* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 4, 2009

အရက်သောက်မှ လူပီသမှာလား

အမေး။ ။ဘုန်းဘုန်း…..ဘီယာ၊ ကွမ်း၊ ဆေးလိပ် တွေဟာဟာ ငါးပါးသီလထဲပါပါသလားဘုရား၊ ဘီယာတို့၊ ကွမ်း၊ ဆေးလိပ် များကို မသောက်တတ် မသုံးတတ်ဘူးဆိုရင် လူမပီသဘူး၊ သုံးတတ်၊ သောက်တတ်မှ လူပီသတယ်လို့ ပြောနေကြတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်


အဖြေ။ ။ အရက်သောက်တတ်မှာ လူပီသတယ်၊ မသောက်တတ်လို့ကတော့ လူမပီသဘူး ဆိုတဲ့စကားဟာ အရက်ကြိုက်တဲ့ လူများရဲ့ စကားဖြစ်ပါလိမ့်မယ်။
လူတို့မှာ ငါးပါးသီလ ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမယ်၊ စောင့်ထိန်းရမယ်လို့ ဘုရားရှင်မိန့်တော်မူတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သိချင်ရင် ကိုယ်ကျင့်တရားဆိုတဲ့ ပေတံနဲ့ တိုင်းထွာရပါတယ်။ လောကမှာ ဘယ်လောက် ချမ်းသာတဲ့သူပဲဖြစ်နေပါစေ၊ ကိုယ်ကျင့်တရား မရှိဘူး၊မကောင်းဘူးဆိုပါဆိုရင် သူ့ရဲ့ ဘ၀တန်ဖိုး ဟာ အောက်ဆုံးအဆင့်ကို ရောက်သွားပါတယ်။ လောကမှာ ဆင်းရဲပေမဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တယ်၊ ကိုယ်ကျင့်တရားကို အသက်နဲ့လှဲပြီး စောင့်ထိန်းကြတာ ရှိကြပါတယ်။ ဒီလူများဟာ ဘ၀တန်ဖိုးမြင့်တဲ့ အထဲမှာပါပါတယ်။
သုရာမေရယ သိက္ခပုဒ်ဟာ ငါးပါးသီလထဲက နောက်ဆုံးမှ ရှိနေပေမဲ့၊ အဓိကကျတဲ့ သိက္ခာပုဒ်တစ်ခုဖြစ်နေတာပါ်။ ဘာ့ကြောင်ဆိုရင် အရက်မူးနေတဲ့သူဟာ အထက်က သိက္ခာပုဒ်လေးပါးကို ကျူးလွန်ဖို့ ၀န်မလေးတဲ့အပြင် အချိန်မရွေး ကျူးလွန်နိင်တဲ့ အတွက်ဖြစ်ပါတယ်။
သုရာမေရယသိက္ခာပုဒ်မှာ ဘာတွေပါလဲဆိုတာ ပြောပါ့မယ်။
မူးယစ်စေပြီး သူတော်ကောင်းတရားများကို မေ့လျော့စေတတ်တဲ့အတွက် “သေရည်” လို့ခေါ်ပါတယ်။
သုရာ ဆိုတဲ့ သေရည် ငါးမျိုး ရှိပါတယ်။
(၁) ပိဋ္ဌသုရာ - ဆန်မှုန့်နဲ့ ပြုလုပ်တဲ့ သေရည်။
(၂) ပူဝသုရာ - မုယောဆန်၊ ဂျူံမုန့်နဲ့ ပြုလုပ်တဲ့ သေရည်။
(၃) သြဒနိယသုရာ - ကောက်ညှင်း ထမင်းနဲ့ ပြုလုပ်တဲ့သေရည်။
(၄) ကိဏ္ဏပ္ပက္ခိတ္တသုရာ - တဆေးမှုန့်ကို ခတ်ပြီး ပြုလုပ်တဲ့ သေရည်။
(၅) သမ္ဘာရ သံယုတ္တသုရာ - သေရည်ကို ဖြစ်စေနိုင်တဲ့ အသီးအဆံ၊ အဆီစတဲ့ ၀တ္ထုပစ္စည်းများနဲ့ ပြုလုပ်တဲ့ သေရည်(စပျစ်သီးစတာတွေ နဲ့ ပြုလုပ်ထားတဲ့ ၊ စပျစ်ဝိုင်များ)။ (၀ိနည်းမဟာဝါပါဠိ၊ ၁၄၆)
မေရယ ဆိုတဲ့ အရက် ငါးမျိုး ရှပါတယ်။
(၁) ပုပ္ဖာသ၀ - သစ်ပွင့်ရည်မှ ဖြစ်တဲ့ အရက်။
(၂) ဖလာသ၀ - သစ်သီးအရည်မှ ဖြစ်တဲ့ အရက်။
(၃) မစွာသ၀ - မုဒရက်(သီး) အရည်မှဖြစ်တဲ့ အရက်။
(၄) ဂုဠှာသ၀ - ကြံရည်မှ ဖြစ်တဲ့ အရက်။
(၅) သမ္ဘာရသံယုတ္တ - အရက်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုများ စုပေါင်းနေတဲ့ အရက်တို့ ဖြစ်ပါတယ်။
(သုတေန သရုပ်ပြ အဘိဓာန်ကျမ်း)
သုရာမေရယ ဆိုတာ လူကို မေ့လျော့အောင် မူးယစ်စေတတ်တဲ့ အရာမှန်သမျှ ပါပါတယ်။ ကွမ်းနဲ့ဆေးလိပ်ကျတော့ သီလထဲမပါသော်လည်း ကွမ်းနဲ့ ဆေးလိပ်သုံးစွဲခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရှောင်ကြဉ်နိုင်က အကောင်းဆုံးဖြစ်ပါကြောင်း…လူငယ်များ ဘ၀တိုးတက်မှုအတွက် ကိုယ်ကျင့်တရားကို ကောင်းမွန်စွာ နေထိုင်ကျင့်သုံးနိုင်ပါစေ…လို့ ဆန္ဒပြုရင်း….

အပြည့်အစုံသို့ »



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP