* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 2, 2009

မဟာမင်းထင်ကျောင်းမှ စာသင်သား သံဃာများ ဗလာစာအုပ် အလိုရှိတော်မူခြင်း


စာချဆရာတော် အရှင်ပညာနန္ဒာလင်္ကာရ

မန္တလေး မဟာမင်းထင်တိုက်၊ ဓမ္မဒီပ ကျောင်းမှာ

နံနက် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ အခြေခံသဒ္ဒါ စာဝါ သံဃာ (၃၀၀)

ညနေ၄း၀၀ နာရီမှ ၅း၀၀ နာရီ ပါရာဇိကဏ် စာဝါ သံဃာ(၁၀၀)ကျော်

ည ၇း၀၀ နာရီမှ ၈း၀၀ နာရီ အခြေခံသဒ္ဒါစာဝါ

တစ်ရက်သုံးကြိမ်ပို့ချပေးနေပါတယ်။

စာသင်သားသံဃာတော်များ စာအုပ်၊ ဘောပင်မပြည့်စုံပါ။ သံဃာတော်များ ဖြစ်တဲ့အတွက် စားပွဲ ကုလားထိုင်မရှိ၊ ကြမ်းပေါ်မှာ နေကထိုင်ခင်း, ဒူးတုပ်ပြီး စာဝါလိုက်နိုင်သော်လည်း မရှိမဖြစ်တဲ့ ဗလာစာအုပ် ဘောပင်များ လိုအပ်နေပါတယ်။

စာချဘုန်းကြီးတစ်ပါးဟာ ပိဋကတ်သုံးပုံ ပါဋ္ဌိ၊ အဋ္ဌကထာ၊ ဋီကာ. နိဿယ ကျမ်းစာအုပ်များစွာ လိုအပ်ပါတယ်။ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာအုပ်များလည်းလိုအပ်ပါတယ်။

စာချကိုယ်တော်အတွက် လိုအပ်သော စာအုပ်များက

တိပိဋက ပါဋ္ဌိပဒ ကျမ်းညွှန်း၁။ ၀ိညတ္တိ-သင်္ဂါဟက၂။ သင်္ဂါဟက - သဠာရမ္မဏ၃။ မဟာနိပါတ်ဇာတ် အဋ္ဌကထာ - နိသျ(ပ၊ဒုတ)၄။သဂြိုဟ်ဋီကာ နိဿယ၅။ ပရမတ္ထသံခိပ်ဋီကာ
ယနေ့အချိန်အထိ လိုအပ်သော စာအုပ်များစွာအထဲက လက်ရှိလိုအပ်သောစာအုပ်များ ဖြစ်ပါတယ်။

မဟာမင်းထင်တိုက်၊ ဓမ္မဒီပကျောင်းမှာ စာချပေးနေတဲ့ ဆရာတော်က ဦးပညာနန္ဒာလင်္ကာရ ဖြစ်ပါတယ်။ ပရိယတ္တိသာသနာလင်္ကာရ၊ သာမဏေကျော်(သကျသီဟ)၊ သာသနဓဇဓမ္မာစရိယ၊ ၀ိနယ၀ိဒူ ဘွဲ့များ ရရှိထားပါတယ်။

စာချသံဃာများအတွက် အထူးလိုအပ်တဲ့ အထက်ပါ သင်ရိုး နိကာယ် အဌကထာ စာအုပ်များ၊ စာဝါလိုက် သံဃာများအတွက် ဗလာစာအုပ်နဲ့ ဘောပင်များကို ပရိယတ္တိ သာသနာတော် အကျိုးငှာ လှူဒါန်းကြပါရန် စေတနာရှင်များအား တိုက်တွန်း နှိုးဆော်အပ်ပါတယ်။

သံဃာများ စာဝါလိုက်ချိန်မှာ အအေးများ ဆက်ကပ်လိုပါကလည်း ကပ်လှူနိုင်ကြပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP