* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 4, 2009

ငြိမ်းချမ်းစွာအတူတကွ လက်တွဲသွားကြပါစို့......


Posted on 7:44 AM by peacefulness


တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ ပြည် ဒို့ မြေ ..များလူခပ်သိမ်းငြိမ်းချမ်းစေဖို့.. . ခွင့် တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြေ ဒို့ပြေ ဒို့မြေ .. ပြည်ထောင်စုအမွေ အမြဲတည်တန့်စေ..အဓိဋ္ဌာန်ပြုပေ.. ထိန်းသိမ်းစို့လေ..(ကမ္ဘာမကြေ ဗမာပြည် ဒို့ ဘိုးဘွား အမွေ အနှစ်မို့ချစ် မြတ်နိုးပေ..ပြည်ထောင်စုကို အသက်ပေးလို့ ဒို့.. ကာကွယ်မလေ..ဒါ ဒို့ပြည် ဒါ ဒို့မြေ ဒို့ ပိုင်တဲ့မြေ ..ဒို့ ပြေ ဒို့ မြေ အကျိုးကို ညီညာစွာ ဒို့ တစ်တွေ ထမ်းဆောင်ပါစို့လေ.ဒို့ တာဝန်ပေ အဖိုးတန်မြေ...)။

စာရေးသူ ငယ်ငယ်ကတည်းက နှစ်သက်မြတ်နိုးလာခဲ့ရသော အမိနိုင်ငံတော် သီးချင်းလေးဖြစ်ပါသည်၊ ငယ်စဉ်က ကျောင်းတက်ခေါင်းလောင်းသံ ကြားရပြီး ဆိုသည်နှင့် စာရေးသူအပါအ၀င် အားလုံးသောကျောင်းသူ ကျောင်းသားတွေသည် ကျောင်းရှေ့မြေကွက်လပ်မှာ စုပေါင်းပြီး ရပ်နေကြရပါသည်။ စာရေးသူက ကျောင်းသူ ကျောင်းသားများထဲမှာ အနည်းငယ်ထွားကြိုင်းသောကြောင့် နေ့တိုင်း အလံကို တင်ရသော တာဝန်ကို ထမ်းဆောင်ရပါသည်။ ဆရာက အချက်ပြလိုက်သည် နှင့် ကြိုးကို တဖြေးဖြေး ဆွဲပြီး အလံကို တင်ရပါသည်၊ အလံတိုင်ထိပ်ပေါ် သို့ ရောက်သည် နှင့် တပြိုင်တည်းမှာပဲ အမိနိုင်ငံတော်သီချင်းကို ဆရာနှင့်တကွ ကျောင်းသူကျောင်းသားတွေ အားလုံး ညီညီညာညာ သီဆိုကြရပါသည်။

နိုင်ငံတော်သီချင်းကိုဆိုနေရင်းဖြင့် စာရေးသူ၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး စိတ်ထဲမှာ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးတဲ့စိတ်တွေ ပေါ်ပေါက်လာခဲ့ပါသည်။ ကောင်ကင်ပြာ၏အောက် လေထဲမှာ တလွင့်လွင့်ဖြစ်နေတဲ့ အမိနိုင်ငံတော်အလံကို ကြည့်မိတယ်ဆိုရင်ဖြင့် တိုင်းပြည်အတွက် အသက်ကို ပဓာနမထားပဲ လွတ်လပ်ရေးရအောင် ကြိုးပန်းသွားခဲ့ကြသည့် ဗိုလ်ချုပ်နှင့်တကွ မျိုးချစ်တပ်မတော် သားများကို အလေးပြုတာနှင့်တောင် မလုံလောက်ပဲ မျက်ရည်များဝေ့၀ဲလာသည့်အထိ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါသည်။ ထိုအချိန်မှ စ၍ ငါအရွယ်ရောက်လာရင်ဖြင့် ဗိုလ်ချုပ်လို စစ်သားကောင်းဖြစ်အောင်လုပ်မယ် ပြီးတော့ သူတို့လို အမိနိုင်ငံတော်အတွင်း မှာ ရှိနေသော ပြည်သူတွေအတွက် သာသနာတော်အတွက် အသက်ကို ရဲ့ရဲ့ဝင့်ဝင့် ပေးဆပ်မယ် ကာကွယ် မယ်ဆိုပြီး စိတ်ကူးလေးတွေ တည်ဆောက်ခဲ့မိပါသည်။ အထူးသဖြင့် မိမိ နိုင်ငံတော်သီချင်းကို သီဆိုရသည့် အချိန်တိုင်းမှာ စာရေးသူခံစားခဲ့မိခြင်းဖြစ်ပါသည်။ ကျောင်းမှာ စာရေးသူ သူငယ်ချင်းများနှင့်ဆော့ကစား သောအခါတွင်လည်း စစ်တိုက်ခြင်းဖြင့်သာလျှင် ကစားခဲ့တာ များပါသည်။

၎-တန်းနှစ်လောက်မှာ အကိုယ်က စစ်ထဲဝင်သွားတော့ ငါတို့တွေ စစ်သားမျိုးဖြစ်ပြီိဆိုပြီး အကိုယ်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိခဲ့ရပြန်ပါသည်။ ငယ်ငယ်ကတည်းက ဖတ်ခဲ့သော စာအုပ်များသည်လည်း ၉၀ ရာခိုင်နှုန်းဟာဖြင့် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံတော်ကို လွတ်လပ်ရေးရအောင် ကြိုးပန်းခဲ့တာတွေ မျိုးချစ်တပ်မတော် သားများသည် ပြည်သူတွေအတွက် သူတို့၏ အသက်ကို မြူမှုန်မျှလောက်တောင် ပဓာနမထားပဲ ရဲ့ရဲ့ဝင့်ဝင့် ပေးဆပ်ခဲ့ရသော စာအုပ်များ အကြောင်းကိုသာ ဖတ်ခဲ့ပါသည်။ ဘာကြောင့် လည်းဆိုတော့ သူတို့လိုဖြစ်ချင်တာရယ် တပ်မတော်သားတွေကို လေးစားလို့ ဂုဏ်ယူမိလို့ ဖတ်ဖြစ်ခဲ့တာဖြစ်ပါသည်။

တပ်သားတစ်ယောက် ဖြစ်ဖို့အတွက် အတော်ကို ခဲရင်းပါလိမ့်မည်။ သာမန်စိတ်ဓါတ်နှင့် ၀င်လို့ရနိုင်မည် မထင်ပါဘူး။ ဘာကြာင့်ဘာလိမ့် စာဖတ်သူတို့တွေ သေချာစဉ်စားကြည့်ပါ မ၀င်ခင်ကတည်းက စစ်ထဲဝင်ရင် အမိနိုင်ငံတော်အတွက် စစ်တိုက်ရမယ်ဆိုတာသိတယ်၊ စစ်တိုက်ရင်ဖြင့် သေနိုင်တယ်ဆိုတာလည်းသိတယ်၊ မည်သူကမှ ငယ်ငယ်ရွယ်ရွယ်နှင့် သေချင်သူများ ရှိလိမ့်မဟုတ်ပါ၊ စစ်သားဖြစ်ချင်သူတွေ၏ စိတ်ထဲမှာ တူညီသော စိတ်ထားကတော့ ပြည်သူတွေအတွက် ငါအသက်ကို စတေးရဲသည်၊ မသေမချင်းလည်း အမိနိုင်ငံတော်ကို ငါနိုင်သလောက်ကာကွယ်မယ်ဆိုသည့် ခိုင်မာသော စိတ်ထားမျိုးဖြစ်ပါသည်။ ဒါကတော့ ပြောပြနေစရာလိုပါဘူး လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါသည်။

အထဲရောက်တော့လည်း ပြည်သူတွေလို ကောင်းကောင်းမွန်မွန် မစားရရှာပါဘူး။ ဖြစ်သလိုစား ဖြစ်သလိုနေ နေပူမရှောင် မိုးရွာမရှောင် လေ့ကျင့်မှုတွေကို အမြဲမပျက် လုပ်နေရပါသည်။ ဘယ်လိုပဲကြည့်ကြည့် မလွယ်ကူလှပါဘူး။ လေ့ကျင့်မှုတွေ ပြီးသောအခါတွင်လည်း မနေရပါဘူး စစ်မြေပြင်ကို အမျိုးဘာသာ သာသနာအတွက် စစ်တလင်းကို ပန်းခင်းလမ်းအလား ရှောက်လှမ်းခဲ့ရပြန်ပါသည်။ စစ်မြေပြင်မှာလည်း သေမင်းတမန်တွေနှင့် အပြိုင် ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ စစ်တလင်းမှာ အောင်မြင်တာလည်းရှိတယ် မအောင်မြင်တာလည်းရှိမယ် အသက်သေတာလည်းရှိမယ် မသေပဲနှင့် ခြေပြတ်၊ လက်ပြတ်တာတွေရှိမယ်။ အရှင်လတ်လတ်ငရဲမှာ နေရသလို သူတို့တွေ ခံစားကြရမှာပါ၊ ဒါပေမယ့် သူတို့နောက်ဆုတ်ခဲ့သလား မဆုတ်ပါဘူး အများပြည်သူတွေအတွက် ငါတစ်ယောက်သာ အသက်အသေ ခံမယ်ဆိုပြီး ပန်ပင်းမှုတွေ ငတ်မွတ်မှုတွေ နာကြဉ်မှုတွေကို ခ၀ါချလို့ ရှေ့ကိုဆက်ခဲ့ရရှာပါတယ်။

ဒါမျိုး စိတ်ဓါတ်ရှိဖို့အတွက် ဖြစ်လာဖို့အတွက် လွယ်ပါမလား။ မျိုးချစ်စိတ်ဓါတ်ဆိုတာ ဘာကိုခေါ်တာလည်း ငါမှာ မျိုးချစ်စိတ်ဓါတ်ရှိတယ် ဆိုပြီး ဖင်ဘူးထောင်အော်နေပြီး လက်တွေကြတော့ ပုရွက်ဆိတ်တောင် အကိုက်မခံရဲ တာကို ခေါ်တာလား။ သေချာ စဉ်းစားကြပါ ဒါကြောင့် ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို သူတို့လုပ်နေသည်ကို အားမပေးသင့်ဘူးလား ဂုဏ်မယူသင့်ဘူးလား၊

အိမ်ထောင်တစ်ခုတည် ဆောက်မယ်ဆိုရင်ဖြင့် ပထမဆုံး အိမ်ထောင်ကို ကာကွယ်နိုင်ဘို့အရေးကြီးလှပါတယ်။ မိမိတည်ဆောက်ခဲ့သော အိမ်ထောင်ရေးက မခိုင်မြဲဘူး ဆိုရင်ဖြင့် ဖြစ်လာမည့် အနာဂါတ်ဆိုတာလည်း ဒယိုင်ဒယိုင်ပဲ ဖြစ်လာမှာဖြစ်ပါသည်။ မိမိမှ ကောင်းကောင်းမစောင့်ရှောက်နိင်ရင် အိမ်ထောင်ရေး စီပွားရေး သားသမီရေး ဘာသာရေး ဆိုတာတွေက ဘယ်လိုမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပထမဆုံး အရေးကြီးဆုံးက ကွာကွယ်ရေးပါပဲ ။ ကာကွယ်ရေးမရှိပဲ လူမှုရေး ဘာသာရေး စီးပွားရေးတွေဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ကာကွယ်ရေးကောင်းမှသာလျှင် အတွင်းမှာ စီးပွားရေး ဘာသာရေးတွေ ကောင်းမွန်လာမှာဖြစ်ပါသည်။

စာဖတ်သူတို့သိမှာပါ မိမိတို့နိုင်ငံ ကာကွယ်ရေးမတောင့်တင်းခဲ့၍သာ တပါးသူတွေ လက်ထဲမှာ ကျွန်ဘ၀နှင့် နေခဲ့ရခြင်းဖြစ်ပါသည်၊ ကိုယ်မင်း ကိုယ်ချင်း ကိုယ်ဘာသာရေးနှင့် အေးအေးချမ်းချမ်း နေလာခဲ့ရသော ပြည်မြန်မာသည် ကာကွယ်ရေးမတောင့်တင်းမခိုင်းမာခဲ့၍လည်းကောင်း ပြည်တွင်း လောက်ကောင် တွေကြောင့် လည်းကောင်း သူတပါးတွေရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ ပြည်သူတွေသည်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရစားခဲ့ရ ၊ ကလေးသူငယ်များသည်လည်း စာပေပညာကို ကောင်းကောင်းမွန်မွန် မသင်ကြားခဲ့ရ ၊ ထိုအတူ ငါတို့ချစ်မြတ်နိုးလှသော ငါတို့ ရိုသေကိုင်းရှိုင်းရသော ဗုဒ္ဓမြတ်စွာ၏ ဘာသာ သာသနာသည်လည်း သူတို့၏ ဖိနပ်ခွာသံ တွေအောက်မှာ ငြိုးနွမ်းခဲ့ရပါသည်။ ဘယ်လောက်များ ရင်နာကောင်းစရာကောင်းလိုက်ပါလိမ့်၊

ဗိုလ်ချုပ်အောင်ဆန်းခေတ်၊ ပထမ လွတ်လပ်ရေး တိုက်ပွဲတုန်းက ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်စဉ်က ‘ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့’ ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သောစကားသည် တအားကို တန်းဘိုးရှိလှပါသည်။ ဒါကြောင့်နိုင်ငံတော်မှာ ကာကွယ်ရေးက မရှိမဖြစ်လိုအပ်ပါတယ်။ မိမိတို့ ဒါမျိုး သူတစ်ပါး၏လက်အောက်မှာ နောက်တစ်ခါ ထပ်ပြီးမနေ ရအောင် ကာကွယ်သင့်ပါတယ်။ အမိနိုင်ငံတော်ကို ကာကွယ်နိုင်ရန် အတွက် အသက်ကို အသေခံရဲသည့် တပ်မတော်မသားများ လိုအပ်ပါသည်။

အပြင်ကဘယ်လောက်ပဲကာကွယ်ကာကွယ် အထဲမှာ ညီညွတ်ခြင်း စည်းလုံးချင်းမရှိလို့ကတော့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ပါဘူး။ ဒို့ ဗိုလ်ချုပ် နိုင်ငံတော် လွတ်လပ်ရေးရလာခဲ့တာသည် လူမျိုးပေါင်းစုံး စည်းစည်းလုံးလုံး ညီညွတ်ကြောင့်သာလျင် ခုလိုလွလ်လပ်ရေးကြီး ရလာခဲ့တာဖြစ်ပါသည်။ ဒါကြောင့်အရာရာကို စဉ်းစားသင့်ပါသည်။ ငယ်ငယ်က သင်ခဲ့ရပါသော ပုံပြင်တစ်ခုကို သွားသတိရပါသည် အဘိုးအိုက သူ၏သားသုံး ယောက်ကို ပထမ ထင်းစည်းတစ်ခုလုံးကို ချိုးခိုင်းပါတယ်။ သားတွေက ဘယ်လိုပင်သော အားထုတ်ခဲ့ပါသောလည်း ချိုး၍ မရခဲ့ပါ။ နောက်တော့ အဘိုးအိုက ကောင်းပြီ ငါသားတို့ မင်းတို့ ကြိုးကိုဖြေပြီး ထင်းကို တစ်ချောင်းခြင်း ချိုးကြည့်စမ်းလို့ ခိုင်းတော့ သားတွေကလည်း အဘိုးအိုပြောသည့် အတိုင်း ချိုးလိုက်ကြသောအခါ ထင်းချောင်းများသည် တခဏအတွင်းမှာ အားလုံးဟာ အကျိုးတွေဖြစ်ကုန်ကြပါသည်။

သားတွေက အဘိုးအိုကို အားရ၀မ်းသာနှင့် ထင်းတွေ အကုန်လုံးကျိုးသွားဆိုပြီး ပြောတော့ အဘိုးအိုက ငါသားတို့ မင်းတို့မြဲမြဲ မှတ်ထား ဘယ်အကြောင်းမဆို ထင်းစည်းကြီးလိုများ ငါသားတို့သုံးယောက်နေသွားခဲ့မည် ဆိုလျင် ဖြင့် ငါသားတို့ကို ဘယ်ရန်သူမှ လာပြီး မဖျတ်ဆီးနိုင်ဘူး။ တကယ်လို့ ငါသားသုံးယောက်က ထင်းစည်းတွေလိုမနေ ဘူးဆိုရင်ဖြင့် ထင်းချောင်းတွေလို တစ်ချောင်းခြင်း အချိုးခံရပြီး ငါသားတို့ဘ၀ ပျတ်ဆီးသွားလိမ့်မယ် ဒါကြောင့်ငါသားတို့ ထင်းစည်းလိုပဲကျင့်ကြ လို့ သားတွေကို ဆုံးမစကားပြောကြားခဲ့ပါသည်။ ငယ်ငယ်တုန်းက ဘာကိုဆိုလိုတာ စာရေသူသေချာ မသိခဲ့ပေမည့်လည်း ခုအခါမှာ ဒီအဆုံးအမလေးက ငါတို့နိုင်ငံအတွက် ဘယ်လောက်အသုံးဝင်သလဲဆိုတာ နားလည်း သဘောပေါက်လာခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြောသလို အကယ်၍စည်းလုံးညီညွတ်မှုသာမရှိခဲ့လျင် ငါတို့နိုင်ငံကြီးသည် ဟိုဒင်း နိုင်ငံပြန်ပြီးဖြစ်သွားနိုင်ပါသည်။ ဒါကြောင့် တိုင်းရင်သားတွေ စည်းစည်းလုံးလုံးနှင့် ဆိုင်ရာတာဝန်တွေကို ကိုယ်အသိစိတ်နှင့်ကို ထမ်းဆောင်နိုင်ကြမယ်ဆိုရင် ဟိုဒင်းနိုင်ငံဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ " အကျိုးကို ညီညာစွာ ဒို့ တစ်တွေ ထမ်းဆောင်ပါစို့လေ.. ဆိုသော စကားလေးအတိုင်းသာ လုပ်သွားကြဖို့လိုအပ်ပါသည်။ ကျွဲနှစ်ကောင်ခတ်တာကြောင့် ကြားထဲမှာ ရှိနေကြသော အပြစ်မရှိသော မြေဇာပင်တွေ ပျက်ဆီးဆုံးရှုံးနေမှာ တော့ သေချာပါသည်။ ဘာကြောင့်များ ကျွဲနှစ်ကောင် ရန်မှုနေကြပါလိမ့် အစာအဟာရကြောင့်လား သူစားကျက် ငါစားကျက် လုနေလို့လား သူတို့ဒီလို့ပြုမှုနေကြတဲ့အတွက် ကြားထဲက မြေဇာပင်တွေ ပျက်ဆီးရသလို သူတို့အတွက်လည်း အကျိုးမရှိပါဘူး။

ကျွဲတစ်ကောင်က အရင်စားကျက်ကို ပိုင်ထားသည် အခြားကျွဲတစ်ကောင်က ဒီစာကျက်ထဲမှာ သူ့လိုပဲ ငါလည်းကျက်စားချင်တယ် ဆိုရင် ဒီစားကျက်ထဲမှာပဲ ငြိမ်းချမ်းစွာ အတူတကွ စားချင်ပါသည်စသည်ဖြင့် တောင်းခံသင့်ပါသည်။ စားကျက်ပိုင်ရှင်က ခွင့်ပေးရင်စားပေါ့ မပေးရင်လည်း ကိုယ်နှင့်သင့်တော်မည့် စားကျက်ကိုရှာသင့်ပါတယ် စားကျက်ပိုင်ရှင်ကို သွားပြီး မပေးရကောင်းလား ဆိုပြီး ရန်ပြုမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာနိုင်တဲ့အပြင် အပြစ်မရှိတဲ့ မြေဇာပင်တွေ လည်း အများအပြား ပျက်ဆီးဆုံးရှုံးရပါလိမ့်မည်။

" နွားကွဲရင် ကျားဆွဲခံရမည်" သဘောတရားလေးကတော့ နွားအုပ်တစ်အုပ်က အတူတစ်ကွ မိမိတို့စားကျက်တစ်ခုထည်းမှာ အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနှင့် သာကျက်စားနေမယ်ဆိုရင်ဖြင့် မိမိတို့ကို စားရန်ချောင်းနေသော သားကောင်ရန်မှ ကင်းဝေးမှာ ဖြစ်ပါသည်။ ဒါမှမဟုတ်လို့ စည်းစည်းလုံးလုံး မရှိဘူးဆို အမြဲတန်းတစ်ကောင်နှင့် တစ်ကောင် ရန်ဆောင်နေမယ် ဆိုရင်ဖြင့် အမြဲတန်းချောင်းနေသော သားကောင်၏ အစာဖြစ်သွားပါလိမ့်မည်။

နောက်တစ်ခုကပြောချင်တာက မိသားစုတစ်စုထဲမှာ အိမ်ထောင်ဦးစီးကို မိမိက မနာလို လို့သောလည်းကောင်း တကယ့်ကို မိမိအမြင်မှာ မကောင်းလို့သောလည်းကောင်း မကောင်းဘူးလို့ထင်ရင် မိမိထင်သော သူကိုသာလျင် ထင်သင့်ပါသည်။ သူနှင့်ပတ်သတ်၍ ဖြစ်လာခဲ့သောသားသမီးတွေကိုတော့ သူလိုပဲလို မထင်သင့်ပါဘူး။ သူ့မိဘတောင် မကောင်းတာ သူလည်း ဘယ်ကောင်းမလည်း ဆိုသော ၀ါဒ သည် ကောင်သောဝါဒ မဟုတ်ပါ အားလုံးကို သိမ်းကြုံး၍ လည်း ၀ါးလုံးရှည်နှင့် မရမ်းသင့်ပါ။ တကယ်တော့ သားသမီးဆိုသည်မှာ မိဘ၏ အမွေကို ကောင်းသည်ဖြစ်စေ မကောင်းဖြစ်စေ ခံယူကြရပါသည်။ မကြိုက်ရင် ကိုယ်ဘာသာကို ပြင်ကြရပါသည်။ မယ်တော် တစ်ယောက်ကပြောဘူးတယ် သားသမီးဆိုတာ ကောင်းမွေခံ ဆိုးမွေးခံလေးတွေပါတဲ့ ၊ ဒီစကားလေးက တော်တော်ကို မှတ်သားဖို့ကောင်းပါတယ်။ တန်ဖိုးလည်းရှိတယ်။

ဒီလိုပါပဲ အဖွဲ့အစည်းတစ်ခု၏ လက်အောက်မှာ လုပ်ကိုင်နေကြကုန်သော မည်သို့သော အလုပ်သမားများမဆို အလုပ်ရှင်၏ ကောင်းမွေးခံ ဆိုးမွေးခံလိုခေါ်ထိုက်ပါတယ်။ တကယ်တော့ သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ပါဘူး၊ မိမိက ပြောချင်တယ် ဆိုချင်တယ် ဆိုရင်ဖြင့် အလုပ်သမားများနှင့်တင်မပြီးပါဘူး အထက်က အလုပ်ရှင်ကသာ အဓိကပါ။ ဒါကြောင့် အပြစ်တင်ချင် ပြောချင်တယ်ဆိုရင်ဖြင့် အလုပ်ရှင်ထံကိုသာ တိုက်ရိုက်သွားပြီး ဆွေးနွးသင့် တိုင်ပင်သင့် ပါသည်။ တကယ်တော့ လက်အောက်ခံ သူတို့ဘ၀လေးတွေက တကယ့်ကို သနားဖို့ကောင်းပါတယ်။


မိဘကြောင့် ဖြစ်လာခဲ့သော သားသမီးဖြစ်ပေမယ့် လည်း သဘောထား အသိညဏ် ပညာစတာတွေက ကွာခြားနိုင်ပါတယ်။ ဥပမာ ဘုရားအလောင်းတော် မဟောသဓာကို ကြည့်နိုင်ပါတယ် ဘခင်ထက်မြတ်သောသားဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ မိခင်ထက်မြတ်သော သားရတာနာဖြစ်ပါသည်။

ဒါကြောင့် တစ်အိမ်ထဲနေ တရေးထဲသောက်နေပေမယ့် အားလုံးကိုအတူတူပဲလို့ မမှတ်ယူသင့်ပါဘူး။ အသိညဏ်ရှိသော သူတိုင်း စဉ်စားနိုင်ပါသည်။ ပညာရှိသူတော် ကောင်းတို့မည် သည် ဘယ်တော့မှ ဤ သို့မပြောပါ မလုပ်ဆောင်ပါ။ မြတ်စွာဘုရားသည် ဆုံးမ၍ ရသောသူကိုသာဆုံးမ၍ ဆိုဆုံးမ၍ မရသောသူကို ဥပေက္ခာဖြင့်နေပါသည်။ ဥပေက္ခာ ဆိုသည်မှာ ချစ်ချင်း မုန်းချင်း မရှိပါ။ မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကိုယ်တိုင် ရဟန်းတို့အား မိမိအပေါ်ရန်ပြုလာသော သူတွေကို မေတတ္တာနှင့်ပြန်၍ ပြောပါ ပြော၍ မရပါက နုတ်ဆိတ်နေတော်မူပါလို့ တပည့်သားတွေကိုဆိုဆုံးမတော်မူခဲ့ပါသည်။

ငါတို့ကို ရန်လုပ်နေသူပဲ မကောင်းပြောနေသောသူပဲဆိုပြီး မကောင်းသောစိတ်နှင့် မေတ္တာမပို့ရ ဆိုပြီး အနာဂါတ်ကို ရည်မျော်ပြီး ဆိုဆုံးမတော်မူခဲ့ပါသည်။ အယုတ်ဆုံးအားဖြင့် ပြောဖို့နေနေသာသာ စောင်းမြောင်းပြီးတောင် မပြောရဟု မိန့်တော်မူခဲ့ပါသည်။ ဒါက ရဟန်းတွေအတွက် ပညတ်ထားတာပါ။ လူတွေ အတွက် လည်း မှတ်သားနာယူသင့်ပါတယ်။

မိမိဆန္ဒကတော့ အေးအေးချမ်းချမ်းနှင့် မိသားစုတစ်စုဖြစ်ချင်ပါသည် ဘေးရန်တွေပြည့်နေသော အိမ်ထောင်တစ်ခုလို မဖြစ်စေချင်ပါ။ ကျားလည်း အဆွဲမခံနိုင်ဘူး နွားလည်း အကွဲမခံနိုင်ဘူး ။ကောင်းမွေခံ ဆိုးမွေးခံကလေးသူငယ်တွေကို သနားပေးပါ နားလည်းပေးပါ ၀ါးလုံးရှည်နှင့် ရိုက်ချင်သော စိတ်များကိုလည်း မဖြစ်စေချင်ပါ။ အိမ်တွင်းမှာ ရှိနေသော ဘခင် မိခင် သားသမီးတွေ အားလုံးစည်းစည်း လုံးလုံး ညီညီညာညာ ဖြင့် မိမိ နှင့်ဆိုင်ရာ နေရာကိုယ်စီမှာ နေပြီးတာဝန်ကျေမယ်ဆိုရင်ဖြင့် အိမ်ထောင်စုတစ်စုသည် ပျော်ရွှင်ဖွယ် အလွန်ကို ကောင်းသော မိသားစုလေး ဖြစ်လာမှာ မလွဲပါဘူး။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာစွာဖြင့် အားလုံးသော သူတော်ကောင်တွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တစ်ဦးနှင့်တစ်ဦး အပြစ်မမြင် အချစ်ဝင်ကာဖြင့် ငြိမ်းချမ်းစွာ အတူတကွ တစ်သက်လုံး လက်တွဲသွားနိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်...............


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP