ရာစုက ဆောက်ထားတဲ့ ရှေးဟောင်း ဘုရားကျောင်းတွေ ခံတပ်တွေကလဲ နိုင်ငံခြားသားတွေအဖို့ စိတ်ဝင်စားစရာပါ၊

ဖီလစ်ပိုင်ကို သွားမယ်ဆိုရင် ဗီဇာယူစရာ မလိုပါဘူး၊ Immigration ကိုရောက်မှ Arrival Visa ထုပေးတာပါ၊ နေရာတိုင်းမှာ လွတ်လွတ် လပ်လပ်သွားနိုင်တယ်၊ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် မုန်တိုင်းတော့ မကြာခဏ ၀င်ပါတယ်၊ စာရေးသူတို့ မနီလာကို စရောက်တဲ့နေ့က တိုင်ဖုန်းမုန်တိုင်း ၀င်တာကို တွေ့ခဲ့ရတယ်၊ ဘ၀တစ်သက် မတွေ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုပါ၊ တိုင်ဖုန်းမုန်တိုင်းက ဆောင်းရာသီမှာကျတဲ့ နှင်းငွေ့တွေလို အရင်ထုတ်လွှတ်ပါတယ်၊ ပြီးတော့ မြွေအော်သံနဲ့တူတဲ့ အသံတွေ မြည်လာပါတယ်၊ တရွှီးရွှီးမြည်နေတဲ့ အသံတွေက တိုင်ဖုန်းအတွေ့အကြုံ မရှိသူတွေကို ကြောက်လန့်စေတာတော့ အမှန်ပါပဲ၊ ပြီးရင် လေတွေ မိုးတွေ ပြင်းပြင်းထန်ထန် ကျလာတော့တာပါ၊

ဒါကြောင့်မို့ ထင်ပါရဲ့ မနီလာမြို့ မြင်ကွင်းကလဲ သန့်ရှင်းမှု အားနည်းလှပါတယ်၊ သစ်ရွက်ခြောက်တွေ ရေအိုင်တွေ မနီလာမြို့ အနှံ့တွေ့နေရပါတယ်၊ မနီလာမြို့ပေါ်မှာ လိုင်းကားကောင်းတွေ မရှိသလောက်ပါပဲ၊ မနီလာက ထုတ်တဲ့ ဂျစ်ကားရှည်ကြီးတွေကို အမြတ်တနိုး လိုင်းကားပြေးဆွဲနေတာ တွေ့ရတယ်၊

မနီလာမြို့ပေါ်မှာ လေ့လာစရာတွေကတော့ အေဒီ ၁၅ရာစုက စပိန်လူမျိုးတွေ ဆောက်ထားခဲ့တဲ့ ရှေးဟောင်း Church ကျောင်းတွေ၊ မနီလာမြို့ မြောက်ပိုင်းက ခံတပ်တွေ၊ မနီလာကမ်းခြေနဲ့ မနီလာမြို့လယ်မှာရှိတဲ့ Museum City Hall စတာတွေဟာ လေ့လာသင့်တဲ့နေရာတွေပါ၊

မနီလာကနေ ၂ နာရီကျော် လေယဉ်စီးရတဲ့ စီဘူး ကမ်းခြေဟာလဲ နိုင်ငံခြားသားတွေ အများဆုံးသွားရောက်တဲ့နေရာပါ၊ မနီလာမြို့ခံတွေရဲ့ အဆိုအရ မနီလာထက် မနီလာပြင်ပက ပိုပြီးသာယာလှပတယ်လို့ ဆိုပါတယ်၊ မိမိတို့သူငယ်ချင်းတစ်စုကတော့ မနီလာမြို့အပြင်ဖက်တွေက မရောက်ဖြစ်ခဲ့ဘူး၊

စာရေးသူရဲ့ တစ်ဦးတည်းအမြင်အရတော့ မနီလာမြို့ပေါ်မှာ လူတွေအလုပ်လက်မဲ့များနေတာ တောင်းရမ်းနေတဲ့ကလေးငယ်များနေတာ စီးပွားရေး နလန်မထူနိုင်လို့ မျှော်လင့်ချက်မဲ့နေတာတွေ တွေ့မြင်ခဲ့ရသလို ကိုယ့်ကျင့်သိက္ခာရောင်းစားတဲ့ လူတွေလဲ ပေါများတယ်လို့ မြင်ပါတယ်၊

မြို့တွင်းနေရာတွေ ညစ်ပတ်နေတာတွေလဲ နေရာတိုင်းလိုလို တွေ့ခဲ့တယ်၊ ဒါက စာေ၇းသူတို့ သွားသလောက် မြင်သလောက်ကိုသာ ပြောပြနိုင်တာပါ၊ စိတ်ထဲမှာတော့ ရန်ကုန်လောက် သန့်ရှင်းမှု မရှိဘူးလို့ ခံစားခဲ့ရတယ်၊ ဟိုတယ်ခ စားသောက်စရိတ်စတာတွေကတော့ ဈေးကြီးတယ်လို့ မဆိုနိုင်ပါဘူး၊ တညတာ ဟိုတယ်တည်းခိုစရိတ် ဒေါ်လာ ၄၀ ၊ ထမင်းတနပ် ဖီလစ်ပိုင်ငွေ Peso ၈၅ လောက်ပဲရှိတာမို့ သက်သာတယ်လို့ ပြောရမယ်ထင်ပါတယ်၊

မြန်မာထက်သာတာတွေကတော့ ရေမှန် မီးမှန် လမ်းကောင်း ဆက်သွယ်ရေးကောင်းတာတွေဟာ မြန်မာထက်သာတာ သေချာပါတယ်၊
ခရစ်ယာန်အများစုရှိတဲ့နေရာမှာ မဟာယာန ဗုဒ္ဓဘာသာကျောင်းတော်ကြီး နှစ်ခု ရှိနေတာကတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဂုဏ်ယူစရာပါ၊ ရှစ်ထပ်အဆောက်အဦးကြီး နှစ်ခုနဲ့ ကြီးကျယ်ခန်းနားစွာ တည်ဆောက်ထားတာပါ၊ အဲဒီအဆောက်အဦးရဲ့ အပေါ်မှာ စေတီတော်ကြီးတစ်ဆူတည်ထားပါသေးတယ်. မနီလာမြို့ ဘယ်နားကကြည့်ကြည့် အဲဒီစေတီတော်ကို တွေ့မြင်နိုင်ပါတယ်၊

မနီလာမှာ ငါးရက်လှည့်ပတ်ပြီး ခရီးတွေဆက်ဖြစ်နေပါတယ်၊
ဆရာတော်ကြီးများရဲ့ အဆိုအရတော့ သုဒ္ဓါဝါသ ငါးဘုံကလွဲလို့ ကျန်တဲ့နေရာ အားလုံးဟာ အရင့်အရင်တွေက ရောက်ဖူးပြီးသားတွေလို့ ဆိုပါတယ်၊ သံသရာကျင်လည်စဉ်ကလို့ ဆိုလိုတာပါ၊ ဘုရားရှင်ကတော့.. ရဟန္တာမဖြစ်သေးသမျှ သံသရာ ခရီးသွား အဆင့်သာရှိသေးကြောင်း ဟောတော်မူပါတယ်၊ ဘယ်လိုဖြစ်ဖြစ် ဒေသတွင်းခရီး နိုင်ငံရပ်ခြားခရီးမှသည် သံသရာခရီးလျှောက်လှမ်းတဲ့အချိန်မှာ များများလဲချန်ထား များများလဲယူသွားနိုင်အောင်ကြိုးစားရင် ခရီးဆုံးကို ဆက်လက်ချီတက်နေရမယ် မဟုတ်ပါလား၊ ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP