ဝါပြတ်သော်လည်း ရဟန်း၌ အာပတ်မသင့်ခြင်း (၂၀) ပါး…
(၁) သားရဲတို့ နှိပ်စက်ကုန်သောအခါ။
(၂) မြွေတို့ နှိပ်စက်ကုန်သောအခါ။
(၃) ခိုးသူတို့ နှိပ်စက်ကုန်သောအခါ။
(၄) ဘီလူးတို့ နှိပ်စက်ကုန်သောအခါ။
(၅) ရွာ မီးလောင်သောအခါ။
(၆) ကျောင်း မီးလောင်သောအခါ။
(၇) ရွာသည် ရေမျောသောအခါ။
(၈) ကျောင်းသည် ရေမျောသောအခါ။
(၉) ခိုးသူကြောင့် ဆွမ်းခံရွာ ပြောင်းရွေ့သွားသောအခါ။
(၁၀) ရွာသားများ နှစ်ခြမ်းကွဲသောအခါ။
(၁၁) ရွာသားများ သဒ္ဓါတရားနည်း၍ မကြည်ညိုသောအခါ။
(၁၂) ဆွမ်း မလုံလောက်သောအခါ။
(၁၃) လျောက်ပတ်သော ဘောဇဉ်တို့ကို မရသောအခါ။
(၁၄) လျောက်ပတ်သော ဆေးတို့ကို မရသောအခါ။
(၁၅) သင်တင့်လျောက်ပတ်သော အလုပ်အကျွေးကို မရသောအခါ။
(၁၆) မအပ်သော (၁၀ ပါးသော) အလှူကို လှူသောအခါ။
(၁၇) ၀ါကပ်ရာ၌ အရှင်မရှိသော ရွှေအိုးကို မြင်၍ အကျင့်ပျက်မည် စိုးသောအခါ။
(၁၈) အတူနေသံဃာများ သင်းကွဲသောအခါ။
(၁၉) အတူနေ သံဃာများ သင်းကွဲစေရန် လုံ့လ ပြုသောအခါ။
(၂၀) အတူနေ သံဃာများ သင်းကွဲမည်ကို သိ၍ ဆုံးမသော ငါသည် ဤအရပ်၌ ငါမရှိက သင့်မြတ်မည်ဟု နှလုံးပိုက်သောအခါ။

0 comments:
Post a Comment