* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 15, 2009

နှလုံးလှဖို့ အလှဆုံးသို့(၂)



လမ်းပေါ်သွားရင်လည်း ကောင်းကောင်းမွန်မွန် ဝတ်ပြီးတော့ မသွားရင် အဲဒါ တွေ့သမျှလူအားလုံးကို စော်ကားတာပဲ။ ဒါဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှု၊ ရိုင်းပြမှု၊ စော်ကားမှုတစ်မျိုး ဖြစ်နေတယ်။ဘုရားဟောဝိနည်းတော်ကို လေ့လာကြည့်ရင် ရဟန်းတွေကို “လက်သည်းခွံလောက် ပေါက်နေတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့။ စွန့်ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်၊ ဖာထေးရမယ်လို့ ပြောတာ။ “အနားဖွာတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့၊ ဝတ်တာကြာလို့ အနားလေးတွေ ဖွာသွားရင် ပြန်လုံးပြီးဝတ်ရမယ်တဲ့။(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်-ဆရာတော်ဦးဇောတိက)မှ”အသိတေ ပိတေ သာယိတေ ခါယိတေ သမ္ပဇာန ကာရီဟောတိ“”စားတုန်း၊ သောက်တုန်း၊ ခဲတုန်း၊ လျက်တုန်းမှာ သတိလေးနဲ့ယှဉ်ပြီးတော့ ပြုပါ။“ဘုရားဟောထဲမှာတော့ ရဟန်းတွေအတွက် အသေးစိတ်ဟောထားခဲ့တယ်။ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဆွမ်းလုတ်ကို လုံးလုံးညီညီလေး လုပ်ရမယ်၊ လုပ်ပြီးတော့ သပ်သပ်ရပ်ရပ်ကလေး ပါးစပ်ထဲ ထည့်ရမယ်၊ ပွကြဲပြီး အောက်ကို ပြန်မကျရဘူး။ကိုယ့်ဟာကိုယ် ထမင်းစားတဲ့အခါလည်း လက်နဲ့ဖြစ်စေ၊ ဇွန်းခက်ရင်းနဲ့ဖြစ်စေ စားတဲ့အခါ စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင်ထားပြီးတော့ ထမင်းကို သပ်သပ်ရပ်ရပ်ကလေး ဖြစ်အောင်၊ ဇွန်းသံ၊ ပန်းကန်သံလည်း မကြားအောင်၊ ဘေးကိုလည်း မကျအောင်လုပ်ပြီးမှ ပါးစပ်ထဲကို ရောက်အောင်ထည့်ရမယ်၊ တစ်လုံးမှကျမသွားအောင် ပြန်ထုတ်ယူရမယ်။ဟင်းချိုသောက်တဲ့အခါမှာ ရဟန်းတော်များအတွက် ဘုရားဟောထားတာ ရှိပါတယ်။ ”ရဟန်းတော်များ ဟင်းချိုသောက်တဲ့အခါမှာ ရှရူးရှရူး အသံမမြည်စေနဲ့“ တဲ့။(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်-ဆရာတော်ဦးဇောတိက)မှအစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား (ဘောဇနမတ္တညုတ)ကို ဘယ်လို ဟောသလဲဆိုတော့ မြတ်စွာဘုရားက သူ့သာသနာထဲက သားတပည့်တွေ ရဟန်းသံဃာတော်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးကို ဦးတည်ပြီးဟောခဲ့တာ၊ ဒါပေမယ့် အဆင့်မြင့်လူသား ဖြစ်ချင်သူတိုင်းအတွက် ဒီဟောကြားချက်တွေဟာ အလွန်တန်ဖိုးရှိတယ်။အစားအသောက်စားတဲ့အခါ ဥာဏ်အဆင်အခြင်မပါဘဲ မစားရဘူး။ ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်လျော်သောအားဖြင့် စားရမယ်တဲ့။အစားအစာကို စားတဲ့အခါ(က) ကချေသည် ကျွမ်းသမားတို့လို မြူးထူးပျော်ပါးခြင်းငှာ မစားရဘူးတဲ့။(ခ) မင်းစားသလို၊ မှူးမတ်တွေ စားသလို မာန်ယစ်ခြင်းငှာလည်း မစားရဘူးတဲ့။(ဂ) ပြည့်တန်ဆာမတွေ နန်းတွင်းသူတွေလို ခန္ဓာကိုယ်လှပခြင်းငှာ၊ ခန္ဓာကိုယ် တန်ဆာဆင်ခြင်းငှာ မစားရဘူးတဲ့။(ဃ) လက်ဝှေ့သည်၊ လက်ပန်းသည်၊ နပန်းသမားတွေလို အသားအရေကို ပြည့်ဖြိုးခြင်း၊ တိုးပွားခြင်းငှာလည်း မစားရဘူးတဲ့။မြတ်စွာဘုရားက အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြထားတယ်။(က) ဤကိုယ်တည်တံ့ရန်(ခ) မျှတရန်(ဂ) ပင်ပန်းခြင်းကိုပယ်ဖျောက်ရန်(ဃ) ဆာလောင်မွတ်သိပ်ခြင်းငြိမ်းရန်(င) မြတ်သောအကျင့်ကို ချီးမြောက်ရန် အကျိုးငှာသာလျှင် အစာအာဟာရကို စားသောက်ရမယ်တဲ့၊ ဒီနေရာမှာ မြတ်စွာဘုရားက အစာအာဟာရကို စားသောက်ခြင်းကြောင့် ခံစားမှု ဝေဒနာအဟောင်း၊ ဒါက အစာမစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာကို ပယ်ဖျောက်ဖို့ ရည်ရွယ်ပြီး စားရမယ်။ ခံစားမှု ဝေဒနာသစ်ဆိုတာက အလွန်စားခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာမျိုးလည်း မဖြစ်စေရအောင် ဆင်ခြင်တိုင်းထွာပြီး စားရမယ်။ ဘယ်လိုဆင်ခြင်တိုင်းထွာရမလဲဆိုတော့ ငါ့အား မျှတခြင်းသည် လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဆိုသော ရည်ရွယ်ချက်ထား၍သာ အစာအာဟာရကို စားရမယ်တဲ့။စားဖွယ်(ဘောဇဉ်)၌(၁) ရောင့်ရဲသူ၏အဖြစ် ”သန္တုဋ္ဌိတာ“ရှိရမယ်။(၂) အတိုင်းအရှည်ကို သိသူ၏အဖြစ် ”မတ္တညုတာ“ရှိရတယ်။(၃) စားဖွယ်ဘောဇဉ်ကိုဆင်ခြင်သူ၏အဖြစ် ”ပဋိသင်္ခါဘောဇဉ်“ရှိသူ ဖြစ်ရမယ်။လို့လည်း ဟောတော်မူတယ်။ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၅၇-၁၅၈)” - မှ ထုတ်နှုတ်ကူးယူပါသည်။ဒီအချက်တွေဟာ ဘုရားရှင်ကိုယ်တော်မြတ်က သူ့သားတပည့်သံဃာတွေ လိုက်နာကျင့်ကြံဖို့ ဆုံးမထားတဲ့ ဆုံးမသြ၀ါဒတွေပါ။ ဒါပေမယ့် ပုထုဇဉ်လူသားတွေအတွက်လည်း လိုက်နာရင် လိုက်နာနိုင်သလောက်.. ကျင့်ကြံရင်ကျင့်ကြံနိုင်သလောက် အကျိုးများစေတဲ့ ဆုံးမစကားတွေပါပဲ။ ဒါ့ကြောင့် ရဟန်းသံဃာမှမဟုတ်ပါဘူးနော်.. ဘုရားအဆုံးအမဆိုတာ မည်သူမဆို လိုက်နာကျင့်ကြံနိုင်လေ တန်ဖိုးရှိလေပါပဲ။ ဘုရားရှင်ဆုံးမတဲ့ ဆုံးမစကားတွေကို ရဟန်းသံဃာတော်တွေအတွက်သာ ဆုံးမတယ်ဟု စိတ်ထဲမှာ မထားစေလိုပါဘူး.. ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် လောကီလူ့ဘောင်မှာ ဘုရားအဆုံးအမနဲ့ ထပ်တူနေနိုင်အောင် ကျင့်ကြံစေလိုပါတယ်။ နောက်ပြီး ဒီအကြောင်းအရာတွေ တင်ပေးတယ်ဆိုတာလည်း ရဟန်းသံဃာတော်တွေဟာ ဘယ်လောက်ထိ ကြည်ညိုဖို့ခံထိုက်အောင် ဘုရားအဆုံးအမတွေကို လိုက်နာကျင့်ကြရတယ်ဆိုတာ အများစုသိစေချင်တဲ့အတွက် လည်း ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တလောကလုံးကို အလှဆင်နိုင်ကြပါစေ။
စာရေးသူ။ မောင်ကောင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP