* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 10, 2009

ခရမ်းသီး ကျွန် မဟုတ်သူ ပေါ်ဦး


တစ်ရံသောအခါ အမရပူရရွှေနန်းတော်ရှင် ဘိုးတော်မင်းတရားကြီးသည် ပွဲတော်တည်ရာတွင် မြိန်ရှက်တော်မမူသည်မှာ ကြာပြီဖြစ်၍ ခရမ်းသီးကိုကြော် ၍ပွဲတော်တည်လိုသော ဆန္ဒဖြစ်တော်မူတယ်။ သို့သော် မင်းတရားမှာ သလိပ်ထချောင်းဆိုးသောရောဂါမှာလည်း သက်သာတော်မူခါစ ဖြစ်သဖြင့် အခက်တွေ့နေသည်။ ထို့ကြောင့်အနားရှိတဲ့ အမတ်ကြီးပေါ်ဦး ကိုလှမ်း၍မိန့်တော်မူလိုက်သည်။

ပေါ်ဦး...ငါကိုယ်တော်မြတ် ပွဲတော်တည်ရာမှာ မမြိန်ရှက်တာကြာချေပြီ။ ခရမ်းသီးကိုကြော်ချက်၍ပွဲတော်တည်ရန် ဆန္ဒရှိလေတယ်။ ဒါပေမဲ့ချောင်းဆိုးမှာကိုလည်း စိုးရိမ်တော်မူတယ်။ ဒီရာသီနဲ့ ကိုက်မကိုက်ချင့်ချိန်ပြီး ပွဲတော်တည်သင့်မတည်သင့် လျှောက်တင်စေ မောင်မင်း...

ထိုကဲ့သို့ ဘိုးတော်မင်း က အမိန့်တော်ရှိလိုက်သည်နှင့် ဦးပေါ်ဦးကလည်း ဥပမာ၊ ဥပမေယျတွေနဲ့ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗိန္ဓောကျမ်းများကို ကိုးကားပြီး ခရမ်းသီးကိုချီးမွမ်းလေသည်။ မင်းကြီး မိန့်တော်မူလိုက်ကတည်းက မင်းကြီး ဆန္ဒကို သိကာ အကြိုက်လိုက်၍ဖြေလေသည်။

ထိုအခါ ဘိုးတော်မင်းတရားကြီးလည်း စားတော်ဝန်ကို ခရမ်းသီးကြော်နှင့်ပွဲတော်တည် လိုကြောင်းမိန့်တော်မူလေသည်။ သို့ဖြင့်ညဥ့်အခါပွဲတော်တည်ရာ ခရမ်းသီးကြော်နှင့် နှစ်သက်အားရစွာ ပွဲတော်တည်တော်မူလေသည်။

ထို့နောက် ညအခါတွင် စက်တော်ခေါ်ရာ၌ လွန်စွာချောင်းဆိုးတော်မူ၍ တစ်ခဏမျှပင် စက်တော်မခေါ်နိုင်ခဲ့ပေ။ ထို့ကြောင့် ခရမ်းသီးပွဲတော်တည်သင့်ကြောင်း လျှောက်သော ဦးပေါ်ဦးအား အလွန်အမျက်ထွက်တော် မူသည်။

နောက်တစ်နေ့ ညီလာခံရောက်တော့ ဟဲ့ ပေါ်ဦး ...မောင်မင်းက သင့်တော်လှပြီဆို၍ ပွဲတော်တည်ရာ တစ်ညလုံးအိပ်မရအောင် ချောင်းဆိုးတော်မူလှတယ်။ မောင်မင်းကို သတ်သင့်လှပြီ မဟုတ်လား ပေါ်ဦး...

မှန်လှပါ ဘုန်းတော်ကြောင့် ထားလျှင်လည်း နေရပါမည်။သတ်လျှင်လည်း သေရပါမည်ဘုရား၊ ယခု ဘုန်းတော်ကျွန် ပေါ်ဦးသည် ရာထူး ဌာနန္တရ နှင့် နေထိုင်စားသောက်ရခြင်းမှာ ခရမ်းသီး က ခန့်ထားသောစည်းစိမ် မဟုတ်ပါ၊ မင်းတရားကြီးက ခန့်အပ် သူကောင်းပြုထားခြင်းသာ ဖြစ်ပါတယ်ဘုရား၊ ဒါကြောင့် ခရမ်းသီး ၏ အလိုမလိုက်ဘဲ ဘုန်းတော်ကျွန်ပီပီ မင်းတရားကြီး အလိုအတိုင်း လျှောက်တင်ခဲ့ရကြောင်း သံတော်ဦးတင်ရပါတယ်ဘုရား...

ကဲကဲ... တော်ပါတော့ ပေါ်ဦးရယ်..မောင်မင်း ဆင်ခြေဆင်လက်တွေကတော့ ကုန်နိုင်ဖွယ် မမြင်ပါဘူး။

ဘိုးတော်မင်းတရားကြီးလည်း ရွှေမျက်နှာတော်ညိုရာမှ ပြုံးတော်မူလျှက် ပြောပြောဆိုဆို မိန့်တော်မူလျှက်နှင့်ပင် အတွင်းဆောင်သို့ ၀င်တော်မူလေသည်။ ညီလာခံတွင် ငြိမ်သက်နေကြသော မှူးမတ်ဗိုလ်ပါ အပေါင်းလည်း ရယ်ပွဲဖွဲ့နိုင်ကြလေသည်။ ဦးပေါ်ဦးကား ဘာမှ မလုပ်သူလို တုံဏှိဘာဝေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP