* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 28, 2009

ဒီနေ့ရေးဖြစ်တဲ့ကဗျာ

ဘာပဲဖြစ်ဖြစ်ပေါ့လေ
ဖြစ်ချင်တော့
အဲဒီ“ ဘာပဲဖြစ်ဖြစ်ပေါ့လေ”
ဝါကျလေးက အကုန်းလုံးအတွက် လှပါသတဲ့။
ကုသိနာရုံဆင်ဖိုနီရေးရင်းနဲ့
မျက်ရည်တွေကို ရက်ရောမိလို့
ဝါကျတွေက
ဆိုင်းငံ့သွာ့းရတယ်
မပြောမဖြစ်တဲ့သတင်းပေါ့
ဓမ္မဂင်္ဂါကို
အမှောင်ဖုံးလိုက်ပါရဲ့
အလှူခံဌာနဖွင့်လေပြီလားပေါ့။

ဆောရီးပါ
ဒုက္ခိတညနေတွေကိုသာ
ငါထူမပေးခဲ့ရဲ့
ဓမ္မမိတ်ဆွေတွေ လက်ခုပ်တီးကြပေါ့။
မနက်ဖြန်မှာ
ငါပြန်မယ်..။

လှူချင်သူတွေ
ရွာပြန်ကြ
မြို့ပြရဲ့ အပြန်အလှန်ဖိတ်စာနဲ့
အင်းဝမြို့ကြီးပျက်ခဲ့ဖူးလေရဲ့။

ဘုရားရှေ့က ဘီလူးမရုပ်ပေါ်မှာ
ကျောင်းမနေရတဲ့ နွားကျောင်းသားတွေ
ထမင်းလုစားကြပေါ့.။

ရွာပြန်တော့မယ်
လိုက်ခဲ့ကြပေါ့
နာမည်တွေဆီလား
ရွာလေးတွေဆီလား
ဟောဒီ
မပြောမဖြစ်ကလေးတွေရဲ့ ကျောင်းတက်ချိန်တွေဆီလား။

နောက်ဆယ်စုမှာ
ရန်သူပဲဖြစ်ဖြစ်
မိတ်ဆွေပဲဖြစ်ဖြစ်
ချိုချိုခါးခါး“
စိုက်ပျိုးမိသမျှကိုပဲ
နောက်ထပ်ထွန်ယက်မိလေရဲ့.။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP