* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 9, 2009

မြန်မာ့စွယ်စုံကျမ်း CD RUM

{676,578 km2 (40th)/ 261,227 sq mi}-ကျယ်ဝန်းတဲ့၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာပြည် သမိုင်း ကြောင်းကို တစ်နေရာ/တစ်ထိုင်ထဲကနေ သိချင်တယ်/ကြည့်ရှုချင်တယ်ဆိုရင် ဒီ-CD RUM-လေးကိုသင့်စက်ထဲ ထည့်ကာ
လေ့လာကြည့်ရှုနိုင်ပါတယ်။
မေမေ့လပြည့်ဝန်းလေး-Virtual-Drive-Format-လုပ်ထားတာပါ။ မူရင်း-CD-ဆိုက်ဆိုရင် ဖိုင်ပမာဏကြီးတော့ Download-ယူရတာကြာမယ်။ နောက် စာဖတ်သူရဲ့ -CD Drive-လည်း မနာရအောင် တခါ-ကွန်ပျူတာထဲ
ထည့်ထားရုံနဲ့ နောက်တစ်ခါ -CD-ထပ်ထည့်စရာမလိုပဲ အချိန်မရွေး သုံးရနိုင်မည့် -Virtual-Drive-Format လုပ်ထားတာပါ။ -Virtual-Drive-နဲ့ သုံးနည်းကတော့ အရင်ရေးသားပြီးသားဆိုတော့ တခါထပ်ပြီး မရေးတော့ဘူးနော်။ မြန်မာသမိုင်းကြောင်းစသည်ကို-CD-RUM-အသုံးပြုပြီး လေ့လာလိုသူများ-Virtual Drive-နဲ့ အသုံးပြုပုံကို ရှာဖတ်ပြီး အသုံးပြုနိုင်ပါတယ်။ အရင်တခါက တင်ပြဘူးသလို -Virtual Drive-အသုံးပြုပုံ၊ -Install-တင်ပုံတွေအကုန်တူပါတယ်။ Virtual-Driveတစ်ခါ Install-တင်ပြီးရင် Install-မကျမချင်း ထပ်တင်စရာမလိုပါဘူး။ -Virtual-Drive-ကို Install-တင်စဉ်က -Virtual-Drive-တစ်ခုထဲယူခဲ့က အလဲအလှယ် လုပ်ကာ သုံးနိုင်ပါတယ်။ ဆိုလိုတာက အင်္ဂလိပ်+မြန်မာအဘိဓာန်ကို ပထမဆုံး -Virtual-Drive-ထဲထည့်ထားက အဲဒါကို Eject-လုပ်၊ ဒီ -Myanmar-Encyclopedia-ကို -Insert-လုပ်ယုံပါဘဲ။ ကိုယ်သုံးချင်တာကို -Insert လုပ်လိုက်၊ မလိုတာကို-Eject -လုပ်လိုက်အနေနဲ့ သုံးယုံပါဘဲ။ CD-Drive-မှာ ကိုယ်သုံးချင်တဲ့ -CD-ထည့် -Play-တာနဲ့ အတူတူပါဘဲဗျာ။ တစ်ခုမှာစရာရှိတာက-Myanmar-Encyclopedia CD RUM-ကို -Install-ပြီးလို့ ဖွင့်သုံးတဲ့အခါ အောက်မှာပြထားတဲ့ -Error-လေး ပြတတ်ပါတယ်။ Ok-ကနေပိတ်ပိတ်၊ Cross-ကနေ ပိတ်ပိတ်၊ ပိတ်ပြစ်လိုက်ပါ၊ ကိစ္စမရှိပါဘူး။ ခဏနေရင် -Myanmar-Encyclopedia-ပွင့်လာမှာပါ။ မကြာမှီ လာမည်မျှော်ပေါ့။ စက္ကန့် (၃၀)လောက်ပါ။

မေမေ့လပြည့်ဝန်းလေးတို့ ဆရာတော်ကြီး အမိန့်ရှိဘူးသလို “နိဗ္ဗာန်တောင် စောင့်လာကြတာ အခုထက်ထိ မရသေးဘူး”။

ငါမလာမချင်း စောင့်ပေါ့တဲ့။ ဆရာတော် သြ၀ါဒပေးခါနီး တခြားအကြောင်း ကိစ္စတခုခုကြောင့် ဆရာတော်လာဖို့

နောက်ကျတဲ့အခါ မိန့်လေ့ရှိတဲ့ စကားပါ။

အခုလည်း ခဏလေးတော့ စောင့်လိုက်ပါ။ အိုကေ???



မေမေ့လပြည့်ဝန်းလေး


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP