* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 15, 2009

အမေ့ရင်ခွင်

အမေ့ရင်ခွင်…အရိပ်က
ထွက်ခွါလာခဲ့တာ….

ဒီနေ့ဆို……သုံးနှစ်ပြည့်ပြီ။

လနဲ့ရေတွက်ရင် သုံးဆယ်နဲ့ခြောက်လ

ရက်နဲ့ရေတွက်ရင်…………..

ရက်ပေါင်းတစ်ထောင်နဲ့ရှစ်ဆယ်

အမေရေ…………

ဒီဘက် ကမ္ဘာခြမ်းမှာတော့

အမေ့ရိပ်မြုံလေးလို မအေးချမ်းဘူး

မုန်တိုင်းတွေထန် ရေဆန်မှာအန်တုလို့

တက်ကုန်ရွက်လွင့်နေရတယ်………..

ခေါင်းမငုံ့စတမ်း အန်တု
ရန်ပြုစရာတွေကိုလည်း
မာန်မနုနေဘဲ ပြန်ရှုနေခဲ့ရဖူးတယ်။

“သမီးရေ ဘ၀ဆိုတာ

ကြမ်းတမ်းပေမယ့် နေသလိုဖြစ်တဲ့ဘ၀ထဲ

ဖြစ်သလိုမနေပါနဲ့ တဲ့”

အမေ့အမှာစကားလေးတွေ

အထပ်ထပ်အခါခါရေရွတ်မိပြန်တယ်။

အမေပေးလိုက်တဲ့ အဖြူရောင်အင်္ကျီလေး

သမီးအမြတ်တနိုးနဲ့

အခုထိသိမ်းထားဆဲပါ …… အမေ

အချို့ကတော့ …..

အျဖဴေရာင္အက်ီၤေလးကုိ

အရောင်ဆိုးချင်နေကြတယ်…..

သမီးအသက်ရှင်နေသရွေ့

အမေပေးထားတဲ့

“အဖြူရောင်လေး”

ဘယ်တော့မှအရောင်မညစ်စေရပါဘူး

အမေ……………………။
ခိုင်နုငယ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP