* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 28, 2009

စစ်ကိုင်းသင်တန်းကျောင်းတွင်အင်တာနက်တပ်ဆင်ဖြစ်ခြင်း

စစ်ကိုင်းသင်တန်းမှာ အင်တာနက်ရဖို့ကူညီပေးခဲ့သူက ကတော့ ကိုပီကေ ဖြစ်ပါတယ်။ ကိုပီကေ က ဦးဇင်းမွေးနေ့မှာ spurise တစ်ခုလက်ဆောင်ပေးမယ်လို့ပြောခဲ့ပါတယ်။

ဦးဇင်းလည်းကိုပီကေဘာများလုပ်ပါလိမ့်မလဲလို့စဉ်းစားမိပါသေးတယ်။ မွေးနေ့မတိုင်

ခင်နှစ်ရက်အလိုလောက်မှာကိုပီကေ ရောက်လာတယ် ဦးဇင်းမွေးနေ့အတွက်ရောက်ပြီ

ဆိုတဲ့အကြောင်း နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနေ့မနက်ပိုင်းကပဲ စစ်ကိုင်းသင်တန်းက ဦးဇင်း

တွေအင်တာနက်သုံးခွင့်ရဖို့ ပြောဖြစ်ခဲ့ပါသေးတယ်။ ဦးဇင်းအင်တာနက်ကျောင်းမှာရတော့

မယ်ဆိုတာကိုတော့အဲဒီအချိန်မှာမသိသေးဘူးပေါ့။ ဦးဇင်းက အင်တာနက်ဆိုင်မှာ အချိန်ပိုင်း

စက်တွေငှားပြီးသင်မယ်လို့ စဉ်းစားခဲ့တာပါ။ ကိုပီကေ ဦးဇင်းကို IPSTAR လှူတယ်ဆိုတာကို

ပြောလိုက်တော့ဦးဇင်းအတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့စစ်ကိုင်းမှာ

အင်တာနက်သုံဖို့အဲဒီအချိန်မှား တောင်ပေါ်ကနေ မြို့ထဲထိသွားခဲ့ရတဲ့ ဒုက္ခတွေကိုဦးဇင်း

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာ။ အခြားဦးဇင်းတွေ ၊လည်းကြုံတွေ့နေရတယ်။ နောက်ပြီးတော့

အင်တာနက်သုံးမယ်ဆိုရင် အသုံးပြုခွင့်စားရိတ်တွေကလည်းတစ်နာရီကို ၆၀၀ ကျပ်ဖြစ်နေ

ပါတယ်။ တစ်ချို့ဦးဇင်းတွေ အင်တာနက်သွားသုံးမယ်ဆိုရင် နာရီနဲ့ချိန်ပြီးထိုင်ရတဲ့ဦးဇင်း

တွေလည်းရှိနေပါတယ်။ ကော်နက်ရှင်ကမကောင်းတဲ့အချိန်ဆိုရင်လည်းအလကားငွေပေးခဲ့

ရတာတွေလည်းရှိနေတယ်လေ.။ အဲဒီအချိန်မှာကိုပီကေ ကူညီလိုက်တာ တော်တော်လေး

ကို တန်ဖိုးရှိသွားခဲ့တယ်။ ဦးဇင်းတို့အင်တာနက်ကိုအသုံးချပြီတော့ ဓမ္မဖိုရမ်တစ်ခု ဆောင်ရွက်ဖို့ရှိပါတယ်။ ဆရာတော်ကြီးများအကူအညီနဲ့ပါ။ ဆရာတော်ကြီးများကလည်းအား

ပေးကြပါတယ်။ အခုကျောင်းမှာတော့ အင်တာနက်ကိုချိတ်ဆက်တပ်ဆင်ပြီးခဲပါပြီ..

စစ်ကိုင်းသင်တန်းမှသင်တန်းသားများအတွက်အင်တာနက်သင်ကြားပေးနိုင်တော့မှာဖြစ်ပါတယ်။ လိုအပ်သော တပ်ဆင်ခနှင့်ပါက်သက်သည်များကိုလည်းကိုပီကေ မှကိုယ်တိုင် လှူဒါန်းခဲ့ပါတယ်။ လစဉ်ကြေး၊နှစ်စဉ်ကြေးများ ပေးဆောင်ရာတွင် အခက်အခဲမဖြစ်စေရန်

လှူဒါန်းလိုပါကလည်းဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP