* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 18, 2009

မသေချင် သုဿာန်သွား..မရဏဿတိ ပွါး...


မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စည်းဖြန်းလိုသောသူသည် (၁) ချစ်ခင်သူ၏ သေခြင်း၊ (၂) မုန်းသောသူ၏ သေခြင်းတို့ကို အောက်မေ့လျှင် (သောက) ဟူသော စိုးရိမ်ပူဆွေးခြင်း၊ (ပါမောဇ)္ဇ ဟူသော ၀မ်းမြောက်
ခြင်းတို့ ဖြစ်တတ်သဖြင့် မချစ်မမုန်း လျစ်လျူရှုရှိသောသူ၏ သေခြင်းကို အောက်မေ့၍ ဤသူကဲ့သို့
" ငါလည်းမုချ သေရအံ့တည်း၊ မရဏံ မေ ဘဝိဿတိ၊ ဇီဝိတိန္ဒြိ ယံ နိရုဇ္ဈိဿတိ။ ငါ့အားသေခြင်းသည်
ဖြစ်လတ္တံ၊ အသက် ဇီဝိတိန္ဒြိ သည် ပြတ်လတ္တံ " ဟု အကြိမ်ကြိမ် နှလုံးသွင်း၍ မရဏနုဿတိ ထင်သည့်
တိုင်အောင် ပွားများရပေမည်။
"သေခြင်းတရား၊ ဤတပါးကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့၊ စီးဖြန်းကြ" ဟူသော စကားအတိုင်း ဤသေခြင်း မရဏနုဿတိကို အောက်မေ့စီးဖြန်းနေသူသည် မကောင်းမှုတို့ ကို ပြုလုပ်ရန် ကြောက်လန့် လာသဖြင့် အစဉ်ကုသိုလ်ဖြစ်နေသောကြောင့် သေခြင်းတရားသည် လူတို့၏
အကျိုးဆောင်တရားဟု အဆိုရှိပါသည်။ ထို့ကြောင့် အမြဲပွားများ အားထုတ်သင့်ကြပေသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP