ဓုတင် (၁၃) ပါး...
(၁) ပံသုကူဓုတင် - ဒါယကာတို့ လှူအပ်သော သင်္ကန်းကို ပယ်၍ စွန့်ပစ်ထားသော ပိတ်စတို့ကို သင်္ကန်းအဖြစ် သုံးစွဲခြင်း။
(၂) တိစီဝရိတ်ဓုတင် - သင်းပိုင် (ခါးဝတ်သင်္ကန်း)၊ ဧကသီ (အပေါ်ရုံသင်္ကန်း)၊ ဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး) စသည့် သုံးထည်သော သင်္ကန်းကိုသာ သုံးစွဲခြင်း။
(၃) ပိဏ္ဍပါတ်ဓုတင် - ဆွမ်းခံ၍ ရရှိလာသော သပိတ်အတွင်းမှ ဆွမ်းကိုသာ ဘုဉ်းပေးခြင်း။
(၄) သပဒါနစာရိတ်ဓုတင် - အိမ်စဉ် လှည့်လည်၍ ဆွမ်းအလှူခံခြင်း။
(၅) ဧကာသနိက်ဓုတင် - နေရာတစ်နေရာတွင် ဣိယာပုတ် မပြောင်းဘဲ တစ်ထိုင်တည်းဖြင့် ဆွမ်းသုံးဆောင်ခြင်း။
(၆) ပတ္တပိုဏ်ဓုတင် - သပိတ် တစ်ခု တည်း၌သာ ဆွမ်းသုံးဆောင်ခြင်း။
(၇) ခလုပစ္ဆာဘတ္တိကဓုတင် - ဆွမ်းဘုဉ်းနေစဉ် နောက်ထပ် လောင်းလှူသော ဆွမ်းကို ပယ်ခြင်း။
(၈) အရညကင်ဓုတင် - တော၌သာ နေ၍ တော၌သာ အရုံတက်စေခြင်း။
(၉) ရုက္ခမူဓုတင် - အမိုးအကာ ပယ်၍ သစ်ပင်ရင်း၌သာ တရားကျင့်ခြင်း။
(၁၀) အဗ္ဘောကာသိကဓုတင် - အမိုးအကာ ပယ်၍ လွင်တီးခေါင် အရပ်၍ တရားကျင့်ခြင်း။
(၁၁) သောသာနိကဓုတင် - သုဿန်၌ တရားကျင့်ခြင်း။
(၁၂) ယထာသန္ထတိဓုတင် - ညွှန်ပြသော ကျောင်း၊ ညွှန်ပြသော အိပ်ယာ၌ သီတင်းသုံးခြင်း။
(၁၃) နေသဇ္ဇိကဓုတင် - အိပ်ယာ ခေါင်းအုံး၌ ခေါင်းချ၍ မအိပ်ဘဲ ထိုင်၍ သော်လည်းကောင်း ရပ်၍ သော်လည်းကောင်း တရားကျင့်ခြင်း။

0 comments:
Post a Comment