* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 15, 2009

မစၦရိယ(မနာလို၀န္တိုမႈ)


ဝန်တိုခြင်းသဘောသည်“မစ္ဆရိယ”ဖြစ်ပါသည်။မလှူရက်၊မပေးရက်သောသူကိုမစ္ဆရိယရှိသူဟုခေါ်ကြသည်။ မစ္ဆရိယ ရှိသူကား မလှူချင်မပေးချင်မှုမျိုးမဟုတ်၊ သူတစ်ပါးတို့အားမရစေချင်သောသဘောပင်ဖြစ်ပါသည်။ မိမိပစ္စည်းကိုဖြစ်စေ၊အခြားပစ္စည်းကိုဖြစ်စေ၊ဂုဏ်ကိုဖြစ်စေသူတစ်ပါးမရစေလိုသောသဘောကိုသာဝန်တိုမှုမစ္ဆရိယသဘောဟုခေါ်ပါသည်။ မစ္ဆရိယ(၅)မျိုးရှိပါသည်။၎င်းတို့မှာ-
၁။အာဝါသမစ္ဆရိယ=မိမိနေရာ၊ကျောင်း၊အိပ်ရာ၊နေရာ၌၀န်တိုမှု။သံဃာအများနှင့်သက်ဆိုင်သောသံဃိကကျောင်း၊အိပ်ရာ၊နေရာကိုမိမိရသည့်အခါ ထိုကျောင်းသို့အခြားသံဃာတော်များကိုမလာစေလိုခြင်းမျိုးဖြစ်ပါသည်။သို့သော်မကောင်းဆိုးရွားသောရဟန်းများမလာစေလိုခြင်းကားမစ္ဆရိယမဟုတ်ပါ။ဤအာဝါသမစ္ဆရိယရှိသူသည်သေသောအခါထိုကျောင်း၌ပင်ပြိတ္တာဖြစ်နေတတ်သည်။သို့မဟုတ်လျှင်သံအိမ်ငရဲ၌ကျက်ရတတ်ပါသည်။

၂။ ကုလမစ္ဆရိယ=မိမိအမျိုးနှင့်ဒကာဒကာမများကိုဝန်တိုမှု။မိမိဆွေမျိုးကိုဖြစ်စေ၊ဒကာဒကာမမျိုးကိုဖြစ်စေ၊အခြားသံဃာများမလာစေလို၊မဆက်ဆံလိုခြင်းဖြစ်ပါသည်။သို့သော်သဒ္ဓါတရားကိုဖျက်ဆီးမည့်ယုတ်မာဆိုးရွားသောရဟန်းများနှင့်မဆက်ဆံစေလိုခြင်းမှာမစ္ဆရိယမဟုတ်ပါ။ဤကုလမစ္ဆရိယရှိသူသည် မိမိဒကာဒကာမတို့၌သူများဆက်ဆံနေသည်ကိုမြင်တွေ့ရသောအခါ ၀မ်းထဲ၌ပူပူလောင်လောင်ဖြစ်၍သွေးအန်တတ်၏။ဝမ်းလျှောတတ်၏။အူအပိုင်းပိုင်းပြတ်တတ်၏။ နောက်ဘ၀၌လာဘ်လာဘပါးရှားတတ်သည်။

၃။ လာဘမစ္ဆရိယ= ပစ္စည်းလာဘ်လာဘကိုဝန်တိုမှု။သူတစ်ပါးတို့အားပစ္စည်းလာဘ်လာဘမရစေလိုခြင်းဖြစ်ပါသည်။ သို့သော်ရရှိသောလာဘ်လာဘကို မတရားသုံးစွဲမည့်ရဟန်းကိုမရစေလိုဘဲတရားသဖြင့်သုံးစွဲသောရဟန်းတို့ကိုရစေလိုခြင်းမှာလာဘမစ္ဆရိယမဟုတ်ပါ။ ဤလာဘမစ္ဆရိယရှိသူသည်ဘင်ပုပ်ငရဲ၌ကျက်၍ဘင်ပုပ်ကိုစားနေရတတ်၏။

၎။ဝဏ္ဏမစ္ဆရိယ=ကိုယ်အဆင်းဂုဏ်သတင်း(၂)မျိုးလုံး၌၀န်တိုမှု။ မိမိထက်အဆင်းလှမည်ကိုဝန်တိုမှု၊မိမိထက်ဂုဏ်ကြီးမည်ကိုဝန်တိုမှုသည်ဝဏ္ဏမစ္ဆရိယဖြစ်ပါသည်။ဤ၀ဏ္ဏမစ္ဆရိယရှိသူသည်ဘ၀သံသရာဝယ်ရုပ်အဆင်းဆိုးရွားတတ်၏။ဂုဏ်သတင်းလည်းညံ့ဖျင်းတတ်သည်။

၅။ဓမ္မမစ္ဆရိယ=မိမိတတ်သိသောတရား(အတတ်ပညာကိုဝန်တိုမှုဝ။ဓမ္မမစ္ဆရိယရှိသူသည်မိမိတတ်သိသောအတတ်ပညာ၊စာပေပညာ၊လက်မှုပညာ၊နှုတ်မှုပညာများကိုသူတစ်ပါးတတ်သိမှာစိုးသောကြောင့်မေးလာလျှင်ကောင်းမွန်စွာမပြောလိုခြင်း၊ရေးကူးထားသောပညာကိုမပြလိုခြင်း၊စာချသောအခါမိမိလိုတတ်မည်ဆိုး၍အကုန်မပြောလိုခြင်းဖြစ်တတ်သည်။သို့သော်စာပေကိုတတ်ပြီးနောက်ထိုစာကိုမတရားသုံးစွဲမည့်သူ၊ သာသနာကိုဖျက်ဆီးမည့် သူတို့အားပြေမပြခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။

ဤဓမ္မမစ္ဆရိယရှိသူသည်ဖြစ်လေရာဘဝတို့၌အဖျင်းအအဖြစ်တတ်၏။သို့မဟုတ်လျှင်ပြာပူငရဲ၌ကျရတတ်ပါသည်။တစ်ယောက်နှင့်တစ်ယောက်မနာလိုန်တိုမှုများရှိနေလျှင်လုပ်ငန်းတွင်းပြိုင်ဆိုင်မှုများဖြစ်လာပြီးကိုယ်ကိုယ်တိုင်မတိုးတက်သလိုကိုယ်မှာဘဲအကုသိုလ်များတိုးပွားရပါသည်။ “မနာလိုကင်းဝန်တိုရှင်းလက်ငင်းချမ်းသာသည်။” ထို့ကြောင့်မနာလိုဝန်တိုမှုကင်းပြီးအများကို တတ်သိပညာများကိုဖြန့်ဝေနိုင်သောသူတော်ကောင်းသူမြတ်လောင်းများဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
စာရေးသူ futurelife

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP