အမှောင်ထဲကအရိပ်များ
လုံးဝ လှည့်မကြည့်ချင်လောက်အောင်
ပြန်လှည့် ကြည့်နေရတဲ့အခါ
ရင်ဘတ်ထဲ ဆွဲစုတ်ပစ်ချင်လောက်အောင်ကို ဖြစ်လို့
(လူကို လူလို မဆက်ဆံတော့တဲ့နောက်)
လင်းအောင်လို့ မီးထွန်းကာမှ
မီးလောင်ကာ ပြာကျသွားတဲ့အခါ
ရင်ထဲ အရိပ်တုတွေဆောင်ကြဉ်းလို့
(အမှောင်ထဲ အမှောင်တွေနဲ့ပဲ လင်းခဲ့တဲ့နောက်)
မဖြစ်သင့်တဲ့ အရာတွေမို့
ဖြစ်သလို ပစ်တင်ခဲ့ရတဲ့အခါ
ရင်ဘတ်တွေ ကျင်စက် တို့ခံရသလို
(ဆန္ဒတွေ ခွေးကျွေးလိုက်ရတဲ့နောက်)
ရုပ်အဆင်း မလှပေမယ့်
စိတ်အလင်းတွေ လှပပေးခဲ့ခြင်းမှာ
မနက်ဖြန်တွေ ပေပွလို့
(အိပ်မက်တွေ မလှပတော့တဲ့နောက်)
အိပ်မက်တွေ အသတ်ခံရခြင်းမှာ
မနေ့ကမှ လတ်ဆတ်နေသေးတယ်
ဒီနေ့ကျတော့ ကြွပ်ဆတ်နေပြီ
(နေ့ညတွေ ဇက်ပြတ်ခဲ့တဲ့နောက်)
စိတ်တွေ ညစ်ထပ်နေပေမယ့်
မနက်ဖြန်တွေ ညစ်ပတ်မနေစေဖို့
စိတ်ကို စိတ်နဲ့ပဲ သန့်စင်စေခဲ့တယ်
(မတရားသမျှ တရားဓမ္မနဲ့ ငြှိမ်းသတ်ခဲ့တဲ့နောက်)
ပြန်လှည့် ကြည့်နေရတဲ့အခါ
ရင်ဘတ်ထဲ ဆွဲစုတ်ပစ်ချင်လောက်အောင်ကို ဖြစ်လို့
(လူကို လူလို မဆက်ဆံတော့တဲ့နောက်)
လင်းအောင်လို့ မီးထွန်းကာမှ
မီးလောင်ကာ ပြာကျသွားတဲ့အခါ
ရင်ထဲ အရိပ်တုတွေဆောင်ကြဉ်းလို့
(အမှောင်ထဲ အမှောင်တွေနဲ့ပဲ လင်းခဲ့တဲ့နောက်)
မဖြစ်သင့်တဲ့ အရာတွေမို့
ဖြစ်သလို ပစ်တင်ခဲ့ရတဲ့အခါ
ရင်ဘတ်တွေ ကျင်စက် တို့ခံရသလို
(ဆန္ဒတွေ ခွေးကျွေးလိုက်ရတဲ့နောက်)
ရုပ်အဆင်း မလှပေမယ့်
စိတ်အလင်းတွေ လှပပေးခဲ့ခြင်းမှာ
မနက်ဖြန်တွေ ပေပွလို့
(အိပ်မက်တွေ မလှပတော့တဲ့နောက်)
အိပ်မက်တွေ အသတ်ခံရခြင်းမှာ
မနေ့ကမှ လတ်ဆတ်နေသေးတယ်
ဒီနေ့ကျတော့ ကြွပ်ဆတ်နေပြီ
(နေ့ညတွေ ဇက်ပြတ်ခဲ့တဲ့နောက်)
စိတ်တွေ ညစ်ထပ်နေပေမယ့်
မနက်ဖြန်တွေ ညစ်ပတ်မနေစေဖို့
စိတ်ကို စိတ်နဲ့ပဲ သန့်စင်စေခဲ့တယ်
(မတရားသမျှ တရားဓမ္မနဲ့ ငြှိမ်းသတ်ခဲ့တဲ့နောက်)

0 comments:
Post a Comment