* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 7, 2009

မြင့်မြတ်သော နိဗ္ဗာန်ဆော်


ဗုဒ္ဓဘုရားရှင်လက်ထက်တွင် သာဝတ္တိမြို့၌ နိဗ္ဗာန်ဆော်တစ်ယောက်ရှိသည်။ သူသည် ဘုရားအမှူးထားသော သံဃာတော်များအား ဆွမ်းဆက်ကပ်ရန် လှည့်လည်နှိုးဆော်လေ့ရှိတယ်။ မြို့သူမြို့သားများစွာတို့သည် လည်း ဆွမ်းချက်နိုင်ရန်၊ ဆန်၊ ဆီ၊ ဆားစသည် တို့ကို နိဗ္ဗာန်ဆော်သို့ ပေးလှူကြသည်။

သူဌေးတစ်ယာက်မူကား ထိုသို့မဟုတ်၊ နိဗ္ဗာန်ဆော်သည် မိမိဘာသာ တတ်နိုင်သလောက် မကပ်လှူဘဲ တစ်ပါးသူကို လိုက်၍ နှိုးဆော်နေရသလေ ဟု ဆိုကာ နိဗ္ဗာန်ဆော်ကို မကျေမနပ်ဖြစ်နေသည်။

တစ်နေ့တွင် မိမိထံပါးသို့ နိဗ္ဗာန်ဆော် အလှူခံရောက်လာသောအခါ ဆန်ကို လက်သုံးချောင်းဖြင့် ကော်၍လက်ပေါ်တွင် ပါသမျှကို သာ လှူလိုက်သည်။ အလားတူပင် ပဲနောက်၊ ပဲလွန်း စသည်တို့ကိုလည်း လက်သုံးချောင်းဖြင့်သာ အလွန်နည်းပါးလှစွာသာ ပေးလှူသည်။ ဤသို့ လက်တစ်ဖက်စာမျှသာ ပေးလှူသဖြင့် ထိုသူဌေးကို ဗိဠာလပါဒက သဌေးဟု အများက ခေါ်ဝေါ်ကြလေတယ်။

နိဗ္ဗာန်ဆော်ကား မငြိုမငြင်၊ ၀မ်းမြောက်ဝမ်းသာ ကြည်ဖြူစွာပင် လက်ခံသည်။ အခြားသူများ လှူသော ပစ္စည်းများကို တူရာ တူရာပေါင်းထည့်၍ထားသည်။ ဗိဠာလပါဒက သဌေး၏ ပစ္စည်းများကိုလည်း သီးသန့်ထည့်၍ထားသည်။ ဤတွင် သူဌေးသည် နိဗ္ဗာန်ဆော်၏ အပြုအမူကို စုံစမ်းရန် အလုပ်သမားတစ်ယောက် ကိုစေလွှတ်လိုက်သည်။

နိဗ္ဗာန်ဆော်သည် အလှူရှင်သူဌေး ကုသိုလ်ပွားစေရန် ချက်ပြုတ်လေသမျှသော ဆွမ်းအိုး၊ ဟင်းအိုး စသည်တို့တွင် သဌေးပစ္စည်းများကို တစ်စေ့စီ၊ တစ်စေ့စီ လျှောက်ထည့်ပေးလေသည်။

အလုပ်သမားသည် ထိုအကြောင်းကို မိမိ၏ သဌေးအား ပြန်ပြောပြ၏။ သို့ရာတွင် သူဌေးကား မကျေနပ်နိုင်၊ နိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ ငါ့ကို ရှုတ်ချစကားဆိုပါက သင်းကို သတ်မည် ဟု ဆိုကာ နောက်တစ်နေ့နံနက်တွင် ပုဆိုးခြုံထဲ၌ ဓားကို ၀ှက်ယူလာ၏။

နိဗ္ဗာန်ဆော်သည်လည်း မိမိနှိုးဆော်၍ ရလာသော ပစ္စည်းများကို အဖော်များနှင့် အတူ ချက်ပြုတ်စီမံသည်။ ထို့နောက် ဘုရားအမှူးပြုသော သံဃာတော်တို့အား ဆွမ်းကပ်သည်။ ထိုသို့ ဆက်ကပ်ရာတွင် အရှင်ဘုရား၊ တပည့်တော်သည် လူအများကို နှိုးဆော်တိုက်တွန်း၍ ဤအလှူကို လှူပါသည်။ လူအများသည် စွမ်းအားရှိသလောက် ထည့်ဝင် လှူဒါန်းကြပါသည်။ နည်းများမဟူ လှူဒါန်းသူအားလုံး အကျိုးထူးရပါစေ ဘုရား ဟုလျှောက်၏။

ဤတွင် ဗိဠာလပါဒက သဌေးသည် နိဗ္ဗာန်ဆော်၏ စိတ်သဘောထားမြင့်မြတ်ပုံကို သဘောပေါက်ကာ မိမိအပြစ်ကို ၀န်ချတောင်းပန်လေသတည်း။ (ပါပ၀ဂ်- ဗိဠာလပါဒကသေဌိဝတ္တု)

မြစ်တို့သည် ရေကိုမသောက်ကုန် (သူတစ်ပါးအကျိုးသာဖြစ်၏ )
သစ်ပင်သည် အသီးကိုမစား (သူတစ်ပါးအကျိုးသာဖြစ်၏ )
မိုးသည် တစ်ခါတစ်ရံမျှ ကောက်ပင်ကိုမစား (သူတစ်ပါးအကျိုးသာဖြစ်၏ )
သူတော်ကောင်းတို့၏ ဥစ္စာသည် (သူတစ်ပါးအကျိုးသာဖြစ်၏ )

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP