* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 18, 2009

*ေဗာဇၥ်င္တရား ခုနစ္ပါး(၅)(၆)*

ပဉ္စမမြောက် ဗောဇ္ဈင်တရားသည် ပဿဒ္ဓိ သမ္ဗောဇ္ဈင် ဖြစ်ပါသည်။ စိတ် မငြိမ်သက်မှု စိတ်အကြံများမှုကြောင့် ဖြစ်သော ကိုယ်စိတ်နှစ်တန် ပူပန်ခြင်း ခပ်သိမ်းမှာ အစဉ်အတိုင်း အေးငြိမ်းလာခြင်းသည် ပဿဒ္ဓိ ဖြစ်ပါသည်။ ဥပမာအားဖြင့် နေပူထဲမှ လာသူသည် အေးမြသော သစ်ပင်၏ အရိပ် အာဝါသ အောက်သို့ ရောက်ရှိလာသည်နှင့် တူပါသည်ဟု ဆိုနိုင်ပါသည်။ တဏှာ လောဘတို့ လျော့ပါးလာသော အခါ စိတ်သည် ငြိမ်းအေး ချမ်းသာ လာပါသည်။ တဏှာ လောဘ ဒေါသတို့ လျော့ပါးလာသည်နှင့် အမျှ စိတ်မှာ ပူလောင်ခြင်းများ ကင်းမဲ့သွားပါသည်။ ထို အခြင်းအရာသည် ပဿဒ္ဓိ၏ အခြင်းအရာပင် ဖြစ်ပါသည်။

ဆဋ္ဌမမြောက် ဗောဇ္ဈင်တရားသည် သမာဓိ သမ္ဗောဇ္ဈင် ဖြစ်သည်။ သမာဓိ ဆိုသည်မှာ စိတ်သည် တစ်ခုတည်းသော အာရုံ အပေါ်၌သာ ကျက်စား၍ စူးစူးစိုက်စိုက် တည်နေခြင်း စိတ္တေကဂ္ဂတာကို ဆိုလိုပါသည်။ သမာဓိ မရှိသော စိတ်သည် အာရုံတစ်ခုဆီမှ တစ်ခုဆီသို့ မျောပါ နေပါသည်။ ပျံ့လွင့် နေပါသည်။ သမာဓိကသာ စိတ်ကို ထိုးထွင်း ရှုမြင်နိုင်သော အစွမ်းသတ္တိကို ပေးပါသည်။ သမာဓိသည် နှစ်မျိုး နှစ်စား ရှိပါသည်။ သမာဓိ တစ်မျိုးမှာ တစ်ခုသော ကသိုဏ်းအာရုံ ပေါ်တွင် စူးစိုက်သော စိတ်ကို ဖြစ်ပေါ်အောင် ထူထောင်ခြင်းဖြင့် ဈာဉ်သို့ တက်ခြင်း ဖြစ်ပါသည်။ ဤသို့ ဈာဉ်ကို ဖြစ်စေသော သမာဓိသည် လောကီ စိတ်တန်ခိုး သိဒ္ဓိများစွာကို ဖြစ်ပေါ်စေနိုင်သည်။

ဝိပဿနာတွင် အသုံးချရန် အတွက် ထူထောင်သော စိတ္တေကဂ္ဂတာ သမာဓိသည် ဈာဉ်၌ ကြာရှည်စွာ နစ်မျောပြီး သမာပတ် ၀င်စားနေရန် မလိုပါ။ ဤသမာဓိကို ခဏိက သမာဓိဟု ခေါ်ပါသည်။ ပြောင်းလဲနေသော ရုပ်နာမ် ဓမ္မတို့ အပေါ်၌ စူးစိုက်သော စိတ်ဖြင့် ရှုပွားနေစဉ် ဖြစ်သော သမာဓိမျိုး ဖြစ်ပါသည်။ ဤ သမာဓိ သမ္ဗောဇ္ဈင်သည် အခြားသော သမ္ဗောဇ္ဈင် တရားများနှင့် အတူ ၀ိမုတ္တိစခန်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဖြစ်ပေါ်စေနိုင် ပါသည်။

>>> ဆက်ရန်

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။


လေးစားစွာဖြင့်
ဖိုးသား


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP