* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 24, 2009

၂၃.၁၁.၂၀၀၉ တနင်္လာနေ့ဆွမ်းပတ်အလှူ











ဦးဇင်း ဦးကောဝိဒ မှ အောက်ပါပို့စ်ကလေးကို မေးလ်နဲ့ပို့ပေးလာတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။ဦးဇင်း ဦးကောဝိဒ ရဲ့ဘလော့ဂ်မှာလည်း ပို့စ်တင်ထားပါတယ်ရှင်။

၂၃.၁၁.၂၀၀၉ နတ်တော်လဆန်း(၇)ရက်

အာရုဏ်ကြာဇံချက်အလှူရှင်

ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်းသူ(ရန်ကုန်မြို့)
( ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်း၏ ဆက်သွယ်မှု )

နေ့ဆွမ်း

ဆွမ်း+ပဲ

ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး)မန္တလေးမြို့။

နေ့ဆွမ်းဟင်း

ဝက်သား+ဂေါ်ရခါးသီး

သရက်ချဉ်

ငရုတ်သီးကြော်

(မ၀ါဝါခိုင်မင်း ၊ကိုရန်အောင်၊ရွာသာလေးဝိုင်တီယူ၊ဂျူလိုင်ဒရင်းတို့ဦးဆောင်သောတစ်နှစ်စာဆွမ်းအလှူရှင်များ
အဖွဲ့နှင့်ဦးအောင်ဖေအားရည်စူး၍ ဒေါ်နန်းသန္တာအောင်ကောင်းမှု ။ )

ဝေယျာဝစ္စကုသိုလ်ရှင်များ

ဦးသုဇာတ ၊ဦးအာဒိစ္စ ၊ ဦးပညာသာမိ ၊ ဦးကေသ၀ ၊ ဦးသာသန

ဦးသုဇတ ကတော့ ညပိုင်းဆွမ်းချက်တဲ့နေရာမှာတာဝန်ယူပြီးဆောင်ရွက်ပေးပါတယ်။

၊ဦးအာဒိစ္စ ၊ ဦးပညာသာမိ တို့ကတော့ နံနက်အစော စားပွဲခုံများ ချခြင်း၊ ထိုင်ခုံများစီစဉ်ပေးခြင်း ၊ အာရုဏ် ကပ်ရာမှာ အစစအရာရာ ကြာဇံဟင်း လိုက်ထည့်ခြင်းများဆောင်ရွက်ကြပြီး ဦးကေသ၀ ၊ ဦးသာသန တို့ကတော့ နေ့ဆွမ်းလောင်းလှူရာမှာ ပါဝင်ကုသိုလ်ယူကြပါတယ်။

သီလရှင်ဝေယျာဝစ္စ ကုသိုလ်ရှင်များ

ဒေါ်ဝါယမီ ၊ ဒေါ်ဝိလာသီ ၊ မစရဏမဉ္စရီ တို့မှဟင်းချက်စဉ်များနှင့်နေ့ဆွမ်းလောင်းလှူရာတွင် ကုသိုလ်ယူကြပါတယ်။

ဒါယကာ၊ ဒါယိကာမ ကုသိုလ်ရှင်များကတော့

မောင်ဇော်ဇော်အောင်၊ မောင်ဇော်ထွေးဦး၊ မောင်ဂစ်တာ၊ မောင်ဇော်၊ မောင်ဝေ တို့ဖြစ်ကြပြီး

ဒေါ်ကြည်ဌေး၊နှင့်သမီး မပွေး၊ နှင့်ညီမ မငြိမ်းအိထွေး တို့ဖြစ်ကြပါတယ်။

နံနက် ၅နာရီခွဲမှာစတင် အာရုဏ်ကပ်လှူကြပါတယ်။ မနက်စောစော ရာသီဥတုအေးအေးမှာ ကြာဇံ့ချက်ကတော်တော်လေးအဆင်ပြေပါတယ်။ သံဃာတော်များတစ်ပါးကို နှစ်ပန်းကန်စီလောက်ဘုန်းပေးကြတယ်။ အ၀ဘုန်းပေးကြပါတယ်။ ဝေယျာဝစ္စများလည်းတက်တက်ကြွကြွ ဆောင်ရွက်ကြပါတယ်။ ဝေယျာဝစ္စ ဒါယကာ၊ ဒါယိကာမများကို နော်ဝေနိုင်ငံမှ အလှူရှင်တစ်ဦးမှ ပုဆိုး များ ထမီများ လှူပေးထားတော့ လာဆောင်ရွက်ကြတဲ့ဝေယျာဝစ္စများ လည်းမငြီးငွေ့တော့ပါဘူး။ ကြာဇံချက်ကတော်တော် ကောင်းတော့ ဗိုက်က ဆာဆာနဲ့ ရာသီဥတုက အေးအေး ကြာဇံကလည်းပူပူလေးဆိုတော့ဝေယျာဝစ္စ တွေအတွက်ကို မကျန်အောင်ဖြစ်သွားပါတယ်။ သံဃာအပါး ၃၀၀ လောက်ဘုန်းပေးကြပါတယ်။ ဦးဇင်းကြီးတွေကိုတော့ ကျောင်းထဲမှာစောင်ခင်းပြီးစားပွဲဝိုင်း တွေ ဌားပြီး ကပ်ပါတယ်။ စားပွဲဝိုင်း သုံးလုံးလောက် အလှူရှင်ရှိရင် ဌားရမ်းရတဲ့အခက်အခဲမရှိတော့ပါဘူး။

နေ့ဆွမ်းက တစ်ပါတ်မှာ တစ်ကြိမ်လောင်းတဲ့ ၀က်သားဆိုတော့ မငြီးငွေ့နိုင်ပါဘူး၊ သရက်ချဉ်သုတ်ပါ ထည့်ထားတော့ ဘုန်းပေးရတာမအီတော့ပါဘူး။ ပဲလေးနဲ့ ငရုတ်သီးကြော်လည်းပါတော့ တော်တော်အဆင်ပြေသွားတာပေါ့။ နေ့ဆွမ်း ကိုတော့ သံဃာ အပါး ၄၅၀ လောက် ကြွရောက် ၍ အလှူခံယူတော်မူကြပါတယ်။

အခုလိုဆွမ်းလောင်းအသင်းဖြစ်မြောက်အောင် စတင် အကောင်အထည်ဖော်နိုင်ရန်နှင့် နယ်သင်တန်း မျာဖွင့်လှစ်နိုင်အောင်ကူညီပေးခဲ့ကြသော ဦးဇင်းရဲ့ ကျေးဇူးရှင်များဆိုရင်လည်းမမှားပါဘူး။ အမည်မဖော်လိုသူ ကျေးဇူးရှင် အလှူရှင်များ နှင့် မ၀ါဝါခိုင်မင်း ကိုရန်အောင် ကိုပီကေ တို့ နှင့် ဦးဇင်းရဲ့ ဒါယကာများ ကိုဖြိုး နှင့် ကိုထက် အပါအ၀င် ကျောင်းအတွက် မီးစက်နှင် ရေကန်အတွက်အဆင်ပြေစေရန် ပံ့ပိုးပေးသော ဒါယိကာမကြီး ဒေါ်နန်းသန္တာအောင် နှင့် အခြားအလှူရှင်များအားလုံး ကို နေ့စဉ်ပဲ မေတ္တာပို့သလျှက်ရှိပါတယ်။ ယခုဆိုလျှင် သင်တန်းကိစ္စများ ၊ဆွမ်းလောင်းအသင်းနှင့် အခြားထောက်ပံ့ရေးအစီအစဉ်များကိုပါ တိုးချဲ့ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ မြရတနာ ကျေးရွာအတွက် ရေတွင်းတူးအစီအစဉ်မှစ၍ ယခုဆိုလျှင် လျှပ်စစ်မီးရရှိရေး၊ စာကြည်တိုက် အပတ်စဉ် ဥပုသ်စောင့် သီလယူတရားနာရန် အစီအစဉ်များ တရားပွဲအစီအစဉ်များကိုပါ ဆောင်ရွက်လျှက်ရှိပါတယ်။

ဒီမနက် ဦးဇင်းရဲ့ကျေးဇူးရှင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီးအလှူရှင်ထည့်ဖို့ ခွင့်တောင်းခဲ့ပေမဲ့ ခွင့်မရခဲ့တဲ့အတွက် အမည်မဖော်လိုသူကျေးဇူးရှင်များ လို့ ရေးလိုက်ရပါတယ်။

ဦးကောဝိဒ

------------------------------------------------------------------------------

ဒီနေ့ပဲ ထိုင်ခုံအလှူငွေများ နဲ့ တစ်လလျှင် စင်္ကာပူဒေါ်လာ ၁၀ လစဉ်လှူဒါဏ်းသော U Jimmy Soe and Family မိသားစုရဲ့ ၃ လစာအလှူငွေ များကို ဦးဇင်းထံသို့ လွှဲအပ်လိုက်ပြီ ဖြစ်ပါတယ်ရှင်။အလှူငွေ လက်ခံရရှိပြီးကြောင်း ပြေစာတွေကို ကျွန်မလက်ခံရရှိတာနဲ့ ထိုင်ခုံအလှူများအတွက် အလှူငွေစာရင်းရှင်းတမ်းပို့စ်လေးကို တင်သွားပေးပါမယ်ရှင်။

အားလုံးကို ကျေးဇူးတင်စွာဖြင့်.

ဝါ၀ါခိုင်မင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP