* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 27, 2009

ဣဿာပုံရိပ်

အောင်မြင်နေရင် ပြစ်ရှာပုပ်ချ
ကိုယ့်ထက်သာရင် ချောက်တွန်းပစ်ချ
အပေါ်ရောက်နေရင် ဝါးနဲ့ထိုးချ
အထက်မှာဟန်ရင် စုံကန်ဆွဲချ
ကျခါနီးရင် နောက်ကတွန်းချ
အောက်ဘက်ဆင်းရင် ဘီးတပ်လှိမ့်ချ
ရှေ့ကိုသွားရင် ခြေထိုးလှဲချ
မျိုးစုံကြံဆ ကျပြီးရင်းကျစေ
ထမရလေမှ ကရုဏာပြ
သြော်… ဣဿာ သဘာဝပါလား…။

မသိသူ ဘုရင်ဖြစ်နေပါစေ
(သိရင်) ငွေတစ်ရာတောင် မသာလေအောင်
ကြံဆောင် မရှုစိမ့် ဣဿာပုံရိပ်
ချိတ်တတ်ကြတာ ဓမ္မတာပေမို့
အရာလုပ်ကာ ထိတ်လန့်နေရင်ဖြင့်
ရှေ့လည်းမတက် အပေါ်လည်းမရောက်
ပြားပြားမှောက်ကာ အောက်ကျပြီးကျ
ကိုယ်စိတ်ဒုက္ခ ထောင်းခါချလို့
သံသရာစက်ဘီးမှာ လည်စင်းသာ ခံပေရော့…။

ဒီလိုမှမဟုတ် ကိုယ့်အလုပ်ကိုယ်လုပ်
အားထုတ်ဆတိုး ကြိုးစားဇွဲသန်
ကြံ့ကြံ့ခံရင်း ဣဿာရပ်ဝန်း
ဇွတ်နင်းကျော်ဖြတ် ရှေ့ကိုပဲ တက်မယ်ဆိုရင်တော့
လိုအင်မှန်သမျှ ပြည့်ဝရပြီး
ကိုယ်ရောစိတ်ပါ ချမ်းသာရပြီပေါ့
သူများဣဿာကိုလည်း လျစ်လျူရှု
ကိုယ့်ဣဿာလည်း အစမထွက်စေဘဲ
အားလုံးကို ၀မ်းမြောက်နိုင်လိုက်တဲ့အတွက်
မုဒိတာစာမေးပွဲအခက်ကြီးကို ဂုဏ်ထူးနဲ့ အောင်ပြီလေ…။
|


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP