* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 27, 2009

စကားသာ ကျက်စားရာ ရှိသူတို့သည်...

သဓာယမာနသုတ်

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌
များစွာသော ရဟန်း အပေါင်းနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူ၏။

ထိုအခါ များစွာသော လုလင်တို့သည်
မြတ်စွာဘုရား၏ မနီးမဝေး၌
ပြက်ရယ် ပြောဆိုခြင်း သဘောရှိကုန်လျက် ဖြတ်သန်း သွားကြကုန်၏။

မြတ်စွာဘုရားသည်
မနီးမဝေး၌ ပြက်ရယ် ပြောဆိုသော သဘောရှိသည် ဖြစ်၍
ဖြတ်သန်းသွားကြကုန်သော များစွာသော လုလင်တို့ကို မြင်သည်သာတည်း။

ထိုအခါ မြတ်စွာဘုရားသည်...
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌...

သတိလွတ်ကုန်သော
ပညာရှိယောင်ဆောင်ကုန်သော
စကားသာ ကျက်စားရာ ရှိသူတို့သည်
အလိုရှိသမျှ ခံတွင်းဟ၍ ပြောဆိုတတ်ကုန်၏၊

အရှက်မရှိခြင်း
မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်မှုကို ဆောင်ကြောင်းဖြစ်သော
သတိကင်းလွတ်မှု စသည်ကိုမူ ထိုသူတို့ မသိကြလေကုန် ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

၉ - သဓာယမာနသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။ 49

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP