* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 15, 2009

သပြတ္ခါးသီး ၀ိဇၹာ

သင်္ဂဇာဆရာတော်ဘုရားကြီး ၏ တရားဓမ္မဟောပြလေတိုင်း ပုံဆောင်ခဲ့တဲ့ ဥပမာ၊ စကားပုံ၊ ပုံပြင်၊အတုယူမှတ်သားဖွယ်ရာများ.....

ဆရာတော်ဘုရား မြင်းခြံမြို့သို့ရောက်ရှိပြီး တရားရေအေးတိုက်ကျွေးနေစဉ်ခိုက်ဖြစ်ပါသည်။

အဂ္ဂိရတ်လင်မယားနှစ်ယောက်တို့ ရန်ဖြစ်စကားများကြသည်။ သတ်ပုတ်ကြသည်။ သွေးထွက် သံယိုဖြစ်ကြ တယ်။ ရပ်ရွာလူကြီးတွေ ဆုံးမ၍မရတော့လို့၊ နောက်ဆုံးတွင် ဆရာတော်ထံမှောက်သို့ ခေါ်ယူ ရောက်ရှိလာ ကြလေသည်။

အရှင်ဘုရာှး...၊ဤမိန်းမနှင့် ယောက်ျားသည် အလွန်နားပူပါသည်ဘုရား၊ မိန်းမဈေးရောင်း၍ ရသမျှကိ ယောက်ျားဖြစ်သူက အဂ္ဂိရတ်ထိုးသဖြင့် ကုန်ပါသည်။ ထို့ကြောင့် မိန်းမက ဖျက်သည်တွင် ရွှေဖြစ်အောင်လုပ်သည်ကို ဖျက်ရကောင်းလား ဟုစကားများ ရန်ဖြစ်ပါသည် ဘုရား။ တစ်ရပ်ကွက်လုံး နားပူပါသဖြင့် နားအေးအောင်တရားရေအေး တိုက်ကျွေးတော်မူပါဦးဘုရား လိုလျောက်ထားပါတယ်။

ထိုအခါ ဆရာတော်က....ဒကာတို့ အဖြစ်က မုံရွေးအရပ်က ဆရာတစ်ဦးသည် စိတ်ရှုးပေါက်တိုင်း အလွတ်ကြွားပြီး သပွတ်ခါးဝိဇ္ဖာဖြစ်သလို နေပေါ့ကိုး...ဟု ဆရာတော်သည် ထုံးစံအတိုင်း ဥပမာခိုင်း၍ စကားစလေသည်။

ဟိုးရှေးတုန်းက...ရွာကြီးတစ်ရွာမှာ ပန်းတဉ်းဆရာတစ်ဦးရှိတယ်။ သူ့သမက်က အဂ္ဂိရတ်ဝါသနာပါလွန်းတယ်။ မယားရှာသမျှငွေကို အဂ္ဂိရတ်ထိုးပစ်တယ်။ လင်မယားစကားများပြီး မိန်းမက ယောက်ျားကို အိမ်က နှင်ချတယ်...။ဒီတော့ ရွာပြင်က ညောင်ပင်ကြီးအောက်မှာသွားပြီး အိပ်နေတယ်။ အဲသလို အိပ်နေတုန်း ခပ်နောက်နောက် နွားကျောင်းသမားက ခေါင်းရင်း ကနေ အိမ်မက်ပေးသတဲ့...

သပွတ်ခါးသီးကို တစ်ကျပ်၊ ထန်းဖို ထန်းလျက်ကို တစ်ကျပ်၊ ဆား တစ်မတ်... ဤသုံးရပ်ကို စရနယ်ပြီးလျှင် နေ၀င်မှာ တစ်လုံးမျို ၊ သန်းခေါင်မှာ တစ်လုံးစား၊ လင်းအားကြီး တစ်လုံးခွံ့...မကြောက်မရွံ့ နှင့်၊ ၀ိဇ္ဖာဖြစ်လတ္တံ။

နွားကျောင်းသားက အိမ်မက်ပေးပြီးထွက်ပြေးတယ်။ အဂ္ဂိရတ်သမားက အိပ်ရာကနိုးတော့..ငါ့ကို ရုက္ခစိုးမင်းသနားလို့ ပေးတဲ့ ၀ိဇ္ဖာဖြစ်နည်းဆေးပဲလို့ တွေးပြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့..အိမ်မက်ပေးတဲ့အတိုင်း ဆေးဖော်ပြီး စားတယ်။ ပြီးတော့..ငါတော့ ၀ိဇ္ဖာဖြစ်ပြီဆိုပြီး တောနက်ထဲဝင်သွားတယ်..။

အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ...မိန်းမပျိုတစ်ဦးဟာ မိဘတွေက သူ့ချစ်သူနဲ့ သဘောမတူ မပေးစားတဲ့အတွက် မိဘကို စိတ်နာပြီး တောထဲထွက်ပြေးလာတယ်။ ပြီးတော့...သပွတ်ခါးသီးဝိဇ္ဖာ အနီး ဗန့်ဗွေးပင်မှာ ကြိုးဆွဲချသေပါလေရော။ မနက်လင်းတော့ သပွတ်ခါးသီး ၀ိဇ္ဖာက သစ်ပင်မှာ တွဲလျားကျနေတဲ့ မိန်းမပျိုကိုမြင်တယ်....ဟာ...ငါဟာ ရုက္ခစိုးပေးတဲ့ ဆေးနဲ့ တကယ်ပဲ...၀ိဇ္ဖာဖြစ်နေပါပေါ့လား၊ ကြည့်စမ်း၊ ငါဟာ သူယောင်တောကို ရောက်နေပေါ့ကိုး...လို့တွေးပြီး မိန်းမပျိုအနားကို တိုးသွားကြည့်တယ်။

အဲဒီအချိန်မှာ ပဲ မိန်းမပျိုလေးကိုရှာနေတဲ့ ဆွေမျိုးသားချင်းတွေရောက်လာရော...မိန်းမပျိုနဲ့ သပွတ်ခါးသီးဝိဇ္ဖာနဲ့ အတူတွေ့တော့ နင့်ကြောင့် ငါ့တို့သမီးပျိုသေရတာ ဆိုပြီး ၀ိုင်းရိုက်ကြသတဲ့။

အဲဒီတော့ ..သပွတ်ခါးသီး ၀ိဇ္ဖာကမောင်ရင် တို့က ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဖာ၊ အင်းဝိဇ္ဖာတွေ ဖြစ်ကြပါတယ်။ ကျွန်ုပ်ထက်တန်ခိုးကြီးကြပါတယ်။ ကျွန်ုပ်က သပွတ်ခါးသီးတစ်လုံးနဲ့ ဖြစ်လာတဲ့ ၀ိဇ္ဖာဖြစ်လို့ သင်တို့လောက်အစွမ်းမထက်ပါဘူး။ မနှိပ်စက်ကြပါနဲ့ လို့တောင်းပန်တယ်။ ပြီးတော့ သူယောင်ကို ဂူချောင်သို့ သယ်ဆောင်သွားကြပါတော့ လို့မြည်တမ်းပါတယ်။

အဂ္ဂိရတ်...လုပ်ရပ်ဝါသနာ စွဲကပ်ရင် မွဲတတ်တယ် ဒကာတို့ လောက၌နေကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကုသိုလ် ဒါန သီလဘာဝနာ ဖြစ်ရာဖြစ်ကြောင်း ကောင်းတဲ့အကြံအစည်နဲ့နေရင် ဥစ္စာပင်မရသော်လည်းချီးမွမ်းထိုက်တယ်။ စည်းစိမ်ဥစ္စာ ရတနာ ရအောင် ရှာသူကို လည်းအပြစ်မတင်သာပေဘူး။ လောကီ၊ လောကုတ္တရာ ပညာရကြောင်း ကျိုးစားနေသူကို ဆိုရင်လည်း...ကောင်းပေတယ်လို့ ဆိုရမှာပဲ...။

အင်း ကုသိုလ် ၊ပညာ၊ ဥစ္စာ ရရာရကြောင်း သုံးခုအနက်တစ်ခုမှ မဟုတ်ဘူး ဆိုရင်တော့ ကဲ့ရဲ့ပြစ်တင်ခြင်းခံရပေမှာပဲ။ ဒါကြောင့် အကျိုးမယုတ် တိုးပွားအောင်သာ လုပ်ဆောင်သင့်ကြပေတယ်လို့ နောက်နောင် ရန်မဖြစ်အောင် ကျိုးကြောင်းပြကာ ဆုံးမတော်မူခဲ့ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP