ဓမ္မစေတီ၏ ဟောတရားအမှားများ (အပိုင်း-၅-)
ဓမ္မစေတီ´အမည်ရှိခွေပါ အမှတ်(၁၅)ပုဒ်၌ ဦးကောသလ္လ’က
ဤသို့ ဟောထားပါသည်။
`ဒီနေရာမှာ...ဓမ္မစေတီ ဆရာစဉ်ဆက်တို့ရဲ့ တိဟိတ်လို့ ယူဆ
ပုံကိုလဲ ပြောပါ့မယ်။ မြန်မာနိုင်ငံမှာ...ရှိရှိသမျှ ဆရာတော်များက
လဲ သူတို့ကိုယ်သူတို့ `တို့က ဒွိဟိတ်။ ဒီဘ၀တော့ တရားမရနိုင်ဘူး`လို့
ဆုံးဖြတ်ချက်ချကြပါတယ်။
`.ဒါပေသိ-ဘုန်းကြီးများရဲ့ ဆရာတော်ကြီးက စကား
တစ်ခွန်း ပြောလိုက်ပါတယ်။ ပဋိသန္ဓေတုန်းကတော့ ဒွိဟိတ်
ဖြစ်ချင်ဖြစ်မယ်။ ဆရာကောင်းသမားကောင်းနဲ့တွေ့၍ တရား
ဘာဝနာလုပ်သောအခါ ပ၀တ္တိမှာ တိဟိတ်ဖြစ်ခွင့် ရှိပါတယ်။
အလွန်ရှားပါးတဲ့  ဆုံးဖြတ် ချက်ပဲ ။
`ဒီဆုံးဖြတ်ချက်က-ဒီနေ့ ၀ိပဿနာလောကကြီး၊ တရားဓမ္မ
လောကကြီးအတွက် (အရေးကြီးလှပါတယ်။) ဒီဆုံးဖြတ်ချက်သာ
မချခဲ့ရင် သူတို့ လူထွက်ကြရတော့မှာ။ မိန်းမယူရတော့မှာ။ ...
တို့ဆရာတော်ကတော့ ပဋိသန္ဓေတိဟိတ်၊ ပ၀တ္တိတိဟိတ်။ ဒါ- ကီး။
`အဲဒါ ပစ္ဆိမဘ၀ိကသားနဲ့ ဗုဒ္ဓလောင်းပါ။ မွေးတုန်းက ဒွိဟိတ်။
ပ၀တ္တိမှာ တိဟိတ်။ အဲဒီဇာတ(မွေးရာပါ)တိဟိတ်ကို ကျုပ်တို့ မသိ
နိုင်ဘူး။ ကျုပ်တို့ သိနိုင်သည့် တိဟိတ်မှာ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိ
ကိန်းအောင် တရားအားထုတ်သော ပုဂ္ဂိုလ်များပါ။
`ဘုန်းကြီးများရဲ့ ဆရာတော်တွေက ပ၀တ္တိတိဟိတ်ဖြစ်ရင်
တရားရတယ်လို့ ယူဆကြတယ်။ ပစ္ဆိမဘ၀ိကသားဆိုတာ ဒီဘဝ
သောတာပန်မတည်ဘဲ မသေဘူး။ တရားရကို ရတယ်။´
ဖြေရှင်းချက်............
အထက်ပါတို့သည် အင်္ဂုတ္တို ရ်ပါဠိတော်၊ ဆက္ကနပါတ်၊ သီတ၀ဂ်၊ အာဝရဏသုတ်။
ဝိဘင်းပါဠိတော်၊ ဥာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ မဟာဝဂ်။ ပုဂ္ဂလပညတ်ပါဠိတော်။ ထိုထိုအဋ္ဌကထာများအားလံုး နှင့်
ဆန်ကျင်ြကပါသည်။ အကျယ်သိလိုပါက မြတ်ပန်းရဂုံရုပ်စုံ ဓမ္မစာစောင်၊ အမှတ်-၂၁၁၊
ဧပြီလ၊ ၂၀၀၉-ခုနှစ်၌ ပါရှိသော အရှင်ကောဝိဒ(ယော)၏ `တိဟိတ် ကိစ္စ´
ဆောင်းပါးကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။
ဤနေရာတွင် လိုရင်းတစ်ချက်လောက်သာ ဝေဖန်လိုက်ရလျှင်
`မြတ်ဗုဒ္ဓ၏ပါဠိတော်များ၊ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကို
ပစ် ပ ယ် ထားသည်´ ဟူ ၍ သာ ဖြစ် ပါသည် ။
အကယ်၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတုနင့် ညီညွတ်လျှင် အကိုးအကား အခိုင်အမာပြသင့်ပါသည်။
`ဘုန်းကြီးများရဲ့ အာစရိယ၀ါဒ´ဟုသာ
ကိုးကားပြ၍ မရနိုင်ပါ။ မှန်၏။ ၄င်းဥက္ကံသဗုဒ္ဓိသည် အဓမ္မ၀ါဒီ ဖြစ်သည်။
ရှေ့တွင် ဖော်ပြခဲ့ပြီးပါပြီ။
မှာထားချက်။ ။ အထက်ပါ တိဟိတ်ဆုံးဖြတ်သည့်အရာတွင်
ဝိဇ္ဇာဥာဏ်-သမ္မာဒိဋ္ဌိ-ကိန်းအောင် တရားအားထုတ်နိုင်သော ပုဂ္ဂိုလ်ဟူ၍
သုံးထားပါသည်။ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိအရ အဘယ်ကို ယူရမည်နည်းဟု
မေးလျှင်- အကြောင်းခန္ဓာ(အတွေးပုံရိပ်-ပညတ်)ကို သိမြင်သောဥာဏ်ဟူ၍
ယူရပါမည်။ ထို့ကြောင့် ၀ိဇ္ဇာဥာဏ်ဟူသည်မှာ မိစ္ဆာဥာဏ်သာတည်း။
ဓမ္မစေတီ-အမည်ရှိခွေပါ အမှတ်(၁၇)ပုဒ်၌ ဦးကောသလ္လ’က
ဤသို့ ဟောထားပါသည်။
`ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတဲက ထေရ၀ါဒလမ်း
ကြောင်းပေါ်သို့ မျိုးစေ့ချ-စိုက်ပျိုးပေးခဲ့သော အဖေဦးသန်းမြင့်၊
အမေဒေါ်တင်လှတို့ကို ပထမကျေးဇူးစကား ဆိုပါ၏။
ထိုထေရ၀ါဒမျိုးစေ့ကို ရေလောင်းပေါင်းသင်၍ ကြီးပွားအောင် သန့်ရှင်းတဲ့
အပင်ကလေးတစ်ပင်ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဆရာတော်
ဦးဥက္ကံသဗုဒ္ဓိကို ဒုတိယကျေးဇူးစကား ဆိုပါ၏။
`ဤ´ ထေရ၀ါဒဗုဒ္ဓသာသနာ အရှေ့တောင်အာရှသို့
ရောက်ရှိလာပုံ´ ခေါင်းစီးကို အတည်ပြုပေးသော နိုင်ငံတော် သံဃ
မဟာနာယကအဖွဲ့ကို တတိယ ကျေးဇူးစကား ဆိုပါ၏။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အားလုံးသော ပုဂ္ဂိုလ်တွေက ပထမ
နေရာမှာ ထားကြတယ်။ ကိုယ်ကတော့ မရဘူး။ မထားဘူး။
ကိုယ်က နဂိုကတည်းက ထေရ၀ါဒကို ကိုယ့်အမေ အဖေက ပေးတာ။
ပြီးတော့မှ သူတို့ သံဃမဟာနာယကအဖွဲ့က `ဟာ
ဒီခေါင်းစဉ် သိပ်ကောင်းတာ´လို့ အသိအမှတ်ပြုပေးတာ။ ဘုန်းကြီး
က တောင်းထားတာကို သူတို့က အသိအမှတ်ပြုတာ ဖြစ်ခြင်း
ကြောင့် သူတို့ကို တတိယနေရာသို့ ပို့လိုက်ပါတယ်´
ဦးသန်းမြင့်+ဒေါ်တင်လှ+ဦးဥက္ကံသဗုဒ္ဓိတို့ထံမှ ဓမ္မစေတီဦးကောသလ္လ’-ရရှိထားသော
ထေရ၀ါဒသည် အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒ ဖြစ်သည်။
ယခုဗုဒ္ဓဘာသာဝင်တို့-ရရှိထားသော ထေရ၀ါဒသည် ဓမ္မ၀ါဒ ဖြစ်ပါသည်။

0 comments:
Post a Comment