* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 8, 2009

အဖေအားမကိုးထိုက်ပေမဲ့ သားဆိုး သားမိုက်တော့မဟုတ်ပါအဖေရယ်…ဆိုသောစာရေးဆရာ….

ဘာသာရေး အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

သူ့ကိုသိခဲ့ရသည်မှာ(၅)နှစ်ခန့်လောက်ရှိမည်ထင်ပါသည်။ သူက လျှပ်စစ်အင်ဂျင်နီယာတစ်ဦးပါ။မှတ်မှတ်ရရ မကွေးလေယာဉ်ကွင်းအသစ်တည်ဆောက်အပြီး မိတ်ဆွေဖြစ်ခဲ့ရပါ၏။ အသက်(၅၂)ခန့်ရှိပေမည်။ လူက ပိန်ပိန်ပါးပါး။ နေရပ်လိပ်စာက တောင်ငူသားပါ။စာရေးဆရာမကွေးဝင်းမြင့်မှတဆင့် သူ့ကိုခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည်။

“ကျွန်တော်က ဆရာမကွေးဝင်မြင့်တို့လို စာတွေရေးပြီး စာရေးဆရာဖြစ်ချင်တာပါခင်ဗျာ”

ထိုစဉ်အခါ..သူက ကျွန်တော်တို့ စာပေ၀ိုင်းကို ခပ်လျှိုလျှိုဖြင့် ပြောဆိုဝင်လာသူပါ။ ဒါပေမဲ့ ယနေ့ဘာသာရေးမဂ္ဂဇင်းများတွင် သူစာမူများအား လစဉ်ပါ၍ စာဖတ်ပရိသတ် လူကြိုက်များနေပေပြီ။ လစဉ်ပါနေကြမဂ္ဂဇင်းမှာ အပမ္မာဒမဂ္ဂဇင်းဖြစ်၏။ ထေရ၀ါဒ အတွေးခေါ်ပါသော တကယ့်ဖြစ်ရပ်မှန် ဆောင်းပါး တရားဇာတ်လမ်းများ ကိုသာ သူရေးသားပါသည်။သူ့စာများအား ဖတ်ရသည်မှာ အလွန်အားရစရာသိပ့်ကောင်းပါ၏။ ဆိုလိုရင်းအား ဒိုးကနဲ ဒေါက်ကနဲ ပေါ်လွင်ထင်ရှားအောင်၊ရှင်းလင်းအောင် အထူးရေးသားနိုင်သူပါ။ ထေရ၀ါဒ ကိုသာ တစ်စိုက်မတ်မတ်သက်ဝင် ယုံကြည်ကိုးကွယ်သူဖြစ်သည်။ ဘုရား၊တရား၊သံဃာ၊ကံ၊ ကံ၏အကျိုး မှတစ်ပါး အားကိုးအားထားရာမရှိဟု ဆို၏။ အသိနှင့် အကျင့် တစ်ထပ်တည်းဖြစ်ရန် နေ့စဉ်အမြဲမပြတ် သတိကပ်ထားသည်ဟုလည်း သူဆိုပါသည်။ကျွန်တော်တို့ကိုပင် သူသိသမျှ ကျင့်သမျှ တရားထူးတရားမြတ်များအား နှုတ်တိုက် ပါဠိစာများဖြင့် ပူးတွဲရွတ်ဆို ဘာသာပြန်ပြီး ပြောဆိုရှင်းပြပေးနိုင်သူဖြစ်၏။ ၀ိပသနာ တရားသမား ဆိုသော်လည်း အလှူဒါနဘက်တွင် သူတို့မိသားစုတစ်ဦးတည်းဖြင့် ဘုန်းတော်ကြီးကျောင်းများ (၃)ကျောင်းဆောက်လုပ် လှူဒါန်းပူဇော်ခဲ့သူဖြစ်ပါသည်။ သံသယာရှည်မူကို ဆုမတောင်းပဲ နိဗ္ဗာန်ကိုသာဆုတောင်း လှူဒါန်းသည်ဟု သူဆိုပါ၏။
သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးစစ်စစ်ကြီး ဖြစ်နေပေပြီ။ သူနှင့်အတူ ညီအကိုတော်စပ်သူ(၆)ဦးလုံးအားလည်း သူ၏အသိတရားများကို ပြောဆိုဖြန့်ဝေခဲ့ပါသည်။ သူသိသလို ကျင့်နေသလို ထေရ၀ါဒ ဗုဒ္ဓအယူကို သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်စေနိုင်ခဲ့ပါသည်။
ထိုသူ၏ ရင်ဖွင့်စကားများကြောင့် စာရေးသူကျွန်တော် သူတို့မိသားစုများအတွက် ၀မ်းနည်းပက်လက်ဖြစ်ခါ မျက်ရည်များလည်လာမိပါ၏။

“ ကျွန်တော့် အဖေက အသက်(၈၅)နှစ်၊ အမေက(၇၅)နှစ်တွေပါ။ ယခုအထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ မွေးချင်းမောင်နှမတွေက (၁၂)ယောက်ပါ။ ယောင်္ကျားလေး(၆)ယောက်၊ မိန်းကလေး(၆)ယောက်ပါ။အားလုံးသက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ညီအကိုတွေ(၆)ဦးလုံးက ထေရ၀ါဒ ဗုဒ္ဓဘာသာအယူကို ပြောင်းယူလိုက်ကြပါတယ်။ အဖေနဲ့ အမေ၊ အမ၊ညီမလေးတို့ကတော့…
ဒီဘ၀မှာ ဘယ်လိုမှ စည်းရုံးလို့မရတော့ပါဘူးဗျာ..။သူတို့အတွက် ကျွန်တော် တော်တော်လေးစိတ်မောရပါတယ်.။တရားနဲ့ပဲ နှစ်လုံးသွင်းရှုမှတ်ဖြေနေရပါတယ်လေ...။အော် သူတို့အားလုံး အယူမှား အယူလွဲနေကြပါပြီ…။ ဟိုတစ်နေ့က သူတို့နေ့ထူးနေ့မြတ်ရက်မှာ.. အဖေကဖုန်းဆက်ပါတယ်…”။

““ သား လူလေး..မမိုက်ချင်၊ မဆိုးချင်စမ်းပါနဲ့ကွယ်..။အဖေလဲ အသက်ကြီးလို့သေခါနီးနေပါပြီလူကလေးရယ်..။ အဖေ မသေခင် အဖေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေ့ဆီ်..အဖေတို့ ဘာသာကိုသာ.. ပြန်ဝင်လာပါတော့သားလေးရယ်..နော်..။ အဖေမသေခင် အဖေရဲ့စကားကို နားထောင်ပေးပါသားလေးရယ်….နော်…။““ ငိုသံဖြင့်ဖုန်းချ၍သွားပါသည်။

“အဖေ့ဆီက ဖုန်းသံကြောင့် ကျွန်တော်ရင်ဆို့သွားပါတယ်..။ဒါပေမဲ့ အဖေတို့ဘာသာကိုတော့ ဘယ်တော့မှပြန်မသွားတော့ပါ..။ အဖေနဲ့ အမေကိုတော့ သနားပါတယ်ဗျာ…..ဒါကြောင့် ညက အဖေတို့အမေတို့အတွက် စာတစ်ပုဒ်ရေးလိုက်ပါတယ်…..။ လာမဲ့လမှာ မဂ္ဂဇင်းမှာကျွန်တော့်ဒီစာမူကို ရွေးထားပါတယ်။ဖေါ်ပြပေးပါလိမ့်မယ်…။ခေါင်းစဉ်ကတော့..

အဖေအားမကိုးထိုက်ပေမဲ့ သားဆိုသားမိုက်တော့ မဟုတ်ပါအဖေရယ်……….။”


သူတို့အားအတုယူပြီး ကျွန်တော်တို့ တစ်တွေ မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ ကူးပြောင်းအားထုတ်ကြပါစို့..။


အထက်ပါ စာမူအား ကျွန်တော်လဲ မဖတ်ရသေးပါ။ စာရေးသူ၏အမည်နှင့် ယင်းဆောင်းပါးအား ခွင့်ပြုချက်ယူ၍ ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ အောက်တိုဘာလ(၇)ရက်၊ ည(၉း၄၅)နာရီ ရေးပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP