* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 13, 2009

ဓမ္မပုံပြင် ( ၃၃ )

( ငွေမဟုတ်ဘူး မြွေ )

သာဝတ္ထိမြို့ပြင်ဘက်နားက လယ်ကွက်ထဲတွင် နံနက်စောစော ဝေလီဝေလင်းချိန်၌ လယ်သမားတယောက် လယ်ထွန်ရန် ပြင်ဆင်နေသည်။ ဘုရားရှင်သည် ယနေ့နံနက်စောစော၌ ကယ်ချွတ်ရမည့် ဝေနေယျတို့ကို ကြည့်တော်မူရာတွင် ထိုလယ်သမား၏ သောတာပန်ဖြစ်နိုင်ပုံကို၎င်း။ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာကို၎င်း။ မြင်တော်မူလေသည်။ ထို့ကြောင့် အသက်ကို ကယ်ဆယ်နိုင်ရန် အရှင်အာနန္ဒာကို အဖော်ခေါ်၍ ထိုလယ်တောသို့ ကြွတော်မူလေ၏။

လယ်သမားလည်း မကြွစဖူး ကြွရောက်လာသော မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာကို အံ့အားသင့်စွာ လက်အုပ်ချီ၍ ကန်တော့လိုက်သည်။ ယမန်နေ့ညတုန်းက ခိုးသူတစုသည် မြို့တွင်းမှ ပစ္စည်းဥစ္စာရတနာတို့ကို ခိုးယူလာကြ၍ ထိုလယ်တောတနေရာတွင် ဝေစုခွဲကြကုန်၏။ ညမှောင်မည်းမည်းတွင် ငွေတထောင်ထုပ်တခု မဝေမိဘဲ ကျန်ရစ်ခဲ့ကြသည်။

ထိုနေရာအနီးသို့ မြတ်စွာဘုရား ကြွသွား၍ လက်ညှိုးညွှန်တော်မူကာ မြင်ရဲ့လား အာနန္ဒာ-အဆိပ်ထန်တဲ့ မြွေကြီး-ဟု မိန့်တော်မူရာ မြင်ပါသည် အရှင်ဘုရား၊ အဆိပ်ထန်တဲ့ မြွေကြီး-ဟု ဖြေတော်မူလေ၏။ ထို့နောက် ရှင်တော်ဘုရားနှင့် အရှင်အာနန္ဒာတို့ ပြန်ကြွသွားကြသည်။

လယ်သမားလည်း -ငါ့လယ်ထဲမှာ ရှိနေတဲ့ မြွေကြီးကို တော်ရာသွားအောင် ဖယ်ရှားပစ်မယ်-ဟု စိတ်ကူးဖြင့် သွားရာ ငွေထုပ်ကြီး ဖြစ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်၍ လောဘရမ္မက် အစွယ်ထွက်ကာ ငွေထုပ်ကြီးကို ယူပြီးလျှင် တနေရာတွင် ရွှေ့၍၀ှက်တော့၏။

ပစ္စည်းရှင်တို့က ခြေရာခံ၍ လိုက်လာကြရာ ၀ှက်ထားသော ငွေထုပ်ကြီးကို တွေ့သွားကြသည်။ သို့ဖြစ်၍ အနီးတွင်ရှိသော လယ်သမားကို ဖမ်းကာ နန်းတော်သို့ ပို့ကြတော့၏။ ဘုရင်က သေမိန့်ချသည့်အတွက် ရိုက်နှက်ခေါ်သွားရာ နာကျင်လွန်းလှသဖြင့် ထိုလယ်သမားကို-ဒါကြောင့် မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာတို့က ပြောတာကိုး။ အဆိပ်ထန်တဲ့ မြွေကြီး၊ အဆိပ်ဖန်တဲ့ မြွေကြီး-တဲ့။

ဤသို့ ထပ်တလဲလဲ ညဉ်းတွားနေသဖြင့် သက်ဆိုင်ရာတို့က နန်းတော်သို့ ပြန်ပို့၏။ သေချာစွာ စစ်မေးပြီး အကျိုးအကြောင်း သိရသဖြင့် အသက်ချမ်းသာရာ ရလေ၏။ ဤသို့လျှင် မြတ်စွာဘုရားက-ငွေ မဟုတ်ဘူး၊ မြွေ-မြွေ-တဲ့။ ဤငွေသည် မြင်သူတိုင်းအား လောဘရမ္မက် အဆိပ်တက်စေသည်။ ယခု လယ်သမားကို အဆိပ်တက်စေ၍ မြွေကြီးသဖွယ် ပြန်၍ပေါက်လေပြီ။ ပုထုဇဉ်သားမှန်သမျှကို ဒုက္ခပေးနိုင်လေသည်။
ကျမ်းကိုး။ ဓမ္မပဒ။

(အောင်အောင် )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP