* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 15, 2009

ချမ်သာလိုချင်ရင် ဒုက္ခနဲ့ရင်း

ကျေးဇူးရှင် သဲအင်းဂူဆရာတော်ကြီးက “အခုလိုဝေဒနာတွေနဲ့ ရင်းပြီး ၀ိပဿနာအားထုတ်နေတဲ့ လူတွေ

ဟာ နောင်မှာ သုခအကျိုးရလိမ့်မယ်၊ အခုချမ်းသာတွေပဲခံစားနေတဲ့သူတွေက နောင်မှာ ဒုက္ခတွေ့လိမ့်မယ်”

တဲ့။ဆိုလိုတာက ၀ိပဿနာအားထုတ်ရင် ဝေဒနာဆိုးတို့ရဲ့ ဖိစီးနှိပ်စက်ခြင်းကို မလွဲမသွေ ခံစားရပါလိမ့်မယ်။

အဲလိုဝေဒနာတွေကို သည်ခံပြီး သဘောဆိုက်အောင် အားထုတ်ရမယ်။ဒါကိုဆိုလိုတာပါနော်။အဲလိုတရားထိုင်

ချိန်မှာ ဒုက္ခတွေရင်းနိုင်တဲ့သူဟာ သုခကိုမြန်မြန်ရပါလိမ့်မယ်တဲ့။နောက် ကျေးဇူးရှင် တော်ကူးဆရာတော်ကြီး

က “ဝေဒနာတွေ့ရင် နောက်မဆုတ်ကြနဲ့နော် ဘုန်ကြီးကတော့ ဝေဒနာနဲ့တွေ့ရင် ငါတော့နိဗ္ဗာန်နဲ့နီးဖို့ တံခါး

တချပ်လှပ်တာပဲလို့ နှလုံးသွင်းပြီး ၀မ်းသာပြီး ရူမှတ်ပါတယ်နော်”တဲ့။ကျေးဇူးရှင် ဆရာတော် ဦးဇောတိက

ကတော့ ” ဝေဒနာဆိုတာ ထလိုက်တာနဲ့ပျောက်သွားမှာပါနော် ဒါလေးကိုခဏ သည်းခံပြီး ဒီဝေဒနာပေါ်မှာ

စိတ်ကဘယ်လို တုန့်ပြန်နေလဲဆိုတာလေးကို စောင့်ကြည့်ပေးပါ ၊ ဒီဝေဒနာဟာ ပြင်ရင်ပျောက်မဲ့ဝေဒနာ

ကိုတောင် ကိုယ်ဘယ်လိုသဘောထားနိုင်လဲဆိုတာသိရတာ ပေါ့ ၊ နောင်မှာ ပြင်ရင် မပျောက်တဲ့ ဝေဒနာ

မျိုးမိမိမှာ ပေါ်ခဲ့ရင် အခုလိုကြိုပြင်တဲ့ အကျင့်မရှိဘူးဆိုရင် အများကြီးနင့်နာနိုင်ပါတယ်”တဲ့။နောက်

စွန်းလွန်းဆရာတော်ဘုရားကြီးက “ဒီနေရာမှာ ခံနိုင်ရင်ခံ မခံနိုင်ရင် လန်ရော၊ ဒါကျော်မှ ငါသာဓုခေါ်

မယ်”တဲ့။အခုလိုဆရာတော်ကြီးတွေရဲ့ အဆိုအမိန့်တွေကို ရေးပြရတာက တစ်ချိန်မှာ ကိုယ်တိုင်ကြုံ

ရတဲ့အခါ ရှေးရှေးသူတော်ကောင်းကြီးတွေ ဘယ်လိုဖြေရှင်းသွားသလဲဆိုတာ သိထားရအောင်လို့ပါ။

သိင်္ခ



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP