* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 18, 2009

ထေရ၀ါဒမုခ်ဦးမှာ ရပ်မိခြင်း


ဒီနေ့ရက်တွေမှာတော့ စာဖတ်လိုက်၊ အင်တာနက်ထဲ တိုးဝှေ့လိုက်၊ ရပ်ကွက်ထဲက သာရေးနာရေးတွေမှာ တရားစကားလေးပြောလိုက်နဲ့ အချိန်တိုက်စားမှုတွေကို စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။

မစို့မပို့အသိနဲ့ ဖန်တီးထားတဲ့ သူ့ဘလော့ဂ်လေးကတော့ အဖြူရောင်မေတ္တာကြောင့် တောက်ပလင်းလက်သွားပါတယ်။ ကျေးဇူးမီလျံပါ။

လွန်ခဲ့တဲ့ နှစ်ရက်ခန့်ကတော့ ထေရ၀ါဒတက္ကသိုလ်မုခ်ဦးမှာ သွားရပ်မိပါတယ်။ ထေရ၀ါဒတက္ကသိုလ်ကျောင်း ပိတ်ရက်ကာလများဖြစ်ပေမယ့် နည်းပြနဲ့ ကထိကတာဝန်ထမ်းဆောင်နေကြတဲ့ မိတ်ဆွေရဟန်းတော် အချို့ ကတော့ ရှိနေကြပါသေးတယ်။
မဟာဝိဇ္ဇာဘွဲ့ယူပြီးစ မိတ်ဆွေများကတော့ ၁၉-၁၀-၂၀၀၉ တနင်္လာနေ့မှာ ပါရဂူဘွဲ့အတွက် ၀င်ခွင့်စာမေးပွဲ ဖြေကြရမှာ တဲ့။

အားလုံးက ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးတွေပဲမို့ တက္ကသိုလ်ကို တစ်ပတ်မှာ လေးရက်လောက်ကို ရောက် ဖြစ်ခဲ့တာပါ။ တစ်နေကုန်အောင် စာအကြောင်းပေအကြောင်းကအစ ထွေရာလေးပါး ဆွေးနွေးစရာတွေက မကုန်နိုင်အောင်ပါပဲ။ အဲဒီအရသာကြောင့်ပဲ ကိုယ့်ကျောင်းနဲ့ ကိုယ်ဆွမ်းကွမ်းပြည့်စုံပေမယ့် တက္ကစီကားခ အကုန်ခံပြီး တက္ကသိုလ် လမ်းကို ဦးတည်နေမိတော့တာ။


ကျောင်းမုခ်ဦးဝရောက်တော့ လားလား မိတ်ဆွေရဟန်းတော်တွေက
အဆောင်ရှေ့က စောင်းတန်းမှာ သင်္ကန်း ကို ကျကျနန သပ္ပါယ်လျက်သား အခန့်သားဖြစ်နေကြပါတယ်။ ဓမ္မဒူတအရှင်ဆေကိန္ဒနဲ့ နေ့ဆွမ်းစား ကြွကြရမယ်ဆိုပဲ။

သံဃာအကုန်ပင့်ထားတာဆိုတော့ ဧည့်သည်ဖြစ်တဲ့ သူက ပြန်လှည့်ရမယ့်ပုံပဲ။ ဘာပဲဖြစ်ဖြစ် အခန်းသော့လေး တော့ ပေးခဲ့ကြပါဦး လုပ်ရတော့တာ။ ဆွမ်းမစားဖြစ်လည်း ရေချိုးပြန်ရုံပေါ့။ မိတ်ဆွေရဟန်းတွေ အပြင်ထွက်ပြီး ဆွမ်းစားမကြွဘူးဆိုရင် တက္ကသိုလ်ဆွမ်းစားဆောင်က ဆရာများရဲ့ ဆွမ်းစားဝိုင်းမှာ သူက ၀င်ရောက်ရောနှော လေ့ရှိပါတယ်။ သူကိုယ်တိုင်က ကျောင်းသားဟောင်းဖြစ်နေတော့ ဆွမ်းစားကျောင်းတာဝန်ခံ ဆရာဆရာမ တွေကလည်း သူ့အတွက် စီစဉ်ပေးဖို့အခက်အခဲမရှိပါဘူး။ များသောအားဖြင့်တော့ လွတ်နေတဲ့ နေရာတွေမှာ ၀င်ထိုင်ရုံပါပဲ။ အင်း ဒီနေ့တော့ ကိုယ့်ကျောင်းကိုယ်ပြန်ပေါ့လေ။

မပြန်ခင်လေးမှာ မိတ်ဆွေနည်းပြရဟန်းရဲ့ အခန်းထဲမှာ ကွန်ပြူတာနှိုက်ရင်း စာတိုပေစလေးလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံကြားရတော့တာပါ။
သူနဲ့မျက်မှန်းတန်းမိနေတဲ့ ၀န်ထမ်းဒကာလေးတစ်ယောက်ပါ။ ဆွမ်းစာလာပင့်တာဆိုပဲ။ ဘယ်ကိုတုန်း မေးမိတော့ “ပါမောက္ခချုပ်အဆောင်ကို” တဲ့။
အဲဒီတော့မှ ဂုရုကွေးကြီးညီးတွားသလိုမျိုး “ဟိုက်ရှာလပတ်ရည် ”တမိတော့တာ။ ဆွမ်းအလှူရှင်တွေရဲ့ သံဃာငါးပါးပြည့်အောင် ဆွမ်းကပ်ချင်တဲ့ဆန္ဒကွက်လပ်ကို ဖြည့်ဆည်းဖို့ သူက လတ်တလောအဖြေဖြစ်သွားရတာပါ။

အဆောင်နေရဟန်းတော်အားလုံးကလည်း ဓမ္မဒူတဆွမ်းဝိုင်းကို ရောက်ကုန်ကြပြီကိုး။
ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေနဲ့ ဆွမ်းစားရမှာ သူက ထိတ်လေ့ရှိပါတယ်။မလွတ်လပ်လို့ပါ။
ဟင်းတွေဘာတွေ နှိုက်ရတာလည်း မ၀ံ့မရဲမို့ ငတ်လေ့ရှိပါတယ်။ထေရ်ကြီးဝါကြီးပြီး ဂုဏ်ဒြဗ်မြင့်မားတဲ့ ဆရာတော်ကြီးတွေကို ခပ်လှမ်းလှမ်းကပဲ ဦးတင်လေ့ရှိပါတယ်။ ခြေဆုပ်လက်နယ်ပြု ၀တ်ဖြည့်ပြီး သြ၀ါဒနာယူရတာမျိုးကတော့ တစ်ဘာသာပေါ့လေ။
ဆွမ်းအတူတူစားဖို့တော့ တွန့်ဆုတ်မိတာအမှန်ပါ။ တကယ်တော့ ဆရာတော်ကြီးတွေမှမဟုတ်ပါဘူး၊ လူစိမ်းသူစိမ်းတွေ ဘေးနားမှာဝိုင်းအုံနေရင်လည်း အစားခက်ပါတယ်။ အင်း ရောဂါတစ်မျိုးပေါ့လေ။

သူနဲ့အတူဆွမ်းတစ်ဝိုင်းတည်းထိုင်ရမယ့်ဆရာတော်တွေက

၁)ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ပါမောက္ခချုပ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်
အပြည်ပြည်ဆိုင်ရာအဘိဓမ္မာမဟာသိပ္ပံ၊ ပါမောက္ခချုပ်

၂)ဒေါက်တာအာဒိစ္စ၀ံသ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ပါမောက္ခချုပ်

၃)ဒေါက်တာစန္ဒာဝရာဘိဝံသ
အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ပါမောက္ခ၊မဟာဌာနမှူး။

၎)ဒေါက်တာအာစိဏ္ဏ
အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ပါမောက္ခ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP