* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 17, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၁)

`ဩ၀ေဒယ် နဳသာေသယ်၊ အသဗၻာ စ နိ၀ါရေယ။
သတံ ဟိ သော ပိယော ဟောတိ၊အသတံ ဟောတိ အပ္ပိယော။

မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုတွေဖြစ်အောင် ဆုံးမ သွန်သင်ရာ၏။ ဒီလို သွန်သင်ဆုံးမသူကို သူတော်ကောင်းတို့က ချစ်နှစ်သက်ပြီး မသူတော်တို့က မုန်းတီးကြ၏၊ (ဓမ္မပဒ)

အသိ အကျင့်ဘက်စုံမြှင့်ပြီး မြန်မာ့သာသနာကျက်သရေဆောင် တိပိဋက ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသရဲ့ ဩ၀ါဒများကို အခန်းဆက် အဖြစ် ဖော်ပြပေးမှာပါ. တရားချစ်ခင် သူတော်စင်တို့ အသိမှသည် အကျင့် . အကျင့်မှသည် ထိုးထွင်းသိသို့ လျှောက်လှမ်းနိုင်ကြပါစေ. ...

တရားနှင့် အကြပ်အတည်း


လောကမှာ လူတွေဆိုတာ ရံဖန်ရံခါ အခက်အခဲ အကြပ်အတည်း တွေ့ရစမြဲပဲ၊
အခက်အခဲအကြပ်အတည်းဆိုသည်မှာတရားမရှိသူအတွက်ဘ၀ကိုပျက်သွား စေတတ်တယ်၊
တရားရှိသူအတွက် ဘ၀ကို တစ်ဟုန်ထိုး တက်သွားစေတယ်။ ။


လောကဓံမုန်တိုင်း


လောကဓံမုန်းတိုင်း သောကအပူတွေဆိုတာ
တချို့ရှောင်လို့ရတယ်၊
တချို့ ရှောင်လို့မရဘူး၊
ရှောင်လို့ရတာကို ရှောင်၊
ရှောင်လို့မရတာကို တရားနဲ့ ကာကွယ်ခုခံ။


တရားရဲ့ အဓိက ကုန်ကြမ်းပစ္စည်း


တရားရဲ့ အဓိက ကုန်ကြမ်းပစ္စည်းဆိုတာ စိတ်ကောင်းလို့ သိကြပါတယ်နော်၊
စိတ်ကောင်းကို သဒ္ဓါတရားကသာ ဖော်ထုတ်နိုင်တာ၊
စိတ်ကောင်းအရင်းအနှီး မရှိရင် ပိုက်ဆံဘယ်လောက်ပေါပေါ
အချိန်ဘယ်လောက်ရရ ပညာရှိတွေ လက်မြှောက်တယ်၊ မတတ်နိုင်ဘူးတဲ့၊
သဒ္ဓါတရားဆိုတဲ့ စိတ်ကောင်းရှိရင် ပညာရှိတွေ ချီးမြှောက်တယ်၊ သူတော်ကောင်းတွေ ချီးမြှောက်တယ်။


ဓမ္မလမ်းကြောင်းပေါ်ကလူ


ဓမ္မလမ်းကြောင်းပေါ်ရောက်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ အချိန်မဖြုန်း ဘယ်တော့မှ
ဘ၀ကို အလကားမဖြုန်း အသုံးဘက်ရောက်အောင် လိမ်မာပါးနပ်စွာ ယူတတ်တယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP