* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 18, 2009

ဘာသာမဲ့သူများရဲ့ ဘ၀ရှေ့ရေး


အမေး။ ။အရှင်ဘုရား….. ဘယ်ဘာသာမှ ကိုးကွယ်မှု မရှိတဲ့ လူတစ်ယောက်အနေနဲ့ လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာ ပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။
ရန်အောင်ဖြိုး
ရုရှား
အဖြေ။ ။ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင် သူရဲ့ လုပ်ရပ် အခြေအနေအပေါ် မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။

ဆက်ပါအုံးမယ်။ လုပ်ရပ်ဆိုတာက ကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံ တို့ကြောင့် သူ့ဘ၀ သာယာ ဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ကြောင့်လည်း ခက်ထန်ကြမ်းတမ်းတဲ့ ဘ၀ကြီးကို ပိုင်ဆိုင် သွားနိုင်ပါတယ်။
ဆိုလိုတာက ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀ကို အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား” ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် ပြောပါအုံးမယ်။
ဒီအကြောင်းနဲ့ စပ်လို့ ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ် ဘုရားရှင်ကပုဏ္ဏားတစ်ဦးကို “အသင်ပုဏ္ဏား….သင်ဟာ ဘယ်ခုနှစ်၊ ဘယ်ရက် ဘယ်အချိန်မှာ သေမယ်၊ သေတဲ့အခါ မျောက်ဖြစ်လိမ့်မယ်” ဆိုတာကို မိန့်တော်မူလိုက်ပါတယ်။ ပုဏ္ဏားက ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ ဘုရားရှင် မိန့်တော်မူတာဆိုရင် မှန်တာက များပါတယ်။ မှန်လည်းမှန်တယ် လို့ သူက ယုံကြည်ထားတယ်။
ဒါနဲ့ ပုဏ္ဏားဟာ သူသေပြီးမျောက်ဖြစ်တဲ့အခါ လွယ်လွယ်ကူကူ စားနိုင်အောင် လို့ဆိုကာ သူ့ရဲ့ဥယျာဉ်ထဲမှာ စားပင် သီးပင်တွေ စိုက်ပါတော့တယ်။ စတင်စိုက်ပျိုးတုန်းကတော့ မျောက်ဖြစ်ရင် စားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ပေမဲ့ အသီးများ သီးလာတဲ့အခါ ခရီးသွားဧည့်သည်တွေက အသီးများကိုတောင်းစားကြတဲ့အတွက် သူက ကြည်ကြည်ဖြူဖြူ ပေးခဲ့ တယ်။
သူဟာ ကံတရားကို အယုံအကြည်မရှိပေမဲ့ သူရဲ့လုပ်ရပ်က သူတစ်ပါးများအား ကြည်ဖြူစွာ သစ်သီးပေးလှူတဲ့ ကုသိုလ်တွေက သူ့သန္တာန်မှာဖြစ်မှန်းမသိဖြစ်နေတယ်။ ဒီလိုနဲ့ သေမဲ့ရက်ကို ရောက်လာတယ်ဆိုရင်ပဲ ပုဏ္ဏားကြီးဟာ သေချိန်ကိုပဲ စောင့် ကြည့်နေတယ်။ အချိန်သာကုန်သွားတယ် ပုဏ္ဏားကြီးဟာ မသေလိုက်ဘူး။
သူမသေတဲ့အကြောင်းကို ပုဏ္ဏားကြီးက ဘုရားရှင်ထံ သွားပြီး လျှောက်ထားပါတယ်။ ဒီအခါ ဘုရားရှင်က “အသင်ပုဏ္ဏား….မသေရတဲ့အကြောင်းအရင်းက သင် မျောက်ဖြစ်ရင်စားဖို့ဆိုပြီး စိုက်ထားတဲ့ အပင်များမှ အသီးများကို ခရီးသွားဧည့်သည်များအား ကြည်ကြည်ဖြူဖြူ ပေးလှူတဲ့ ကုသိုလ်ကံ တရားကြောင့် သင်ဟာ သေချိန်ရောက်သော်လည်း မသေခဲ့ပါ” လို့ ပုဏ္ဏားအား မိန့်တော်မူပါတယ်။
ဒါကြောင့် လူတစ်ယောက်ရဲ့ ဘ၀ရှေ့ရေး အဆိုးအကောင်းကို သူပြုခဲ့တဲ့ ကံတရား က အဆုံးအဖြစ်ပေးသွားမှာပါ။ စီမံပေးသွားမှာပါ လို့ ပြောရင်း ဒီအဖြေကို အဆုံးသတ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP