သြဂုတ် ၁၇ ဆွမ်းဒါန

ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများအား နံနက် ၁၀ နာရီကျော်တွင် နေ့ဆွမ်းဆက်ကပ်စဉ်
မနက် ၅း၁၀ နာရီ။
အခု ဆွမ်းကပ်နေပါပြီ။ မနက် ၅ နာရီ မထိုးခင် စကပ်ပြီး ခဏအတွင်း သံဃာရော သာမဏေပါ အပါး ၂၀၀ ကျော် အရုဏ် မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးပြီးသွားပါပြီ။ ဆက်လဲ ကြွလာပါဦးမယ်။ ဒီနေ့ ကျောင်းတိုက်များက သီလရှင် ဆရာလေး အပါး ၁၀၀ ကိုလဲ အရုဏ်ဆွမ်းနဲ့ ပဲ၊ ငါးပိ၊ ဆား၊ ဟင်းချိုမှုန့်များ ကပ်လှူဖို့ ပင့်ဖိတ်ထားပါတယ်။
နေ့ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးစီးတဲ့ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်များ ဖြစ်ပါတယ်။ တစ်နှစ်တာ နေ့ဆွမ်းအဖွဲ့က ဒီနေ့ ကပ်လှူတဲ့ ဆွမ်းက ဝက်သား+အာလူးဆီပြန်၊ ကုလားပဲဟင်း၊ ပဲတီချဉ်၊ ငါးဖောင်ရိုးနဲ့ ငရုတ်သီးကြော် ပါ။
ဆွမ်းဆန်နဲ့ ပဲဟင်းကို ကိုဖြိုးနဲ့ ကိုထက်က ပုံမှန် လှူဒါန်းကုသိုလ်ယူပါတယ်။ ဒကာကိုထက်က မနေ့ကလဲ တစ်သိန်းသုံးသောင်းတန် ဆွမ်းပေါင်းအိုးကြီးတစ်လုံး လာလှူသွားတယ်။ ဆွမ်းချက်ရာမှာ လိုအပ်တဲ့ အိုးခွက်ဇွန်းများလဲ အရင်ကတည်းက လာလှူထားပါသေးတယ်။ သံဃာ+သီလရှင် အရုဏ်ဆွမ်းနဲ့ သီလရှင် ဆရာလေးများအတွက် ဆွမ်းချက်ဖွယ်က အဝေးရောက် ဆွမ်းအလှူရှင်တစ်ဦး ဖြစ်ပါတယ်။
ဒီနေ့ ဝေယျာဝစ္စအဖွဲ့က တောင်မြို့ (အမရပူရ)က လာပြီး လုပ်အားဒါန လှူကြပါတယ်။ ဒကာ ကိုဖြိုးနဲ့ ကိုထက်တို့က မန္တလေးကနေ မိုးမလင်းခင် ထ,လာပြီး ဆွမ်းလောင်းလှူပေးနေကြသလို ဝေယျာဝစ္စအတွက်လဲ မြင်းခြံက ဒကာငါးဦးကို ကြိုတင် ပို့ဆောင်ထားပေးပါတယ်။
အမရပူရက မနက်အစောကြီး ထလာပြီး လာပြီး လောင်းလှူ ကုသိုလ်ယူပေးနေတဲ့ ဒကာဝင်းက ...
''သံဃာတော် အရှင်မြတ်တွေကို ပူဇော်နေရတာ အင်မတန် ဝမ်းသာဖို့ ကောင်းတယ်။ မနက် ငါး နာရီလောက် စလောင်းပါတယ်။ ကျွန်တော်တို့ မနက် ၎
နာရီ ထလာကြကယ်။ မနက်ခင်းမှာ လောင်းလှူရတာ တော်တော် ကြည်ညိုစရာ ကောင်းပါတယ်။ သံဃာအပါး ၄၀၀ ကျော်မယ်ခင်ဗျ။ ကျွန်တော်တို့က တောင်မြို့ ရေတွင်းညီနောင်ရပ်နဲ့ တရုတ်တန်းကပါ။ သူငယ်ချင်းတွေ စုလာကြတာပေါ့''
နေ့ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးစီးတဲ့ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်များ ဖြစ်ပါတယ်။ တစ်နှစ်တာ နေ့ဆွမ်းအဖွဲ့က ဒီနေ့ ကပ်လှူတဲ့ ဆွမ်းက ဝက်သား+အာလူးဆီပြန်၊ ကုလားပဲဟင်း၊ ပဲတီချဉ်၊ ငါးဖောင်ရိုးနဲ့ ငရုတ်သီးကြော် ပါ။
ဆွမ်းဆန်နဲ့ ပဲဟင်းကို ကိုဖြိုးနဲ့ ကိုထက်က ပုံမှန် လှူဒါန်းကုသိုလ်ယူပါတယ်။ ဒကာကိုထက်က မနေ့ကလဲ တစ်သိန်းသုံးသောင်းတန် ဆွမ်းပေါင်းအိုးကြီးတစ်လုံး လာလှူသွားတယ်။ ဆွမ်းချက်ရာမှာ လိုအပ်တဲ့ အိုးခွက်ဇွန်းများလဲ အရင်ကတည်းက လာလှူထားပါသေးတယ်။ သံဃာ+သီလရှင် အရုဏ်ဆွမ်းနဲ့ သီလရှင် ဆရာလေးများအတွက် ဆွမ်းချက်ဖွယ်က အဝေးရောက် ဆွမ်းအလှူရှင်တစ်ဦး ဖြစ်ပါတယ်။
ဒီနေ့ ဝေယျာဝစ္စအဖွဲ့က တောင်မြို့ (အမရပူရ)က လာပြီး လုပ်အားဒါန လှူကြပါတယ်။ ဒကာ ကိုဖြိုးနဲ့ ကိုထက်တို့က မန္တလေးကနေ မိုးမလင်းခင် ထ,လာပြီး ဆွမ်းလောင်းလှူပေးနေကြသလို ဝေယျာဝစ္စအတွက်လဲ မြင်းခြံက ဒကာငါးဦးကို ကြိုတင် ပို့ဆောင်ထားပေးပါတယ်။
အမရပူရက မနက်အစောကြီး ထလာပြီး လာပြီး လောင်းလှူ ကုသိုလ်ယူပေးနေတဲ့ ဒကာဝင်းက ...
''သံဃာတော် အရှင်မြတ်တွေကို ပူဇော်နေရတာ အင်မတန် ဝမ်းသာဖို့ ကောင်းတယ်။ မနက် ငါး နာရီလောက် စလောင်းပါတယ်။ ကျွန်တော်တို့ မနက် ၎
နာရီ ထလာကြကယ်။ မနက်ခင်းမှာ လောင်းလှူရတာ တော်တော် ကြည်ညိုစရာ ကောင်းပါတယ်။ သံဃာအပါး ၄၀၀ ကျော်မယ်ခင်ဗျ။ ကျွန်တော်တို့က တောင်မြို့ ရေတွင်းညီနောင်ရပ်နဲ့ တရုတ်တန်းကပါ။ သူငယ်ချင်းတွေ စုလာကြတာပေါ့'' (ဆွမ်းဝိုင်းတွေအနီးမှာ လိုသမျှ ဖြည့်ဆည်းပေးနေတဲ့ ဒကာ ဒကာမများ)
မနက် ၅ နာရီ ၁၀ မိနစ်မှာ အရုဏ် ဘုဉ်းပေးတဲ့ သံဃာ အပါး ၂၀၀ ကျော်သွားပါပြီ။ အရုဏ်ဆွမ်းအတွက် မုန့်ဟင်းခါးကို ငါးကြင်းနဲ့ ချက်ပြီး ငါးဖယ်+ဘဲဥ ထည့်တယ်။
တောင်သာမြို့နယ် ပဒက်ကုန်းကျေးရွာ ရွာဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဦးဝဏ္ဍိတ က
''မုန့်ဟင်းခါးက တစ်ပါးကို နှစ်ပွဲလောက် ဘုဉ်းပေးတယ်။ တော်တော်လေး ဘုဉ်းပေးကြပါတယ်။ စစ်ကိုင်းမှာ တောင်ရိုးဆိုတော့ ဆွမ်းက နည်းနည်း ရှားတယ်လေ။ ဒီမှာ အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်ပြီး နေ့ဆွမ်းပါ ကပ်တော့ အဆင်ပြေတာပေါ့''
လို့ မိန့်ပါတယ်။
''နေ့ဆွမ်းက နောက်ထပ် လာနေတာ အပါး ၁၀၀ လောက် ရှိတယ်။ အခု ဆွမ်းရပ်နေဆဲ အပါး ၁၀၀ ကျော် ရှိတယ်''လို့လဲ ဦးဇင်း ဦးကောဝိဒက မိန့်ပါတယ်။ မနက် ၅ နာရီခွဲသာသာမှာ လောင်းပြီး အပါး ၄၀၀ ကျော်သွားပါပြီ။ တောင်ပေါ်ကျောင်းတွေကနေ ညအမှောင်ထဲ ကြွလာရတဲ့ တစ်ချို့ကိုရင်လေးများနဲ့ ဦးဇင်းတွေက မနက် ၄ နာရီလောက်ကတည်းက ကျောင်းရှေ့ ရောက်နှင့်နေပါတယ်။
မနက် ၅ နာရီ မိနစ် ၄၀
အရုဏ်ဆွမ်း ပင့်ဖိတ်ထားတဲ့ သီလရှင် ဆရာလေးတွေ စ,ကြွလာပါတယ်။
''ဆရာလေးတွေ အတွင်းထဲ ကြွပါလား။ မိုးရွာနေပြီ''
သီလရှင် ဆရာလေး အပါး ၃၀ ခန့် အရုဏ်ဆွမ်း ကပ်အပြီးမှာ မုန့်ဖတ် ထပ်ဝယ်နေတာ ရောက်မလာသေးလို့ ကျန်တဲ့ ဆရာလေးတွေ စောင့်ဆိုင်းနေကြပါတယ်။
မုန့်ဖတ် မလောက်လို့ ထပ်မှာရပါတယ်။ အရုဏ်ဆွမ်း ဆက်ကပ်ပြီးတော့ သီလရှင် ဆရာလေးများကို ငါးပိ၊ ပဲ၊ ဆားနဲ့ ဟင်းချိုမှုန့်များ အပါးစေ့ ကပ်လှူပါမယ်။ အားလုံး ပင့်ဖိတ်ထားတဲ့ ဆရာကြီး ဆရာလေး အပါး ၁၀၀ ပါ။
''မုန့်ဖတ် ရောက်မလာသေးဘူး။ သံပုရာသီးပဲ ပါလာသေးတယ်''
''ဒကာကြီး ရလား''
'မုန့်ဖတ်က မမီဘူး ဖြစ်နေတယ်။ အခု ကိုထက် ကားနဲ့ သွားယူနေပြီ''
အားလုံး ဝိုင်းစီစဉ်နေကြပါတယ်။ မုန့်ဖတ်က ၃၂ ပိဿာ မှာထားတဲ့ကြားက ပြတ်သွားတဲ့အတွက် နောက်ထပ် ၈ ပိဿာ ထပ်မှာရပါတယ်။
အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူပြီးရင် သီလရှင် ဆရာလေးတစ်ပါးကို ငါးပိ အစိတ်သား၊ ဆား ၅၀ သား၊ ဟင်းချိုမှုန့် ၁၀ သား၊ ပဲ နို့ဆီဗူး ၂ ဗူး လောင်းလှူပါမယ်။
''မုန့်ဖတ်ရောက်ပြီ။ သွား...သွား။ အမြန်သွား''
'သီလရှင် ဆရာလေးတွေ နောက်တစ်သုတ် ဘုဉ်းပေးချိန်မှာ ကိုရင်လေးတွေ ဦးဇင်းတွေ အရုဏ်ဆွမ်းအကုန် ဘုဉ်းပေးပြီးသလောက်နီးပါး ဖြစ်ပါပြီ။ သီလရှင် ဆရာလေးတွေ အလှည့်မှာ မုန့်ဟင်းရည် မလောက်လို့ ပြန်ပြုပြင်ရပါသေးတယ်။ ဆရာလေးတွေ ဘုဉ်းပေးနေတုန်း သာမဏေ ၈ ပါး ထပ်ကြွလာတယ်။
အရုဏ်ဆွမ်း ဘုဉ်ပေးအပြီးမှာ သီလရှင် ဆရာလေးများက သံပြိုင် ညီညာစွာ မေတ္တာပို့သတော်မူပါတယ်။ ဆရာလေးများကို အမရပူရက ဝေယျာဝစ္စဒါနရှင်များက ပဲနီ+ငါးပိ+ဟင်းချိုမှုန့်+ဆားထုပ်တွေ လှူဒါန်းဆက်ကပ်ပေးကြပါတယ်။ ပြီးရင် သီလရှင် ဆရာကြီး ၁၀ ပါးကို သီလရှင်ဝတ်ရုံ တစ်ပါး တစ်စုံကျစီ ဆက်ကပ်ပါမယ်။

သီလရှင်ဆရာလေးများအား အရုဏ်ဆွမ်း ဆက်ကပ်စဉ်ဒီနေ့ ဆွမ်းလောင်းအသင်း ဖွဲ့စည်းဖို့အတွက် ကြွရောက်လာမယ့် စစ်ကိုင်းနဲ့ မန္တလေးမြို့က ဆရာတော် ၁၃ ပါးခန့်ကိုလဲ နေ့ဆွမ်း ပင့်ဖိတ်ထားပါတယ်။
ဆွမ်းကပ်လှူဒါန်းခြင်း ပြီးစီးသွားချိန်မှာ သက်တော်ကြီး သီလရှင်ဆရာကြီး ၁၀ ပါး ကို သီလရှင် ဝတ်ရုံများ တစ်ပါး တစ်စုံကျ ဆက်ကပ်လှူဒါန်းပါတယ်။ သီလရှင် ဆရာကြီးများအတွက် ဝတ်ရုံများနဲ့ သီလရှင် အပါး ၁၀၀ စာ လှူဖွယ်ပစ္စည်းများကို သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ Advanced ဒီပလိုမာ စာသင်သား ဆရာလေး မစရဏမဉ္ဖရီက မနေ့ကတည်းက စီမံခန့်ခွဲ ပြင်ဆင်ပေးခဲ့ပါတယ်။

0 comments:
Post a Comment