ဖန်ဆင်းရှင်...
ကမ္ဘာတွင် ကိုးကွယ်ကြသော ဘာသာ ပေါင်းစုံ ရှိကြပါသည်။ ၄င်းကို အင်္ဂလိပ်အဘိဓာန်၌ Religion ဟု ဖွင့်ဆိုထားပေသည်။ Religion ၏ အဓိပ္ပာယ်ကို Oxford Dictionary တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။
Religion is the belief in the existence of a god or gods.
မြန်မာဘာသာဖြင့် အဆင်ပြေစေရန် ဘာသာပြန်မည် ဆိုလျှင်
ဖန်ဆင်းရှင်နတ်ဘုရားများ၊ ကယ်တင်ရှင် နတ်ဘုရားများ ရှိသည် ဟု ယုံကြည်ခြင်း ဖြစ်ပါသည်။
ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာသည် Religion တစ်ခု မဟုတ်သည်မှာ အသေအချာပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရား ဟောကြားထားသော တရားဒေသနာတော်များတွင် ဖန်ဆင်းရှင် မရှိပေ။ သဘာဝတရားသာလျှင် ရှိပြီး သတ္တ၀ါတို့သည် မိမိတို့ ပြုလုပ်အပ်သော ကံနှင့် ကံ ၏ အကျိုးအတိုင်း ခံစား၊ စံစား နေရပေသည်။
ဤအချက်ကို စဉ်းစားသုံးသပ်ခြင်းအားဖြင့် ဗုဒ္ဓဘာသာတွင် ဖန်ဆင်းရှင် God မရှိဘဲ တခြားဘာသာများတွင် ဖန်ဆင်းရှင် God များ ရှိနေခြင်းသည် ဗုဒ္ဓဘာသာ နှင့် မတူသော အချက်များပင် ဖြစ်ပါသည်။

0 comments:
Post a Comment