အောက်တိုဘာလတွင် လှူဒါန်းမည့်နေရာများ
| ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ |
| အောက်တိုဘာလတွင် ၁၈ကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်းသတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။ ၁။ မြင်သာထေရ၀ါဒပရိယတ္တိစာသင်တိုက်နှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်း၊ ဘီးလင်းမြို့၊ မွန်ပြည်နယ်။ ကျောင်းအနေထားသည် တောင်စောင်းတွင် ဆောက်လုပ်ထားသည်ဖြစ်ရာ ဆောင်းတွင်းကာလများတွက် ကလေးသူငယ်များအတွက် ဆောင်၊ ခြင်ထောင်တို့ကို မပြည့်စုံစွာဖြင့် နေထိုင်နေကြရသည်။ ထို့အတွက် ကိုရင်၊ ကျောင်းသား၊ စာသင်သားကလေးများ အတွက် လိုအပ်သော ဆောင်၊ ခြင်ထောင်အစရှိသော ပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။ ၂။ အခြေခံပညာမူလတန်းလွန်ကျောင်း၊ မကြီးချိုကျေးရွာ၊ တောင်သာမြို့နယ်။ ထိုနေရာတွင် ကျောင်းဆောက်လုပ်ဆဲရှိသော်ငြားလည်း သင်ကြားနေရသော အဆောင်များမှာ များစွာ ပျက်စီးယိုယွင်းလျှက်ရှိပါသည်။ ထိုသို့ ပျက်စီးယိုယွင်းနေသော ကျောင်းဆောင်အား ဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓလူငယ်များအသင်းနှင့် မေတ္တာကမ္ဘာဖောင်ဒေးရှင်း အသင်းတို့မှ ပူးပေါင်းကာ တတ်အားသရွေ့ ပြင်ဆင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါသည်။
|

0 comments:
Post a Comment