* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 18, 2009

နေ ဗိမာန် လ ဗိမာန် တကယ် ရှိသလား -

လူတို့ပြည်မှ မြင်ရသော သူရိယ ၀ိမာန နေဗိမာန် သည် ယူဇနာ (၅၀) စန္ဒ ၀ိမာန- လဗိမာန်သည် (၄၉ ) ယူဇနာကျယ်ဝန်းပေသည်။
(မှတ်ချက် = ယခုခေတ် မိုင်အနေဖြင့်တစ်ယူဇနာသည် ( ၈ )မိုင်၊ (၁၂ )မိုင်ရှိသည် ဟုအယူအဆကွဲနေပေသည်၊ ) နေ လတို့သည် လူတို့ပြည်မှ ယူဇနာ= ၄၂၀၀၀ မြင့်သော ကောင်းကင်၌ တည်ရှိနေကြ၏။

အန္တော - ကနက ၊ အပကား ဖလ်၊ နေဗိမာန်
အန္တော -မဏိ၊ ဗဟိ ရဇတာ၊ လစန္ဒရာ -
ဟု ရှေးရှေး ဆရာတို့ကမှတ်ရလွယ်အောင် လင်္ကာစပ်ဆိုတော်မူခဲ့ကြသည်။နေဗိမာန် သည်အတွင်း၌ ရွှေအတိ ပြီး၍ အပြင် အပကား ဖလ် အတိပြီး၏။
လဗိမာန်၏ အတွင်း၌ ပတ္တမြား အတိပြီး၍ အပြင်အပ ကား ငွေအတိပြီးသည် ဟူ၏။ နေနတ်သား လနတ်သား တို့သည် အခြွေအရံ့နှင့်တကွ နေကြ လေသည်၊

ကြယ်တာရာ - နက္ခတ်အပေါင်းတို့သည်လည်း နတ်သားနတ်သမီးတို့၏နေရာ ဘုံဗိမာန်တို့ပင် ဖြစ်ကုန်၏၊ ကုသိုလ်ကံ အားကောင်းသူတို့သည် ထိုဗိမာန်တို့ကို အထင်အရှားမြင်ကြရ၍ ထိုနတ်ဘုံတို့၌ ဖြစ်ကြရကုန်၏။


ကုဉ္စရ ၀ိမာနနတ်သမီးဝတ္ထု၊ ပီဋ္ဌ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP