* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 27, 2009

ဝစီကံကြောင့် ငရဲမှာ နှစ်ပေါင်းသောင်းချီ...

ဝစီကံတစ်ခုသည် ကြောက်စရာ ကောင်းလှပေသည်...



သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် မှ...

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို...
အသျှင်ဘုရား သုပ္ပဗုဒ္ဓကလူနူသည် လူတကာတို့ထက် ဆင်းရဲရခြင်း အထီးကျန် ရခြင်း ချို့တဲ့ရခြင်း အကြောင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း ဟု လျှောက်၏။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သုပ္ပဗုဒ္ဓလူနူသည် ဤရာဇဂြိုဟ်ပြည်၌ပင် သူဌေးသား ဖြစ်ဖူး၏။ ထိုသူဌေးသားသည် ဥယျာဉ်သို့ ထွက်လတ်သော် (ရာဇဂြိုဟ်) မြို့သို့ ဆွမ်းခံဝင်သော တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါကို မြင်၍ ...


ဤသူသည် အဘယ်သူနည်း?
လူနူသည် လူနူအဝတ်ဖြင့် လှည့်လည်၏ ဟု

ကြံစည်ပြီးလျှင် တံတွေးထွေးကာ အရိုအသေ မပြုဘဲ ဖဲသွား၏။ ထိုသူဌေးသား သည် ထိုကံ၏ အကျိုးကြောင့် အနှစ်အရာ အနှစ်အထောင် အနှစ်အသောင်း တို့ပတ်လုံး ငရဲ၌ ကျရောက်၏။ ထိုကံ၏ အကျိုးကြွင်းကြောင့် ပင်လျှင် ဤ ရာဇဂြိုဟ်ပြည်၌ လူတကာတို့ထက် ဆင်းရဲသော အထီးကျန်သော ချို့တဲ့သော လူနူဖြစ်၏။

ထိုလူနူသည် မြတ်စွာဘုရား ဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကို မှီငြမ်းပြု၍ ယုံကြည်မှု 'သဒ္ဓါ' ကို ဆောက်တည်၏။ စောင့်ထိန်းမှု 'သီလ' ကို ဆောက်တည်၏။ အကြားအမြင် 'သုတ' ကို ဆောက်တည်၏။ စွန့်ကြဲမှု 'စာဂ' ကို ဆောက်တည်၏။ ပညာကို ဆောက်တည်၏။ ထိုလူနူသည် မြတ်စွာဘုရား ဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကို မှီငြမ်း ပြု၍ယုံကြည်မှု 'သဒ္ဓါ' ကို ဆောက်တည်သောကြောင့် စောင့်ထိန်း မှု 'သီလ' ကို အကြားအမြင် 'သုတ' ကို စွန့်ကြဲမှု 'စာဂ' ကို ပညာကို ဆောက်တည်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော တာဝတိံသာနတ်တို့၏ အပေါင်းအဖော်ဖြစ်သော နတ်ပြည်သို့ ရောက်၏။

ထိုသုပ္ပဗုဒ္ဓလူနူသည် ထိုတာဝတိံသာနတ်ပြည်၌ အဆင်းဖြင့် လည်းကောင်း၊ အခြံအရံဖြင့် လည်းကောင်း တစ်ပါးသော နတ်တို့ထက် လွန်၍ တင့်တယ်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''မျက်စိအမြင် ရှိသူသည် လုံ့လဝီရိယ ရှိလတ်သော် မညီညွတ်သော အရပ်တို့ကို ရှောင်ကြဉ်သကဲ့သို့ ဤအတူ သတ္တလောက၌ ပညာရှိသော သူသည် မကောင်းမှုတို့ကို ကြဉ်ရှောင်ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 43

၃ - သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် မှ၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP