* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 6, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၇)

စေတနာသာလျှင် အဓိကပါ
စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ ၊ စေတနာသည်ပင် ကံ လို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ စေတနာကောင်းရင် ကံကောင်းမယ်၊ စေတနာမကောင်းလျှင် ကံမကောင်းဘူး။
မကြာသေးခင်က ဗုဒ္ဓဂါယာမှာ ကားအဲဆီးဒင့် ဖြစ်ပြီး ဘုန်းကြီးတစ်ပါးက ပျံတော်မူတယ်။ ဒကာမတစ်ဦးကတော့ ခြေ သုံးပိုင်းကျိုးပြီး အသက်ရှင်ကျန်ခဲ့ပါတယ်။ ထိုဒကာမဟာ အခုဆိုရင် မြန်မာပြည်သို့ ပြန်ရောက်နေပါပြီ။
စာရေးသူဟာ mcc မှ မအေးဝင်းနဲ့ အွန်လိုင်းပေါ်မှာ ဆုံဖြစ်ကြပါတယ်။ အထက်က အကြောင်းကို ပြောပြရာ သူမက “အရှင်ဘုရား….ချေကျိုးသွားတဲ့ အမျိုးသမီးအကြောင်းကို တပည့်တော်သိပါတယ်ဘုရား၊ မကြာသေးခင်က ထိုအမျိုးသမီးရဲ့ ၀မ်းကွဲတော်စပ်သူ အမျိုးသမီးတစ်ယောက်နဲ့ ကျိုက်ထီးရိုး ဘုရားသွားဖူးကြပါတယ်ဘုရား၊ သူမပြောပြတဲ့စကားအရ….ဖြစ်ပုံမှာ …

ဒီနေ့က ဆရာတော် ခြေလျင် လျှောက်ဖို့ပါပဲ၊ သူမက ကားငှားစီးသွားရအောင်ဆိုတော့ ဆရာနဲ့သူမတို့ သုံးဘီးကား ငှားစီးပြီး သွားခဲ့ပါတယ်။ အဲဒီမှာ ကားအဲဆီးဒင့် ဖြစ်ပြီး ပျံတော်မူတာဖြစ်တယ်။ ဆရာတော် ပျံတော်မူတာ သူ့ကြောင့်ဆိုပြီး အလွန် စိတ်မကောင်းဖြစ်နေတယ်၊ လို့ တဆင့်ပြန်လည်ကြားခဲ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြောရရင် အထက်မှာ ဆိုခဲ့တဲ့အတိုင်းပဲ စေတနာသာ အဓိကပါ ဆရာတော်ကို ကိုယ်က သက်တောင့်သက်သာ ချမ်းသာစေချင်တဲ့ စေတနာကောင်းနဲ့ ကားငှားစီးသွားတာပါ၊ အစက ဒီလိုဖြစ်မယ်မှန်းသိရင် ဘယ်ငှားပါ့မလဲ၊ ခုတော့ ကြိုသိတာလဲမဟုတ်၊ ချမ်းသာစွာ လိုတဲ့ခရီးကို ကြွစေချင်တဲ့ စေတနာကြောင့် မထင်မှတ်ပဲ ဖြစ်သွားတာဟာ ကိုယ့်မှာ ဒီ case နဲ့ပတ်သက်ပြီး လုံးဝမပြစ်မရှိပါဘူး လို့ပဲ ပြောပါရစေ။
တစ်ခါက စာရေးသူတို့ ကျောင်းမှာ ဆွမ်းချက်တဲ့ ဒကာမတစ်ဦးက စားရတဲ့ မှိုလို့ မှတ်ထင်ကာ ကန်းဇွန်းရွက်လှော်နဲ့ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်ပြီး စာရေးသူတို့အား ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုဉ်ပေးပြီး ၁း၃၀ နာရီ လောက်အကြာမှာ ခေါင်းထဲ မူးနောက်နောက် ဖြစ်လာကာ စားထားသမ၊ျှ အစာများ ပြန်လည်အန်ချပါလေရော။ ထို့အတူ ကျောင်းရှိ စားမိတဲ့ ရဟန်းသံဃာတော်များ အားလုံး မှိုအဆိပ်သင့် ကုန်ပါတော့တယ်။
ဆရာဝန်၊ သူနာပြုများက ကျောင်းတွင်းက သင့်တော်တဲ့ ကျောင်းဆောင်တစ်ခုမှာ ဆေးရုံ အသွင်ပြုလုပ်ကာ တစ်ညလုံး ဂျူတီ အလှည့်နဲ့ ပြုစုစောင့်ရှောက်ကုသပေးတဲ့အတွက် သက်သာရာ ရသွားကြတာပါ။ တစ်ချို့လူများကလည်း ထိုကိစ္စနဲ့ပတ်သက်ပြီး ဆွမ်းချက်ကျွေးသူကို အပြစ်တင်ကြတယ်။
အမှန်မှာ ဆွမ်းချက်ကျွေးတဲ့သူဟာ စားရတယ်ထင်လို့ ခူးပြီး မွန်မွန်မြတ်မြတ် ချက်ပြုတ် ကျွေးမွေးဆက်ကပ်တာပါ။ တကယ်လို့ မရမှန်းသိရင် သူလည်း ဘယ်ဆက်ကပ်ပါ့မလဲ။ ဒါကြောင့် ဆွမ်းချက်သူမှာ အပြစ်မရှိပါဘူး။ တကယ်တန်း အပြစ်ရှိသူဟာ မှိုအဆိပ်သင့်တဲ့ ရဟန်းသံဃာတော်များသာ ဖြစ်တယ်။ ဘာကြောင့်ဆိုရင် ကံအကျိုးပေးချိန်တန်ပြီဆိုရင် မခံမနေရ ခံရတတ်ပါတယ်။ မည်သူမပြု မိမိအမှု ဆိုတဲ့ အတိုင်း အတိတ်က မကောင်းတာ တွေ လုပ်ခဲ့တဲ့ အပြစ်ကြောင့် ခုလို ခံရတာပါ။ အတိတ်က မကောင်းမှု ပြုလုပ်ခဲ့တာကို လူတွေသိကုန်ပြီ လို့ ပြောရမလားပဲ။
ဒါကြောင့် ဆွမ်းချက်ကျွေးတဲ့ အမျိုးသမီးမှာ အပြစ်လုံးဝ မရှိတဲ့အပြင် စေတနာပါပါနဲ့ ကျွေးမွေးဆက်ကပ်တဲ့အတွက် ကုသိုလ်တောင် ရပါသေးတယ်။
စေတနာသာ အဓိက ဆိုတဲ့အတိုင်း ကောင်းတဲ့စေတနာက ကောင်းကံပေးပြီး မကောင်းတဲ့စေတနာက မကောင်းကျိုးပေးမှာပါ။ စာဖတ်သူများ စိတ်ကောင်းစေတနာ ထားနိုင်တဲ့သူများ ဖြစ်ကြပါစေ………….။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP