* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 13, 2009

စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏...

သဇ္ဈာယသုတ် - (စီးဖြန်းခြင်း၊ သရဇ္ဈယ်ခြင်း)

အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထိုရဟန်းသည် ရှေးက သရဇ္ဈာယ်ခြင်းများသည်ဖြစ်၍ အချိန်ကြာမြင့်စွာ နေခဲ့ပြီးမှ နောက်အခါ၌ ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေလျက် ဖလသမာပတ် ချမ်းသာဖြင့် ကာလကို လွန်စေ၏၊

ထိုအခါထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်း၏ သရဇ္ဈာယ်သော တရားတော်ကို မကြားရသည် ဖြစ်၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''ရဟန်း အဘယ့်ကြောင့် သင်သည် တရားတော်တို့ကို မသရဇ္ဈာယ်သနည်း၊ ရဟန်းတို့နှင့် ပေါင်းဖော်သောသူသည် တရားကို နာရသောကြောင့် မျက်မှောက် ဘဝ၌ ကြည်ညိုခြင်းကိုလည်းရပါ၏၊ ချီးမွမ်းခြင်းကိုလည်း ခံရပါ၏'' ဟု လျှောက်၏။

''ငါတို့သည် အရိယမဂ်သို့ မရောက်သေးမီ ရှေးအခါက တရားတော်တို့၌ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ဆန္ဒဖြစ်ပေါ်ခဲ့ပြီ၊ အရိယမဂ်သို့ ရောက်ပြီးသော အခါ၌မူကား မြင်အပ် ကြားအပ် တွေ့ထိအပ်သော တရားအားလုံးကို သိ၍ စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏'' ဟု မိန့်ဆို၏။ 230

၁ဝ - သဇ္ဈာယသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP