* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 7, 2009

ဝဋ်ကြွေးရှိလျှင် ကျေပါစေတော့

အရှင်မ - ရုပ်ကလေးကလဲ ချစ်စရာလေး- အရွယ်ကြည့်ပြန်တော့လဲ ကာမဂုဏ် အာရုံတွေကို ခံစားလို့ ကောင်းဆဲအရွယ်၊ အသားလေးကလဲ ၀င်းဝါလို့ အပြစ်ဆိုစရာ မရှိ၊ ဘာကြောင့်များသာသနာ့ဘောင်ကို ၀င်လာရတာလဲ ရှင်မရယ် -

-မိမိရဲ့ ရုပ်အဆင်းကို ကြည့်ပြီး အရှင်မ ဗောဓိ ထေရီက မနေနိုင်လို့ မေးနေတာကိုး၊ မိမိတို့ ရောက်နေတာက ပါဋလိပုတ်မြို့တော်ရဲ့ အစွန်နားက သဲသောင်ပြင် ချောင်းကမ်းစပ်မှာ - ဒီနေ့ ဆွမ်းကိစ္စပြီးလို့ အဖော် မထေရ်မ နှင့်အတူ သပိတ်ဆေးဖို့အတွက် ချောင်းစပ်ဆီကို ရောက်နေကြတာပေါ့ -
ချောင်းရေတွေ စီးဆင်းနေတာကို ကြည့်ပြီး ပုထုဇဉ်တွေအတွက်

အော် ချောင်းရေတွေ မပြတ်တမ်း စီးဆင်းနေလို့ ရှေ့က ရေတွေက စီးဆင်းသွားနှင့်ပြီ - နောက်က ရေတွေက အသစ်အဖန်ဖြစ်ပေါ်လာပြီး စီးဆင်းနေကြတယ် ဒီလိုပါပဲ ခန္ဓာကိုယ်ကြီးမှာလဲ ရုပ်တရားတွေရော နာမ်တရားတွေရော မပြတ်တမ်း စီးဆင်း ဖြစ် ပျက်နေကြတယ် လို့ ဒီလိုလေး

သတိ သံဝေဂ ယူစရာတွေ ရှိပေမယ့် မိမိ အဖို့တော့ ရရှိပြီးသား ဓမ္မတွေကို တဖန်ပြန်လည် ခံစားတာက လွဲလို့ ရှေ့ဆက် အားထုတ်စရာ ပန်းတိုင် မရှိတော့ ဘူးလေ - ချောင်းရေကို ကြည့်ပြီး တွေးမိနေတဲ့ မိမိ စိတ်တွေက အရှင်မ ဗောဓိ စကားကို ကြားရတော့မှ ဖြေဖို့ ကြိုးစားရတော့တယ် -

အရှင်မ ကမေးတော့လဲ ပြောပြရမှာပေါ့ ဘုရား - -တကယ်တော့ တပည့်တော်ရဲ့ ဘ၀ဟာ စိတ်ဒဏ်ရာတွေ သတိသံဝေဂ ယူစရာတွေနဲ့ ပြည့်နှက်ခဲ့တာပါ၊ သူတော်ကောင်းတွေရဲ့ အဆုံးအမကို ရပြီး ဘ၀ တလျောက်လုံး ငြိမ်းအေးပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပည့်တော်နာမည်ကို မိဘတွေက ဣသိဒါသီ လို့ ပေးကြတယ်၊

( ဣသိ -ရသေ့ ရဟန်း သူတော်ကောင်းတို့၏ - ဒါသီ - တပည့်မ ) သူတော်ကောင်းတွေရဲ့ တပည့်မ ပေါ့၊ မျိုးရိုးကလဲ သူဋ္ဌေးမျိုး ဖြစ်ပြီး ဥဇ္ဖေနီပြည်မှာ အချမ်းသာဆုံး စာရင်းဝင်ခဲ့တယ်၊ တဦးတည်းသော သမီးလေးမို့အားလုံးရဲ့အလိုလိုက် ချစ်ခြင်းကိုလည်းခံခဲ့ရတယ်။
လိုချင်တာမှန်သမျှဖြည့်ဆည်းပေးရလောက်အောင်ထိ ဘ၀အကျိုးပေးက ကောင်းခဲ့ပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ သူဋ္ဌေးသားတွေအားလုံးရဲ့ ကမ်းလှမ်းမှု့ကို ခံခဲ့ရတယ်၊ နောက်မှာတော့ ကျောင်းအမကြီး ၀ိသာခါနဲ့ ရေစက်ရှိတယ် ပြော၇မယ်၊ သာကေတ မြို့က သူဋ္ဌေးသားတစ်ယောက်အိမ်မှာ လိုက်နေရတယ်၊

အိမ်ထောင်ကျစဉ် ဘ၀တလျောက်လုံးမှာ လင်ကိုရော ယောက္ခမကိုရော မိမိဆန္ဒကို ဘေးဖယ်ပြီး ပြုစုခဲ့ပါတယ်။ ပေါင်းသင်းလာတာ သိပ်မကြာလိုက်ဘူး၊ သူဋ္ဌေးသားက သူ့မိဘတွေကို ပြောတယ် - ဒီ ဇနီးနဲ့ အတူ မနေရပါစေနဲ့ မပေါင်းနိုင်တော့ပါဘူး တဲ့ ၊

ဒီတော့ ယောက္ခမတွေက ဒီလောက်ထက်မြက်လိမ္မာပြီး အလိုက်သိတတ်တဲ့ မိန်းကလေးမျိုးကို ဘာကြောင့် မပေါင်းနိုင်တာလဲ -ဆိုတော့ အကြောင်းပြစကား မရှိပါဘူး၊ တအိမ်ထဲ အတူနေပြီး မပေါင်းလိုတော့ဘူး၊ သူ့ဆန္ဒကိုသာ ဖြည့်ဆည်းပေးပါ -လို့တွင်တွင်ပြောနေတော့တယ်၊ လင်သားက လက်မခံရင် အဖေတို့လဲ ဘာမှ မတတ်နိုင်တော့ဘူး သမီး၇ယ် ဆိုပြီး အိမ်ပြန်ပို့ခံခဲ့ရတယ်ဘုရား -

မိဘအိမ်ပြန်ေ၇ာက်တော့ ဒုတိယအကြိမ် ဒုတိယတမ်းစား သူဋ္ဌေးသားတယောက်နဲ့ ပေးစားပြန်တယ်၊ တပည့်တော်မတို့ ဆီမှာက အားကိုးရာ မရှိရင် ဘ၀က ရပ်တည်လို့ မရလောက်အောင် သိမ်ငယ်တယ်လေ၊ ဒီလိုနဲ့ နှစ်ကြိမ်မြောက်မှာလဲ တလလောက်ပဲ ပေါင်းလိုက်ရတယ် အရင်လိုပဲ မပေါင်းနိုင်တော့ဘူး၊ ဆိုပြီး စွန့်ပြစ်ခံခဲ့ရပြန်တယ်၊ နှစ်လင်ကွာ ဘ၀နဲ့ နေနေရတဲ့ တပည့်တော်ဟာ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်မှာ ဒဏ်ရာတွေ အကြီးအကျယ်ခံစားနေရပြီလေ ဘ၀ဆိုတာကို သိပ်ပြီး မသာယာချင်တော့ဘူး။

နောက်တကြိမ်တော့ တဦးတည်းသော သမီးရဲ့ အဖြစ်ကိုမကြည့်ရက်လို့ ဖခင်ကြီးက သမီးတင့်တယ်ရင် ပြီးရော ဆိုတဲ့ သဘောနဲ့ အိမ်ရှေ့ကို တောင်းရမ်းဖို့ေ၇ာက်လာတဲ့ သူတောင်းစားတစ်ယောက်ကို မောင်ရင် အဲဒီ ခွက်နဲ့ တောင်ဝှေးကို ပြစ်ထားလိုက်ပါ၊ ဒီအိမ်မှာ နေပြီး ငါ့သမီးနဲ့ ပေါင်းသင်းနေထိုင်ပါ လို့ ပြောပြီးတာနဲ့ နောက်အိမ်ထောင်ကျပြန်ရော -

အံ့သြစရာကောင်းတာက အဲဒီ သူတောင်းစားလဲ ၁၅ ရက်သာ ပေါင်း၇သေးတယ်၊ တပည့်တော်မနဲ့ တအိမ်ထဲမှာ မနေနိုင်ပါဘူး ၊ သူ့ရဲ့ ခွက်နဲ့ တောင်ဝှေးကို သာ ပြန်ပေးပါ၊ အရင်လိုပဲ တောင်းရမ်း စားပါရစေ ဆိုပြီး တောင်းဆိုပြန်တယ်၊

ဒီတော့ ဖခင် သူဋ္ဌေးကြီးက မောင်ရင်ရယ် ငါ့ရဲ့ ဆွေမျိုးတွေ အပေါင်းအသင်း မိတ်ဆွေတွေ နောက်ဆုံး ဟောဒီ တမြို့လုံးကလဲ အသိအမှတ်ပြုပြီးသား ဖြစ်နေပြီမို့ သည်းခံအောင့်အီး နေပေးလို့ မရဘူးလား လို့ မေးရှာတော့ အရှင်သူဋ္ဌေးကြီး ကျနော်မျိုးကို သတ်လိုက သတ်လိုက်ပါ၊ ဒီအိမ်မှာ အတူပေါင်းသင်းမနေနိုင်ပါဘူး၊ ကျွန်တော်မျိုးကို ခွှင့်လွတ်ပါ၊ ဆိုပြီး အိမ်ပေါ်က ဆင်းသွားပြန်တယ် -အဲဒီမှာ ကိုယ့်ကိုယ်ကို စဉ်းစားမိတယ် -

အော် ဆိုးလိုက်တဲ့ အကုသိုလ်အကျိုးပေး၊ ဘယ်ဘ၀က ၀ဋ်ကြွေးတွေကြောင့်များ ဒီလို စိတ်ဆင်းရဲခြင်း လောကဓံမျိုးကို ခံစားရပါလိမ့်၊ တလောကလုံးက ကံဆိုးခြင်းတွေ မှန်သမျှ ငါတစ်ယောက်ဆီမှာပဲ စုပြုံနေရော့သလား - သူတောင်းစားကတောင် စွန့်ပစ်ခံရတာ သိပ်ပြီး ဆိုးရွားလှတယ် -လို့ တွေးမိပြီး ဘ၀ကို ရှက်လဲ ရှက် ဒေါသလဲ ထွက်ပြီးထွက်ပေါက်ရှာတဲ့ အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ မစဉ်းစားနိုင်တော့ဘူး၊ အဲဒီလောက်ထိကို အရှက်တကွဲ အကျိုးနဲ ကျော်ဖြတ်ခဲ့ရတာပါ၊ - -

နောက်ပိုင်းမှာတော့ ဒါတွေဟာ ၀ဋ်ကြွေးရှိရင် ပြန်ပေးဆပ်၇မယ် ဆိုတာ နားလည်ခဲ့ပါတယ်၊ ရှောင်လွှဲလို့ မရနိုင်ဘူး၊ နိဗ္ဗာန် မရောက်မချင်း အကုသိုလ်ကို ပေးဆပ်ပြီးမှပဲ ကျေအေးနိုင်မယ် - လက်ဝဲတော်ရံ မထေရ်ကြီး အရှင် မဟာမောဂ္ဂလာန်တောင် ရဟန္တာဖြစ်တဲ့ အချိန်ထိ ပေးဆပ်သွားကြရတာပဲ - တပည့်တော်မလို လူတယောက်အတွက် ပေးဆပ်ရမှာ မဆန်းတော့ပါဘူး လို့ ဖြေတွေးတွေးပြီး ရှည်လျားလှတဲ့ သံသရာမှာ ဘယ်လို ဘ၀မျိုးမှာ ဘယ်လို အကုသိုလ်မကောင်းမှု့တွေများ လုပ်ခဲ့ပါလိမ့် လို့ ဆင်ခြင်လိုက်တဲ့ အခါမှာ - -

ဆက်ပါအုံးမည် -


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP