* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 4, 2009

ဓမ္မအရေး ဆွေးနွေးစရာ အဖြာဖြာ (၃)

************************************************************************************

ကိုပြေဇော်ရှင်းပြတာတွေ ကျနော်သဘောကျပါတယ်။

အနှစ်ချုပ်လိုက်ရင် ပဉ္စခန္ဓာ၊ ဥပါဒါနက္ခန္ဓာလို့ သုံးတဲ့နေရာမှာ အနုဿယပါပယ်ပြီး မပြီးပေါ်မှာကြည့်ပြီးခွဲတာ ပိုပြီး နေရာကျပါလိမ့်မယ်လို့ ကောက်ချက်ချပါတယ်ဆိုတာကိုလက်ခံပါတယ်။

ကျွန်တော် သံယယရှိတာလေးတွေ ဆက်ပြီးဆွေးနွေးပါရစေ။ ပဉ္စခန္ဓာကို တခြားနည်းနဲ.ပြောမယ်ဆိုလျှင် အတိတ်က အကျိုးပေးကံ ၀ိပါက၀တ်ကြောင်.ဖြစ်တဲ. ၀ိပါကခန္ဓာလိုပြောလျှင်ရပါသလား။

ကျွန်တော်အမြင်တော.

မိုးကုတ်ဆရာတော်ကြီး ၀ိပသာနာမရှုခိုင်းတာဟာ ပဉ္စခန္ဓာဟာအထည်ပညတ်ခန္ဓာဖြစ်လိုမြင်ပါ တယ်။ဥပမာ ၀ိပသာနာရှုတဲ.သူဟာ ပဉ္စခန္ဓာကို ရှုနေခြင်းသည်ခေါင်းပဲ၊လက်ပဲ၊ခြေပဲ၊ ကိုယ်ပဲလို၊အမည်ပညတ်၊အတုံးအခဲပုံသဏ္ဍာန်ပညတ်ကိုရှုနေခြင်း လိုထင်ပါတယ်။ အဲဒီပညတ်တွေကိုဖျောက်ပြီး ခန္ဓာကိုယ်ထဲ.မှာရှိတဲ. ဓာတ်ကြီးလေးပါး၏ လက်ခါဏာသဘောတွေ၊ ဖောက်ပြန်မှုသဘော၊ စသည့် ပရမတ်သဘော ဥာဏ်ဆိုက်မှသာ ကာယသတိပဌာန်း၊ ဓာတ်ကမဌာန်း လိုနည်းဖြင့် လမ်းကြောင်းအမှန်ရှု ခြင်းမြင်ပါတယ်။ တချို.ဆရာတော်များက ဥပါဒါနက္ခန္ဓာကို ၀ိပသာနာရှုရမယ်၊ တခြားခန္ဓာကိုမရှုရဘူးလိုဆိုခြင်းသည်ဘာကိုရည် ရွယ်ပါသလဲ။

ပဉ္စခန္ဓာကို မရှုရဘူးဆိုလျင်လည်း ပုထုဇဉ်၊သောတပန်၊သကမ်ဒမ်၊အနာဂမ်ဖြစ်သောသူမှာ အနုသယမပါယ်သောကြောင်. ပဉ္စခန္ဓာဖြစ်ခွင်. မရှိဘူး ဒါကြောင်.ဘယ်ခန္ဓာကိုမရှုရဘူးလိုရည်ရွယ်ပြီးပြောပါသလဲ။

*******************************************************************************

ကျွှန်တော် နားလည်ထားတာက ပဉ္စခန္ဓာဆိုတာ ခန္ဓာအားလုံးကို ဆိုလိုပါတယ်။

ရှုမြင်သူက တဏှာ ဒိဋ္ဌိနဲ့ ရှုရင် ဥပါဒါနက္ခန္ဓာ၊ မရှုရင် ပဉ္စခန္ဓာ အခေါ်ပဲ ပြောင်းပါတယ်။ အားလုံးက ပင်ကို အရှုခံသဘောကတော့ တူတူပါပဲ။

သို့သော် ၀ိပဿနာရှုဖို့ကျတော့ ပဉ္စခန္ဓာလို့ မသုံးပဲ ဥပါဒါနက္ခန္ဓာလို့ သုံးလိုက်တာက အကြောင်း ချက်ကြောင့်လို့ မြင်ပါတယ်။

ပဉ္စခန္ဓာဆိုရင် ရှိသမျှ ခန္ဓာ အကုန်ဖြစ်သွားမယ်။ မဂ်၊ ဖိုလ်ဆိုတဲ့ လောကုတ္တရာ နာမ်ခန္ဓာတွေပါ ၀ိပဿနာရှုခိုင်းသလို ဖြစ်သွားမယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ရဟန္တာအရှင်မြတ်တွေကလွဲရင် ကျန်ပုထုဇဉ်နဲ့ ကျင့်ဆဲ ပုဂ္ဂိုလ်အားလုံးသည် အ၀ိဇ္ဖာ တဏှာအကြွင်း ရှိသူတွေချည်းဖြစ်နေလို့ ဥပါဒါနက္ခန္ဓာဆိုပြီး သုံးလိုက်တယ်လို့ ယူဆပါတယ်။

နောက် ပဉ္စခန္ဓာကို အတိတ်အကျိုးပေးဖြစ်တဲ့ ၀ိပါကခန္ဓာလို့ ယူပြီး ပစ္စုပ္ပန်အကျိုး အ၀ိပါကခန္ဓာကို တော့ ဥပါဒါနက္ခန္ဓာလို့ အနက်ကောက်ရင်လည်း မရဘူးလို့ မြင်ပါတယ်။ အမှန်တော့ ၀ိပါက အ၀ိပါကခန္ဓာ အားလုံးသည် ပဉ္စခန္ဓာတွေချည်းပါပဲ။ အတိတ်အကျိုး ကမ္မဇရုပ် မျက်စိအကြည်တွေကောင်းလို့ ‘ငါ့မျက်စိကောင်းတယ်’ လို့ အထင်မှားရင် ၀ိပါက ခန္ဓာကို ‘ငါ’ စွဲနဲ့ ရှုလို့ ဥပါဒါနက္ခန္ဓာ ဖြစ်သွာပါတယ်။

ဒီနေရာမှာ ထိလို့ ကိုင်လို့ရတဲ့ ခန္ဓာကို ပဉ္စခန္ဓာ အတွေးပုံရိပ်မှာပေါ်တဲ့ ကိုင်လို့တွယ်လို့မရတဲ့ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ ပြောဆိုသုံးနှုံးနေတာတွေ တွေ့ရပါတယ်။ ဒီလိုတွေးရင် အတုံးအခဲ ခန္ဓာကို ပဉ္စခန္ဓာ၊ သဏ္ဍာန်ပညတ် အမည်ပညတ်ခန္ဓာတွေကို ဥပါဒါနက္ခန္ဓာလို့ ယူသလို ဖြစ်နေပါတယ်။

ဝိပဿနာရှုတဲ့အခါ အဲဒီအတွေးပုံရိပ်တွေ ပေါ်လာလိုက် ပျောက်သွားလိုက်ကို ရှုဖန်များလာတော့ ဖြစ်ပျက်တွေ့တယ်လို့ ယူဆကြဟန် တူပါတယ်။ တကယ်တော့ အတွေးပုံရိပ်တွေ ပေါ်လာတိုင်း တဏှာ မာန ဒိဌိ မကပ်ငြိအောင် ပေါ်တာကို သိသိပေးနေဖို့က ၀ိပဿနာ ရှုသူရဲ့ အဓိကအလုပ်ပါ။ သတိကပ်လို့ သိသိပေးနေရင် ကိလေသာမကပ်ပဲ ၀ီထိစဉ်ပြတ်ပါတယ်။ သတိမြဲ သမာဓိကဲ လာလို့ တွေ့တဲ့ ဖြစ်ပျက်က အတွေးပုံရိပ် ဖြစ်ပျက်မဟုတ်ပဲ အတွေးပုံရိပ်တွေပေါ်ရာ မနောဒွါရမှီရာ ဟဒယ(ရုပ်) ဖြစ်ပျက်သော်လည်ကောင်း၊ ကြံသိစိတ်(နာမ်) ဖြစ်ပျက်ကိုသော်လည်ကောင်း၊ ပုံရိပ်ကြာင့်ဖြစ်လာတဲ့ ဒုက္ခ၊ သုခ။ ဥပေက္ခာစတဲ့ ဝေဒနာ(နာမ်) ဖြစ်ပျက်ကို သော်လည်ကောင်း မြင်တွေ့လာခြင်းသာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဤသည်သာ ပရမတ်အစစ် ၀ိပဿနာ အာရုံအစစ်တယ်လို့ နားလည်ပါတယ်။ ဖြစ်ပျက်တွေ့တဲ့အခါ လက္ခဏာသဘောတရားတွေဖြစ်လို့ ဘယ်သူဘယ်ဝါရယ်လို့ အစုအပုံ အကောင်အထည် သဏ္ဍာန် မရှိတော့ပါဘူး။ တစ်ခုတည်းသော ဓမ္မဖြစ်လို့ အရှုခံဓမ္မတစ်ခုနဲ့ သိနေတဲ့ ရှုဉာဏ် နာမ်ဓမ္မတစ်ခု၊ အင်မတန်ရှင်းနေပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ရောရောနှောနှော ဘာမှမရှိပါ။ သမာဓိအားကောင်းလွန်တော့ အာရုံနဲ့ ဒွါရထိတိုင်းထိတိုင်းသိသိ နေတော့ကာ ဖြစ်ပြီးပျက်သွားလာကို ထင်ရှားလာတဲ့ သဘောပါ။ ဒါကိုပဲ ပုံရိပ်တွေကို ရှုနေရင်း တွေ့လာလို့ ဥပါဒါနက္ခန္ဓာသည် အတိတ် ပစ္စုပ္ပန် အနာဂါတ် ပုံရိပ်တွေလို့ ယူလိုက်ကြဟန် တူပါတယ်။

ပဉ္စခန္ဓာပြောပြော ဥပါဒါနက္ခန္ဓာပြောပြော ဘယ်ရုပ်နာမ်ခန္ဓာမဆို ဘုရားဟောက အတုံးအခဲ အထည်သဘောလို့ မဆိုလိုပါ။ အထည်လို့ မြင်တာက ပကတိမျက်စေ့နဲ့ ကြည့်လို့ပါ။ ၀ိပဿနာဉာဏ် မျက်စေ့ဆိုတာ အပြင်က မျက်စေ့ မဟုတ်ပါ။ ပကတိမျက်စေ့နဲ့ ကြည့်လို့ကတော့ မိုးကုတ်ဆရာတော်ကြီး မိန့်သလို ခွေးဟောင်တဲ့ ခန္ဓာကြီးပဲ မြင်ရမှာ။ ဆရာတော်ကြီးက ပကတိ မြင်နေရတဲ့ မျက်စိနှစ်လုံးကို အကန်းမျက်စေ့လို့ သုံးပါတယ်။

ပထ၀ီတေဇောစတဲ့ ပရမတ်ရုပ်တွေကို မနောဒွါရကနေပဲ မြင်တာဖြစ်ပါတယ်။ ရှေ့စိတ်အသေကို နောက်စိတ်နဲ့ ရှုတာလည်း မနောဒွါရကပဲ ဖြစ်ပါတယ်။ သမာဓိ မရခင် နီဝရဏဆိုတဲ့ တရားတွေ ကာဆီးထားလို့ အာရုံမှာ ပေါ်သမျှ မှတ်သားထားတဲ့ အထည်ခန္ဓာတွေနဲ့ တွဲပြီး သဏ္ဍာန်ပညတ်တွေ အမည်ပညတ်တွေ မနောမှာ ပေါ်ပေါ်နေတာ ဖြစ်ပါတယ်။ နီဝရဏတေ ပျောက်တာနဲ့ ရုပ်ရှုရှု စိတ်ရှုရှု ပရမတ်ဆိုက်တော့တာပါပဲ။ ဥပါဒါနက္ခန္ဓာဆိုတာ လောကီစိတ်အာလုံးနှင့်ရုပ်တွေ။ ကျန်ခန္ဓာဖြစ်တဲ့ မဂ်ဖိုလ်ဆိုတဲ့ လောကုတ္တရာနာမ်ခန္ဓာတွေက ၀ိပဿနာ အာရုံအဖြစ် မရှုထိုက်ပါဘူး။

********************************************************************************************

နောက်မေးခွန်းတခုက သတ်ပဌာန်လေးပါးကို ရှုမှတ်နေခြင်းသည် ဥပါဒါနက္ခန္ဓာကိုရှုခြင်းဖြစ်တယ်လို လုံးဝပြောလိုရပါသလား။ ကျွန်တော်အမြင်တော. အနုသယမပယ်ရသေးသမျှ ပြောလိုရတယ်လိုထင်ပါတယ်။ သတ်ပဌာန်လေးပါးကို ရှုနေခြင်းသည် ဥပါဒါနက္ခန္ဓာကို ရှုနေခြင်းလည်းပါတယ်၊ ၀ိပါကခန္ဓာ၏ဓာတ်သဘောတွေကိုရှုခြင်းလည်းပါတယ်။ အသုဘသဘောကို ရှုခြင်းလည်းပါတယ်။ ရုပ်အမှုန်.လေးတွေရှုတာလည်းပါတယ်။

အဲဒီအရှုခံအားလုံးသည်အပွင့်ဓာတ်မှာလည်းဖြစ်ရမယ့်လိုမြင်ပါတယ်။အပွင့်ဓာတ်ကို ရှုနေစဉ်မှာ ကိုပြေဇော်ပြောသလို အနုသယကိန်းနေလျှင် မဂ်ငါးပါးပြည့်စုံသော်လည်း ဥပါဒါနက္ခန္ဓာလို ကောက်ပါတယ်။စာအရေးအသားများရှုပ်နေခြင်းသည် ကျွန်တော် အပြစ်လိုယူဆပါ။ ကိုပြေဇော် သညာအမှတ် သတ်မှုလွဲနေတာများရှိလျင် ရှင်းလင်းဆွေးနွေးပေးပါ။ကျေးဇူးပါ။

********************************************************************************************

ဥပါဒါနက္ခန္ဓာကို သတိပဋ္ဌာန်လေးပါးနဲ့ ရှုနေတယ်ဆိုတာ လက်ခံပါတယ်။ ၀ိပါကခန္ဓာကို ရှုတယဆိုတာ ရှေ့မှာပြောခဲ့ပါပြီ။ သူလည်း အရှုခံဖြစ်လို့ကတော့ ကျင့်ဆဲ ပုဂ္ဂိုလ်တွေအတွက် ဥပါဒါနက္ခန္ဓာဖြစ်သွားတာပါပဲ။

ဝိပဿနာရှုတဲ့အခါ အရှုခံက ရုပ်ဆိုရင် မျိုး ရှိနိုင်ပါတယ်။ အတိုက်ဓါတ်ရုပ် (အာရုံရုပ် မျိုး) နှင့် အခံဓါတ်ရုပ် (မျက်စိ နား နှာ လျာ ကိုယ် အကြည်ရုပ် မျိုး) အရှုခံက နာမ်ဖြစ်ရင် လောကီစိတ် ၈၁ နဲ့ ဓမ္မာရုံ တို့ပဲဖြစ်ပါတယ်။ ဓမ္မာရုံဆိုပေမဲ့ ၀ိပဿနာရှုဖို့က နိဗ္ဗာန်နဲ့ ပညတ်တွေမပါပါ။ အဲဒီတော့ စေတသိတ် ၅၂ နဲ့ သုခုမရုပ်လို့ခေါ်တဲ့ အပြင်ဒွါရ ၅ ပေါက်က မတွေ့နိုင်တဲ့ ရုပ်နုတွေဖြစ်ပါတယ်။ အဓိကကတော့ ဟဒယ၀တ္တုရုပ်ကို ရှုဖို့ဖြစ်တယ်လို့ ဖာအောက်ဆရာတော်ကြီးကျမ်းမှာ တွေ့ရပါတယ်။

အဲဒီမှာ အခံဓါတ်ရုပ်တရားတွေက ၀ိပါကရုပ်တွေပါပဲ။ အတိတ်ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေပါ။ အရှုခံနာမ်ဖြစ်တဲ့ အာရုံသိစိတ်တွေကလည်း အတိတ်ကပေးတဲ့ ၀ိပါကနာမ်တွေပါပဲ။ ၀ိပါက၀ဋ်တွေပေါ့။ အဲတာတွေအားလုံး ရှုသူအဖို့ ဥပါဒါနက္ခန္ဓာလို့ ပြောလို့ရပါတယ်။

နောက်ဆွေးနွေးစရာရှိလည်း ကြိုဆိုပါတယ်ဗျာ။

ချမ်းသာစစ်နဲ့ ပြည်စုံပါစေ။

ပြေဇော်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP