* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 17, 2009

ဒါနတရားကို နယ်လေးပါး ဖြင့်ပိုင်းခြားခြင်း

ဓမ္မဓရ== ပညာပိုင်း ဆိုင်ရာ တရားတွေ နာရတာ တန်ဘိုးဖြတ် လို့ မရပါဘူး။ထပ်ခါထပ်ခါ နာရလေလေ အသိဉာဏ်တက်လေ ဖြစ်ပါတယ်ဘုရား။ ကိုယ်နားလည် ထားသော်လည်း ပြန်ပြောဘို့ အလွန်ခက်ပါတယ်။ အမှန်သိလိုက်တိုင်း သိလိုက်တိုင်း မြင့်မြင့်လာတယ်လို့ ခံစားရပါတယ် ဘုရား။တပည့်တော် ဉာဏ်က ချဲ့ထွင်ပြီး မသိနိုင်တော့ ဒါနတရားကို နယ်လေးပါးဖြင့် ဆက်လက် ဟောကြားတော်မူပါဘုရား။

ဦးဝိဇယ==(ဒါန) ဟူသော စကားကို ကြားရသိရ သောအခါ( ကောင်းတယ် ) ဟုစိတ်မှာ အထင်အထည် ပေါ်လာသူ များကတစ်စု ၊ (မကောင်းဘူး)ဟု စိတ်မှာ အထင်အထည် ပေါ်လာသူများက တစ်စု ၊ (ဘာမှန်းမသိဘူး) ဟု စိတ်မှာ အထင်အထည် ပေါ်လာသူများက တစ်စု အားဖြင့် ဒါန နှင့်ပတ်သက်ပြီး (၃)စု (၃)ပုံ ဖြစ်ပေါ်နေကြပါတယ်။

ထို(၃)စုထဲတွင် မိမိတို့ စိတ်ထဲမှာ တစ်ခုခု စိတ်မှာ ထင်လာခြင်းကို (အဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

ဒါန-ဟူသော စကား၏ အဓိပ္ပါယ်မှာ စိတ်အစဉ်မှာ ပစ္စည်းကို မှီ ပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း)လက္ခဏာ အမှတ်အသား ဖြစ်ပေါ်နေခြင်းကို (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

(ဒါန)ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း၊စိတ်အစဉ်ဘဲ) ဟုမသိမမြင်ဘဲ(ကောင်းတယ်) ဟူသာ အထင်အထည် နယ်လောက်သာ သိမြင်သော (အဝိဇ္ဇာမာန ပညတ်နယ်) ကို အသိဉာဏ်ဖြင့် မကျော်လွန်နိုင်သော အဝိဇ္ဇာသမားတွေဟာ —ဒါန ကို ထင်သလို လုပ်နေကြပါတယ်။

ဥပမာ=== ကထိန်ဒါန အမည်တပ်ပြီး အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်း စသည်များ ။ရှင်ပြုဒါန အမည်တပ်ပြီး ဝက်သတ်ခြင်း၊ ကြက်သတ်ခြင်း၊ ပွဲငှားခြင်း၊ အရက်သောက်ခြင်း စသည်များ၊ဒါန အမည်တပ်ပြီး သီလတွေ ပျက်နေကြတာ ဗုဒ္ဓဘာသာ လောကမှာ ပြောမကုန်အောင် မြောက်များစွာရှိပါတယ်။

ဒါနကို ကောင်းတယ်ဟု စိတ်မှာ အဝိဇ္ဇာ မာန ပညတ်ထင်လာ တာကို အကြောင်းပြုပြီး အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကို ဖုံးလွှမ်းခံရသောကြောင့် ကောင်းတယ် ထင်တာတွေကို ပြုလုပ်ကာ သာသနာကြီးကို ဖျက်ဆီးနေကြပါတယ်။ ထင်ရာလုပ်ကြတော့ (ပါပသ္မိ ရမတိ မနော=စိတ်သည် မကောင်းမှု မှာပျော်မွေ့၏) ဟုလာသည့်အတိုင်း (စွဲလန်းခြင်း၊ ဆင်းရဲခြင်း)ဟူသော အကုသိုလ် သဘောတွေသာ အဖြစ်များနေကြပါတယ်။သနားစရာ လည်းကောင်းပါတယ်။

ပစ္စည်းကို အမှီပြုပြီး စွန့်လွှတ်ခြင်း ချမ်းသာခြင်း စိတ်အစဉ် မှာ ဖြစ်ခြင်းသည် (ဒါန)ဟု သိထားကြကုန်သော ဝိဇ္ဇာဉာဏ်သမားများမှာ (ဘာဒါန-ညာဒါန) စသောအမည် များကို အရေးမကြီးပဲ စိတ်အစဉ်မှ (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဖြစ်နေအောင်သာ အရေးတကြီး ကြိုးစားကာ ပစ္စည်းများကို သာသနာ အတွက် အကျိုးရှိရှိ အသုံးချ နိုင်ကြပါတယ်။ သာသနာမှာ ဉာဏ်ရှိသူတွေ အလွန်လိုအပ်လှပါတယ်။

စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း စိတ်စဉ်သန္တန် ဟူသော အထင်အထည် ဝိဇ္ဇာမာန ပညတ်နယ် ကိုဒါပဲရှိတယ်–ဟုအဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ)ဟုခေါ်ပါတယ်။ ထိုအဝိဇ္ဇာ ကင်းလိုလျှင် (စိတ်သည်-တစ်စက္ကန့်အတွင်းမှာ ကုဋေ တစ်သိန်း ဖြစ်ပျက်တယ်)ဟူသော ဘုရားတရားကို ထောက်၍ (ထို-ကုဋေတစ်သိန်း သော အစိတ်ထဲမှာမှ တစ်ခုသော ဖြစ်ပျက်သဘောလေးသာ အသက်ရှည်ပါတယ်။)ဟုနားလည် သဘောပေါက်ခြင်း ကို ဝိဇ္ဇာဉာဏ် ဟုခေါ်ပါတယ်။

ထိုဝိဇ္ဇာဉာဏ် ဖြစ်လာလျှင် အစဉ် သန္တန်ပေါ်မှာ အဟုတ်ထင်သော အဝိဇ္ဇာ ချုပ်ငြိမ်းသွားပါသည်။ ဘဝဟူသည် အလွန့် အလွန်တိုကြောင်းကို နားလည်ပြီး သဘောမျှသာ ဖြစ်သော ပစ္စုပ္ပန် ကိုသိလာပါတယ်။

အဝိဇ္ဇာ ၏ အဟုတ်ထင်ခြင်းသည် အလွန့် အလွန် သိမ်မွေ့ပါတယ်။ ကုသိုလ်စိတ်၏ စိတ်သန္တန်မှာ ဘယ်လိုမှ ထင်မရသော ဉာဏ်ဖြင့်သာ သိလို့ရသော ဖြစ်-ပျက်သဘောလေးကို (ဖြစ်-ပျက် နိုင်သော ကိုယ်ပိုင် အနှစ်သာရ ရှိတယ်) ဟု အဟုတ်ထင်နေပြန်ပါတယ်။မြင်နိုင်ခဲပါတယ်။

ထိုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ချုပ်ငြိမ်းစေရန် ထိုဖြစ်ပျက်-သဘောမျှ ရှိသော ကုသိုလ်-ဒါနစိတ်လေးဟာ ယောနိသောမနသိကာရ -အကြောင်းမပါဘဲ လုံးဝ မဖြစ်ပါဘူး။ ဖြစ်-ပျက် နိုင်သောကိုယ်ပိုင် အနှစ်အသား လုံးဝ မရှိပါဘူး။ ကိုယ်ပိုင်စွမ်းအား- အနှစ်သာရများ ကာလသုံးပါးလုံး မှ မပါ-မရှိသော ကြောင့် မူလပျက် အနိစ္စ သဘော – သုညသဘောသာလျှင် ဖြစ်ပါတယ်။

ဒါန-ကုသိုလ်စိတ်သည် ပညတ်(၂)မျိုး၏ မရှိဘဲ ထင်ရုံမျှဖြစ်၍ ဘာမှ မဟုတ်ခြင်းနှင့် သဘော-(၂)ခု၏ ဘာမှ မဟုတ်ခြင်းမှာ လမ်းဆုံးသွားပါတယ်။ ဒါန-ကုသိုလ် ကို အဆင့်ဆင့် အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ ဒါန-ကုသိုလ် ကို အဆင့်ဆင့် ဘာမှ မဟုတ်မှန်းသိမြင်ခြင်းသည် (ဝိဇ္ဇာဉာဏ်)ဖြစ်ပါတယ်ဘုရား။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP